Trade in Aussie
YOU WILL NEVER WALK ALONE!!!🇦🇺
28/02/2026
28/02/2026
Auto electrician!!!
🇦🇺
17/10/2025
သဘာဝနဲ့ ထိတွေ့ခြင်း!!!🍀
🇦🇺 ゚viralシfypシ゚viralシalシ
28/09/2025
ဩဇီဟာ mining အလုပ်ကိုင်တွေပါများတယ်ဆိုပီး
နမည်ကြီးပါတယ်။
ပုံမှန်အားဖြင့် ကျွန်တော်တို့လို mechanic တွေဆို
ရွေးချယ်စရာ အဓိက ၂ နေရာရှိပါတယ်။
အဲ့တာကတော့ metro-basedလို့ ခေါ်တဲ့
မြို့ပြနဲ့အနီးတစ်ဝိုက်နေရာရယ်
Regionals Areaဆိုတဲ့ မျက်လုံးထဲ မြင်သာအောင်ပြောရရင် မြို့ပြနဲ့ ဝေးတဲ့နေရာရယ်ပေါ့။
Miningအလုပ်တွေကို ဒီဘက်မှာ FIFO( Fly In Fly Out)/ DIDO ( Day In Day Out )ဆိုပီး
သတ်မှတ်ထားကျတာတွေ ရှိပါသေးတယ်။
FIFOမှာမှ roster types ဆိုပီး ထပ်သတ်မှတ်ကျပြန်ပါတယ်။
အဲ့တာတွေကတော့ 8:6/ 4:2/ 2:2/ 2:1/ 5:2စသဖြင့်
မိမိ ကြိုက်နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်။
နောက်ပီး Mining job တွေကို Mining company ကြီးတွေအပြင် တခြား Sub-contractor လိုမျိုး company တွေမှာလည်း ရှာဖွေလျှောက်ထားနိုင်ပါတယ်။
ခုပြောပြတာတွေက ဩဇီက mining အလုပ်တွေနဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းရာလေးတွေပါ။
နောက်မှ လိုအပ်တဲ့စာရွက်စာတမ်းတွေက အစ
အသေးစိတ် sharing လုပ်ပေးပ့မယ်။
နောက်ဆုံး တစ်ချက်အနေနဲ့
ဩဇီက ကျွန်တော်တို့လို စက်ပြင်တွေကို
Trade person လို့ သုံးနှုန်းပါတယ်။
အဲ့တော့ Tradiesပဲ ဆိုကျပါစို့!!!
ဩစတေးလျ mining တနေရာ…
08/02/2025
Australia ကို အလုပ်နဲ့ Visa Sponsor ရဖို့
ရှာထားတာလေး နမူနာ ပြတာ..
ပေးချင်တဲ့ messageက ဘယ်နိုင်ငံကနေဖြစ်ဖြစ်
ရှာလို့ရတယ်ဆိုတာ သိစေချင်တာပါ။
ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေကို
အားသာချက်ဖြစ်အောင် ပြောင်းလဲပီး
Australia မှာ အလုပ်ရပါစေကြောင်း!!!
🙏🏻
08/02/2025
အလုပ်ရှာထဲ website တွေထဲကမှ SEEK ဒီ applicationကိုတော့ တော်တော်လေး သဘောကျတယ်။
အထူးသဖြင့် AUဘက်ကို လျှောက်တဲ့အခါ
တဖက် employerဘက်က အဆင်ပြေရင်ပြေတဲ့အကြောင်း မခေါ်နိုင်ရင်လည်း မခေါ်နိုင်သေးတဲ့အကြောင်း mail ပြန်ပို့တယ်။
ခုပြောပြချင်တာက ကျွန်တော်သုံးခဲ့တဲ့
အလုပ်ရှာပုံရှာနည်းလေးပါ။
ပီးတဲ့ခဲ့ ရက်ပိုင်းက AUမှာ အလုပ်လုပ်နေတဲ့သူတချို့
Sharingလုပ်ထားတာ တခုရှိတယ်
Mining company ကြီးတခုက vacancy အများကြီးနဲ့
အလုပ်ခေါ်နေတယ် လျှောက်ကျပါဆိုပီး..
Company websiteကနေ လျှောက်တာလည်း
ကောင်းပါတယ်..
ခုက company websiteကနေမဟုတ်ပဲ applicationကနေတစ်ဆင့် လျှောက်ပုံလျှောက်နည်းလေးပေါ့။
ခုပြထားတဲ့ applicationကိုဝင်ရင် အရင်ဆုံး
Registered လုပ်ပါ ပီးရင် SingIn လုပ်ပါ။
ကိုယ့်ရဲ့ profileကို သေချာဂရုတစိုက်လေး
ပြင်ဆင်ဖို့လိုပါတယ် ဘာလို့လည်းဆို employerတွေ
အလုပ်ချိတ်ပေးတဲ့ Agent တွေ ဝင်ကြည့်တတ်လို့ပါ။
Summary/ Resume/ Skills စတာတွေကို
သေချာလေး ပြင်ဆင်ပါ။ ပီးရင် uploadလုပ်ပါ။
ကျွန်တော် နမူနာအနေနဲ့ အလုပ်ရှာပြထားပါတယ်..
ကိုယ်ကျွမ်းကျင်တဲ့အလုပ်မှန်သမျှ ဉာဏ်စွမ်းရှိသလောက် position မျိုးစုံရေးပီးရှာနိုင်ပါတယ်..
ကျွန်တော်က ကားကြီးပြင်နေတာမို့..
-TRUCK TECHNICIAN
-HEAVY TRUCK MECHANIC
-HEAVY VEHICLE MECHANIC
-HEAVY TRUCK TECHNICIAN
-DIESEL MECHANIC စတဲ့ စတဲ့ position တွေနဲ့
ရိုက်ရှာတဲ့အခါ သူနဲ့ သက်ဆိုင်တဲ့ Jobsတွေကျလာပါတယ်..
နောက်တခုက ကိုယ့် profile မှာရှိတဲ့ skills နဲ့ position ပေါ်မူတည်ပီးလည်း application ဘက်ကနေ
Recommendedဆိုပီး ကိုက်ညီတဲ့ Jobsလေးတွေကို
Sharing လုပ်ပေးပါသေးတယ်။
နောက်ဆုံးအကြုံပြုချင်တာကတော့
-Heavy truck mechanic ဆိုတဲ့နောက်မှာ subclass 482 visa sponsor ဆိုပီး ရိုက်လိုက်ရင် ကိုယ့်ကို
Sponsor ပေးနိုင်တဲ့ Jobs တွေချည်း ကျလာပါတယ်။
ကျွန်တော်တို့က Visa Sponsorလိုတာမို့ ကိုယ်လိုချင်သလိုမျိုး ရိုက်ရှာကြည့်တဲ့သဘောပါပဲ။
တချို့ အလုပ်ခေါ်စာတွေထဲမှာလည်း
Visa Sponsor ပေးနိုင်ရင် ပေးနိုင်တဲ့အကြောင်း
ထည့်သွင်းဖော်ပြပေးထားတတ်ပါတယ်။
အစစအရာရာ အဆင်ပြေကျပါစေ!!!🙏🏻
03/02/2025
Temporary Skill Shortage (TSS) Visa- 482
————————————————————————
အလုပ်သမား လိုအပ်ချက်ကြောင့် overseaမှ
Skilled workers တွေကို
အလုပ်ရှင်မှ Sponsor ပေးပီးခေါ်ယူရသော အလုပ်ဗီဇာ အမျိုးစားတစ်ခု ဖြစ်ပါတယ်။
Subclass 482မှာ ယခင်က Term Stream ၄မျိုးရှိပါတယ်..
1️⃣Short-Term Stream
2️⃣Medium-Term Stream
3️⃣Long-Term Stream
4️⃣Labour Agreement Term
အဲ့ ၄မျိုးထဲကမှ ကျွန်တော့်ကို ခေါ်ယူထားတဲ့
Medium-Term Stream အကြောင်းလေးပဲ
ကျွန်တော်သိသလောက် sharing လုပ်ပ့မယ်။
Short-term streamက ဩဇီမှာ၂နှစ်ကနေ လုပ်ခွင့်ရှိပီး ၄နှစ်အထိ သက်တမ်းတိုး နေထိုင်လုပ်ကိုင်ခွင့်လည်း ရှိပါတယ်။
Medium term နဲ့ Long termကတော့ တခါတည်း ၄နှစ်ထိ visa လျှောက်ပီး လုပ်ခွင့်ရပါတယ်။
TSS Subclass 482 (medium term ) visaလျှောက်ဖို့
ကျွန်တော် ပြင်ဆင်ရတဲ့ အပိုင်းလေးတွေလည်းရှိပါတယ်။
အရင်ဆုံး လိုအပ်တာလေးတွေ ပြောပါမယ်…
1️⃣ English Test (PTE overall 36)
2️⃣ Education Certificate & Notary
3️⃣ University’s Grading & Transcript
4️⃣ Passport photo & Passport pdf
5️⃣ Employment Reference Letter
6️⃣ Resume
7️⃣ Police Clearance Certificate (Myanmar)
8️⃣ Police Clearance Certificate ( Singapore)
9️⃣ Employment Contact (present company)
🔟 Pay Slip and Bank statement ( last 2yrs)
ဒါတွေက Visa လျှောက်ဖို့အတွက်
မဖြစ်မနေ လိုအပ်တဲ့ Data လေးတွေပါ။
ပြင်ဆင်ရတဲ့ အပိုင်းမှာဆို..
English testအတွက် PTE နဲ့ IELTS ၂မျိုးထဲကမှ
မိမိကြိုက်နှစ်သက်ရာ ရွေးပီး ဖြေနိုင်ပါတယ်။
Brand Scroll အနေနဲ့ IELTS က overall 5 ဖြစ်ပီး
PTEကတော့ overall 36ပါ။
Overall ဆိုပေမယ့် Reading/ Writing/ Speaking နဲ့ Listening skill တခုခြင်းစီမှာလည်း 5 သို့မဟုတ် 36ရဖို့ လိုအပ်ပါတယ်။
December 7, 2024မှာ TSS visa အစား
Skills Demand Visa ဆိုပီး ဩဇီ အစိုးရ website မှာတရားဝင်ကြော်ငြာထားပါတယ်။
Processing timeနဲ့ Visa feesလောက်ပဲ အနည်းကျဉ်း ကွာမယ်ထင်ပါတယ်။
အတိကျတော့ ကျွန်တော်လည်း မသိပါဘူး။
ဘယ်လိုပဲပြောင်းပြောင်း 482ဆိုရင် ခု
ကျွန်တော် ပြောပြတာတွေ လိုမှာပဲ ဖြစ်ပါတယ်။
နောက်ဆုံး အရေးကြီးဆုံး လိုအပ်တာ တခုရှိပါသေးတယ်။
အဲ့တာကတော့ မိမိကိုယ် ယုံယုံကြည်ကြည်နဲ့ Sponsored ပေးပီး ခေါ်ယူမဲ့ Employer ပါ။
အလုပ်နဲ့ သွားမယ်ဆိုရင်
အလုပ်ရှင် လိုလာပါပီ။
အလုပ်ဘယ်လိုရှာရမယ်
ဘယ် website တွေကနေ လျှောက်ရမယ်ဆိုတာ
ကျွန်တော် အရင်က ရေးပီးခဲ့ပါပီ။
ပြန်ဖတ်ပါ။ အလုပ်လျှောက်ပါ။
ရအောင် ကြိုးစားပီး လျှောက်ကျပါ။
အစစအရာရာ အဆင်ပြေကျပါစေ။🙏🏻
02/02/2025
လွန်ခဲ့သော 2023 November 15တုန်းက
Postလေး တစ်ခုနဲ့ အစပြုခဲ့ပီး ဩဇီ အိမ်မက်ကို
စတင် အသက်သွင်းခဲ့ပါတယ်…
အနောက်နိုင်ငံတွေဆိုတာ လူတော်တော်များများ
သွားရောက်ဖို့ အိမ်မက်မက်ရတဲ့အထိ ကြီးကျယ်လွန်းလှပါတယ်။
ဟုတ်ပါတယ်!!!
အဲ့ဒိ အိမ်မက်ကို မက်တဲ့အထဲ ကျွန်တော်လည်း
ပါဝင်ခဲ့ပါတယ်။
ဘယ်ကနေစရမှန်းမသိရင်
ဘာမှမသိတဲ့နေရာကနေ စ မယ်ဆိုပီး
Aussi-Myanmar gp ထဲ postတင် မေးခဲ့ပါတယ်။
Senior တွေရဲ့ အကြံဉာဏ်တွေယူပီး
ပြင်ဆင်စရာရှိတာတွေပြင်ဆင်
လေ့လာစရာရှိတာတွေ လေ့လာပီး ဩဇီဘက်က
အလုပ်တွေဆီ ကျွန်တော် စပီးလျှောက်ပါတော့တယ်။
ဒီနေရာမှာ တခုပြောပြချင်တာက
ကျွန်တော့်ရဲ့အတွေးပါ။
ကျွန်တော် စလုံးမှာ အလုပ်လုပ်တာ ခုဆို ၃နှစ်ရှိပါပီ။
Incomeက အရမ်းမနိမ့်တဲ့ level တခုမှာရှိနေပေမယ့်
တစ်နှစ် ပြည့်ပီးတဲ့နောက်မှာ ဘာမှ သိပ်ပီး ပြောင်းလဲမသွားတာကို တွေ့ရပါတယ်။
မိသားစု စားဝတ်နေရေး ပြေလည်တယ် နဲနဲပါးပါး
စုမိဆောင်းမိတယ် ဆိုတာလောက်လေးပဲရှိပါတယ်။
ဒီ့ထက်ပိုပီး ဘာမှ ဖြစ်မလာပါဘူး။
ဘာဖြစ်ချင်တာလည်းလို့ မေးလာခဲ့ရင်တော့
ခုလက်ရှိထက် ပိုသေချာတဲ့ဘဝကို လိုချင်တယ်ပဲ
ဖြေရမာပါ။
စလုံးမှာ ရေရှည်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အ
တွေးက အဲ့တည်းက ရှိခဲ့တာပါ။😅
ဒါဆို ဘယ်လိုလုပ်မလည်း? ဘာဆက်လုပ်မလည်း?
လွယ်ပါတယ် !! ဒီမှာ ရေရှည်မဖြစ်နိုင်ရင်
ဖြစ်နိုင်တဲ့ဆီ ပြောင်းရုံပါပဲ။
အဲ့တော့ ဘယ်နိုင်ငံသွားမယ်ဆိုတဲ့
ဆုံးဖြတ်ချက်ကို ချမှတ်ရပါတော့တယ်။
ပိုပီး ဆုံးဖြတ်ချက်ကို ခိုင်မာစေတာကတော့ အလုပ်ကအသိတယောက် HKဘက်ကို စလုံးထက်
မြင့်မားတဲ့ salary တခုနဲ့ Join ဖြစ်တာကနေ
စတင်တာပါ။
HKက ကိုယ်သွားချင်တဲ့ နေရာမဟုတ်တဲ့အတွက်
ဒုတိယ ဦးစားပေးနေရာမှာပဲ ထားလိုက်ပါတယ်။
ပထမဦးစားပေးနိုင်ငံကတော့ ဩဇီ/ ကနေဒါ နဲ့
နယူးဇီလန်ပါ။
ဩဇီကတော့ ပိုပီး သဘောကျပါတယ်။
ကိုယ်သွားမဲ့ နိုင်ငံကို ရွေးပီးတာနဲ့
အဲ့နိုင်ငံရဲ့ visa/ working condition/ currency/
Chance and opportunity အစရှိတာတွေကို
စာတွေရှာဖတ် ပြင်ဆင်ပါတော့တယ်။
တဖက်ကနေလည်း ကိုယ့်ရဲ့လိုအပ်ချက်လေးတွေကို
ဖြည့်ရပါတယ်..
ဉပမာ အလုပ်နဲ့ပတ်သက်တာတွေ
Languageလိုအပ်ချက်တွေကို
တဆင့်ချင်း ဖြေးဖြေးချင်းပဲ သွားပါတယ်။
ဒီလိုနဲ့…
တရက်ပီး တရက်
တစ်ပတ်ပီး တစ်ပတ်
တစ်လပီး တစ်လ ကြာပီးတဲ့နောက်မှာတော့
အိမ်မက်ကို အသက်သွင်းခွင့် ကျွန်တော်ရခဲ့ပါပီ။
အားလုံးပဲ အစစအရာရာ အဆင်ပြေကျပါစေ!!!🙏🏻
Click here to claim your Sponsored Listing.