Question Mark

Question Mark

Share

Travels review, Restaurant guide, discover new cultures

Visit TikTok to discover videos! 21/10/2024

😂

Visit TikTok to discover videos! Watch, follow, and discover more trending content.

30/08/2023

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော်လှိုင်သာယာဘက်ကအဆောင်မှာနေခဲ့ဖူးတယ်။
နယ်ကတက်လာတဲ့ ကျနော့်အတွက် စျေးသက်ရာနေရာလည်းဖြစ်၊ အလုပ်နဲ့လည်းနီးတော့ လှိုင်သာယာ က နေလို့အဆင်ပြေဆုံးနေရာပါပဲ။အဲသည်တုန်းက လှိုင်သာယာဘက်မှာဆိုင်ကယ်တွေလည်း စီးနှင်ခွင့်ရှိနေသေးတာဆိုတော့ ကျနော်အလုပ်ကိုဆိုင်ကယ်နဲ့ပဲ အသွားပြန်လုပ်တယ်။

ကျနော့်အဆောင်က အောင်ဇေယျကြိုးတံတားအောက်ဘက်မှာရှိတဲ့ ရပ်ကွက်ထဲမှာပါ။ ကျနော် ရုံးဆင်းလို့ အိမ်ပြန်တိုင်း ညနေဘက်ဆိုရင်ကြိုးတံတားအဆင်းက သုံးထိပ်စျေးကိုဖြတ်ပြီးပြန်ရတယ်။ စျေးဝယ်မယ်ဆိုရင်လည်း ဆိုင်ကယ်ကိုလမ်းဘေးမှာထိုးရပ်ပြီး သုတ်သုတ်ပျာပျာဝယ်ရတာပေါ့။

သည်လို ဖြတ်သွားဖြတ်လာလုပ်ရင်း တစ်နေ့မှာတော့ စျေးအမှိုက်ပုံဘေးမှာရောင်းနေတဲ့ အသီးသည်အဖွားကို ကျနော်သတိထားမိသွားတယ်။ ဘာလို့လည်းဆိုတော့ အဲသည်အဖွားက နနွင်းတက်ထည့်ပြီးမီးရှို့ထားတဲ့ နို့ဆီခွက်လေးကို ဘေးမှ အမြဲချထားတတ်လို့ပါပဲ။ ဆိုင်ကယ်ပေါ်က လှမ်းကြည့်လိုက်တာနဲ့ မီးခိုးတအူအူထွက်နေတဲ့ နို့ဆီခွက်လေးကို အဖွားနဲ့အတူလှမ်းမြင်ရတယ်လေ။ (နောက်အဖွားနဲ့ခင်သွားတဲ့အခါမေးကြည့်တော့ နနွင်းမီးခိုးငွေ့က ဆေးဖက်ဝင်ပြီး ခြင်ပြေးလို့ထားထားတာတဲ့)

အဲသည်အဖွားက အသက်တော်တော်လေးကြီးနေပါပြီ။ ပိန်ပိန်သေးသေးနဲ့ နုံချာချာလေးရယ်။ အရောင်လွှင့်နေတဲ့ အညာဖလံထည်နီညိုရောင်အင်္ကျီလေးကို အမြဲဝတ်ထားတတ်တယ်။ ပုံစံက စားဝတ်နေရေးအပူမီးတွေလှောင်မြိုက်နေရတဲ့ပုံလို့ထင်ရပေမဲ့ မျက်နှာကလေးကတော့ အေးချမ်းလို့ပါပဲ။

အဖွားရောင်းတဲ့အသီးတွေက စျေးချိုတဲ့ရာသီပေါ် အသီးလေးတွေ။ မလကာသီး၊ နာနတ်သီး၊ ထောပတ်သီး၊ လိမ္မော်သီးနှင့် တခြားပန်းသီးသေးသေးလေးတွေပေါ့။ များများစားစားရယ်လည်းမဟုတ်ပါဘူး။ ဇကောဝိုင်းထဲ ပြည့်ရုံပါပဲ။

ကျနော်က အဖွားကိုသနားလို့ အမြဲတမ်းသူ့ဆီက အသီးလေးတွေဝယ်ပေးတတ်တယ်။ ဝယ်တိုင်းလည်း နောက်ရက်အထားမခံတော့တဲ့ အသီးလေးတွေကို ကျနော်ရွေးယူပေးလေ့ရှိတယ်။ တချို့အသီးတွေဆို အထဲမှာပုပ်နေလို့ စားမရတာတွေလည်းပါတာပေါ့။ ကျနော်နေ့တိုင်း နွမ်းနေတဲ့အသီးတွေကိုပဲ ရွေးဝယ်တော့ အဖွားကျနော့်ကို သတိထားမိတဲ့ပုံပါပဲ။

ဝယ်ပြီးပြီဆိုရင် အသီးကောင်းလေးတစ်လုံးအမြဲကျနော့်ကို ကျွေးတတ်တယ်။ လိမ္မော်သီးတို့၊ ပန်းသီးတို့ပေါ့။ ကျနော်က မယူပါဘူးအဖွားရယ်လို့ ငြင်းတဲ့ အခါ အဖွားက

" ချစ်လို့ကျွေးတာ ... စားပါသားရယ် " တဲ့လေ။

သည်စကားလေးကြားတော့ ကျနော်ကြည်နူးစွာပြုံးလိုက်မိတယ်။ဘယ်လောက်တောင် နားဝင်ပီယံချိုလိုက်သလဲနော်။ ကျနော့်ဘဝတစ်လျှောက်လုံးမှာ အဲသည်စကားကို အဖွားဆီက ပထမဆုံးကြားဖူးတာပဲ။ နုတ်နဲ့တင်မက အပြုသဘောနဲ့ပါ ကျနော်ဆီစီးဆင်းလာတဲ့ အဖွားရဲ့ ချစ်ခြင်းမေတ္တာပဲမဟုတ်လား။

အဲဒီနေ့ကစပြီးအမြဲလိုလို အဖွားဆီက အသီးနွမ်းလေးတွေ ကျနော်ဝယ်ဖြစ်တယ်။ ဝယ်တိုင်းလည်း အဖွားက လတ်ဆတ်တဲ့ အသီးတစ်လုံးကို ကျနော့်ကို မပြတ်ကျွေးတယ်။ ကျနော်ငြင်းတိုင်းလည်း ချစ်လို့ကျွေးတာပါလို့ အမြဲပြောလေ့ရှိတာပေါ့။

သည်လိုနဲ့ ကိုဗစ်တွေ ဖြစ်တဲ့အခါကျနော် လှိုင်သာယာအဆောင်ကနေ မြို့ထဲဘက်မှာပြောင်းနေလိုက်တော့ အဖွားနဲ့လည်းမတွေ့ဖြစ်တော့ဘူးပေါ့။

ကိုဗစ်တွေငြိမ်သွားတဲ့အခါ မှတ်မှတ်ရရ ကျနော်အဲသည်စျေးကို တစ်ခေါက်သွားခဲ့ပါသေးတယ်။
အဲသည်နေရာမှာ စျေးလည်းမရှိတော့ဘူး။ အမှိုက်ပုံနေရာလေးမှာအဖွားကိုလည်း မတွေ့ရတော့ပါဘူး။ အဖွားသက်ရှိထင်ရှားရှိသေးရဲ့လား၊ ကိုဗစ်မှာပဲ ရှုံးနိမ့်သွားခဲ့ရသလားလို့တွေးမိတော့ ရင်ထဲ အတော်လေးမကောင်းဖြစ်သွားတယ်။

တကယ်တော့သည်အဖွားနဲ့ကျနော်ဟာ ဖြတ်သွား ဖြတ်လာ လမ်းကြားလေးတစ်ခုမှာ ဖြိုးခနဲ ဖြတ်ခနဲ ဆုံတွေ့ခဲ့ရုံလေးပါပဲ။ ချစ်ခြင်းမေတ္တာစိတ်ကြောင့်သာ အမှတ်တရဖြစ်ခဲ့တာထင်ပါရဲ့။ အဖွားအကြောင်းတွေးမိတိုင်းချစ်လို့ကျွေးတာဆိုတဲ့ စကားလေးသံလေးကို ကျနော်ကြားယောင်မိတုန်းလေ။

အခုဆိုရင် ကျနော့်ထံမှာ အဲဒီစကားသံလေး
ပျောက်ဆုံးနေခဲ့တာ ကြာရောပေါ့။

တစ်နေ့က ကျနော် YBS 23 ကားကိုစီးပြီး မြို့ထဲကိုသွားခဲ့တယ်။

လမ်းခုလတ်မှတ်တိုင်တစ်နေရာမှာ အသက် ၈ နှစ် ၉နှစ်အရွယ်ကလေးမလေးတစ်ယောက် တခြားခရီးသည်တွေနဲ့ ရောပြီး ကားပေါ်ကို ကပျာကရာပြေးထက်လာတယ်။ ကြုံနေကြကလေးတွလို စာအိတ်လိုက်ကမ်းပြီး ပိုက်ဆံတောင်းမယ့်ကလေးလို ထင်လိုက်ပေမဲ့ တကယ်တော့ ကလေးမလေးက သူ့လက်ထဲက ဖရဲသီးခြမ်းလေးကို လိုက်ရောင်းတာပါ။ အိတ်အကြည်ရောင်ထဲ ထည့်ဆွဲထားတဲ့ ဖရဲသီးခြမ်းက ခပ်သေးသေးပါပဲ။ ခွဲထားတာကြာလို့ အသားတွေတောင် နည်းနည်းရိချင်နေပါပြီ။ တစ်ယောက်ယောက်ကများ သူ့ကိုကျွေးလိုက်သလား ကျနော်တွေးမိလိုက်သေးတယ်။

ကလေးမလေးက ဖရဲသီးခြမ်းလေးကို ငါးရာပဲပေးပါ ဆိုပြီး လူပေါက်စေ့ကိုလိုက်ရောင်းတယ်။ တစ်ယောက်မှ မဝယ်တဲ့နောက်ဆုံးမှာတော့ ဘေးကလွှတ်နေတဲ့ ခုံမှာ စိတ်ပျက်လက်ပျက်လာထိုင်ပြီး
ရှေ့ခုံမှာ ထိုင်နေတဲ့ အသက် ၂ဝ လောက်အရွယ်ရှိတဲ့ ကောင်မလေးတစ်ဦးကို သူ့ဖရဲသီးခြမ်းကိုပေးလိုက်တယ်။

" မမ စားလိုက်ပါနော်... ပိုက်ဆံပေးစရာ မလိုဘူးတဲ့ "

ကောင်မလေးကလည်း ကြောင်အမ်းအမ်းဖြစ်ပြီး သူ့ကို ပြန်ပေးတာပေါ့။ အဲဒီအချိန်မှာ ကလေးမလေးက ပြောလိုက်တယ်။

" စားလိုက်ပါ မမရယ်... မမကို ချစ်လို့ ကျွေးတာပါ " တဲ့လေ။

ကောင်မလေးက

" အိုး ...."

လို့အာမေဋိတ်သံထွက်သွားပြီး ကြည်ကြည်နူးနူးပြုံးလိုက်တာ ကျနော်တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျနော်အပြင် ဘေးက လူတွေပါ လိုက်ပြုံးလိုက်မိတော့တာပါပဲ။ ကောင်မလေးက ကပျာကရာပဲ သူ့အိတ်ထဲက ပိုက်ဆံ တစ်ထောင်ကို ထုတ်ပြီးကလေးမလေးကို မုန့်ဖိုးပေးလိုက်လေရဲ့။

ကလေးမလေးလည်းပျော်လို့ ကောင်မလေးလည်း ကြည်နူးလို့ သိပ်ကို ချိုမြိန်တဲ့အခိုက်တန့်လေးတစ်ခုဖြစ်လို့သွားပါတော့တယ်။

ကျနော်ကတော့ ချက်ချင်းဆိုသလို လှိုင်သာယာကအသီးကျွေးတဲ့ အဖွားရဲ့ စကားသံကိုပြေးပြီး သတိရလိုက်မိလေရဲ့။ ရင်ထဲမှာလည်းလွမ်းဆွေးဆွေးကြီးဖြစ်လို့ပါပဲ။ ကျနော်ဝန်းကျင်မှာ ချစ်ခြင်းမေတ္တာတွေ ပျောက်ကွယ်နေခဲ့တာ သိပ်ကိုကြာခဲ့ပြီထင်ပါရဲ့။

တချိန်ကျရင်တော့ ကျနော်လည်း သည်စကားလေးကို တစ်စုံတစ်ယောက်ကို စိတ်လိုလက်ရပြောကြည့်ပါဦးမယ်။ ပြီးတော့ တစ်စုံတစ်ယောက်က ကိုယ့်ကို ပြောလာမယ့်စကားကိုလည်း စိတ်လိုလက်ရ နားထောင်ကြည့်ချင်ပါသေးတယ်။

" ချစ်လို့ ... ပေးတာ "

"ချစ်လို့ ...ကူညီတာ "

"ချစ်လို့ ... ကျွေးတာ " စသဖြင့်ပေါ့။

ဘယ်လောက်တောင် နားဝင်ပီယံချိုနေလိုက်မလဲနော် ....။

ညီလေးငယ်
သြဂုတ် ၊၂၀၂၃ ။

01/11/2022

SAD ENDING ?? 😬

Want your business to be the top-listed Media Company in Dubai?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Dubai
0000