Burma Human Rights Network
Burma Human Rights Network (BHRN) is working for human rights, minority rights and religious freedom.
တော်လှန်သူတို့ အသံ ပေါ့ကပ်စ်အစီအစဥ် (၄၉)
ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ "တော်လှန်သူတို့အသံနှင့် အရင်းအနှီးကြီးသည့် ဖက်ဒရယ်ခရီးအတွက် မြေပြင်ရဲဘော်တို့ရဲ့ စကားသံ” ဆိုတဲ့ အကြောင်းကို ဦးတည်ပြီး ရှမ်းမြောက်အခြေစိုက် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ က ဆေးတပ်သား ရဲဘော် အိုင်ရစ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။
အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန်သူတို့ရဲ့ အသံများကို ဖော်ပြပေးနေသလို တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များ၊ ခံယူချက်တွေနှင့် စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။
ဒါ့အပြင် အခုအစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ည မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်သူတို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်
အာဏာရှင် လွှတ်တော်နှင့် ဂျီနိုစိုက်အစိုးရ
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နောက်လိုက်နောက်ပါ အာဏာရှင်တသိုက်ဟာ များမကြာမီက သူတို့စိတ်ကြိုက်ရေးဆွဲပြင်ဆင်ထားတဲ့ ၂၀၀၈ နာဂစ် ဥပဒေအရဆိုကာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ အရပ်သားပြည်သူ ၇၉၅၂ ဦးကို ညှင်းပမ်းနှိပ်စက် သ - တ်ဖြ-တ် ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိမ်းသိမ်းထားကာ ဒေါ်စုကိုမတရားအမှုတွေနဲ့ ၂၇ နှစ်ပြစ်ဒဏ်ချထားကာ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ အပါအဝင် ၁၉၇ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ လောက်ကို ဖမ်းဆီးထားပြီး ပါတီတွေကို တရားမဝင်ဟုဆိုကာ
ဖျက်သိမ်းထားခဲ့ကာ လူထုထောက်ခံမှု အများဆုံးရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ NLD အပါအဝင် ပါတီပေါင်း ၄၀ ကျော် ဖျက်သိမ်းခံလိုက်ရပါတယ်။
ဒါ့အပြင်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သတင်းဌာန ၆၀ လောက် ပိတ်သိမ်းခံရတာ၊ ပြည်ပကို တိမ်းရှောင်ရတာတွေ ရှိခဲ့ပါတယ်။ သတင်းထောက် ၁၇၆ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် ၅၁ ဦးလောက် လက်ရှိ အကျဉ်းချခံထားရပြီးတော့ သတင်းထောက် ၇ ဦးလောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဒုတိယအများဆုံး ဖမ်းဆီးတဲ့နိုင်ငံ ဖြစ်လာပါတယ်။ အွန်လိုင်းပေါ်က စစ်ကောင်စီကို ဝေဖန်သူ ၂,၀၀၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။
အထက်ဖော်ပြပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ဆင်ယင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ရာထူးများကို ဂုဏ်သိက္ခာမဲ့စွာ
အတင်းအဓမ္မရယူခဲ့သူတွေကို ဗိုလ်ချုပ်ဟောင်း၊ ရဲချုပ်ဟောင်း၊ ဂျီနိုစိုက်အမှုတွဲမှာ ဦးဆောင်ကျူးလွန်များအနက်အပါအဝင်ဖြစ်တဲ့ ဦးခင်ရီက လွှတ်တော်ဥက္ကဌ ရာထူးကို
မျက်နှာပြောင်တိုက်ယူထားတဲ့ အာဏာရှင်လွှတ်တော်ရယ်၊ ဂျီနိုစိုက်ရဲ့ လက်သည်အစစ်အမှန်ဦးဆောင်ကျူးလွန်နေသူ ရာဇဝတ်သား
အာဏာရှင်များ၊ အာဏာရှင်ခါးပိုက်ဆောင်များဖြင့် စုစည်းတည်ဆောက်ထားတဲ့ အစိုးရအဖွဲ့ကြောင့် ပြည်တွင်းနိုင်ငံရေး စီးပွားရေး၊ ကျန်းမာရေး၊
ပညာရေးအခြေအနေတွေဟာ ဘယ်လောက်အထိ အထိနားပြီး နိုင်ငံတကာအသိုင်းမှာရော ဘယ်လောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားနိုင်သလဲဆိုတဲ့အကြောင်းအရာတွေရယ် စစ်အာဏာရှင်အသိုင်းအဝိုင်းအတွင်းက အာဏာခွဲဝေမှုရဲ့ နောက်ဆက်တွဲအကွဲအပြဲတွေကိုပါ ဒီတစ်ပတ် BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲကနေ တင်ဆက်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ပါဝင် ဆွေးနွေးမယ့်သူတွေကတော -
- ကိုမိုးထက်နေ
(သုတေသနနှင့်နိုင်ငံရေးအကြံပေး၊ Nyan Lynn Thit Analytica )
- ဒေါက်တာသန်းလွင်ဦး
- ဒေါ်သဉ္ဇာမြ
(မြို့နယ်တရားသူကြီး - CDM)
- ကိုသူရိန်
(NRFF)
တို့ဖြစ်ပြီး
Moderator အဖြစ်
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်(တနင်္လာနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN
27/02/2026
လက်ရှိတော်လှန်ရေးအခင်းအကျင်းနှင့် အနာဂါတ်အလားအလာ
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)
တော်လှန်ရေးကာလ ၅ နှစ်ကျော်ကြာလာသည်နှင့်အမျှ ဘက်ပြောင်းခိုလှုံခြင်း၊ အဂတိမှုများကြောင့် တော်လှန်ရေးအပေါ်မေးခွန်းထုတ်ခြင်း၊ ဝေဖန်ထောက်ပြခြင်း၊ ဝိဝါဒကွဲပြားခြင်းများ ဖြစ်ပေါ်လျက်ရှိနေသော်လည်း အကြမ်းဖက်စစ်အာဏာရှင်များကို ဆန့်ကျင်သူ တော်လှန်ပြည်သူများဟာလည်း လုပ်စရာရှိသော လုပ်ငန်းဆောင်တာ တာဝန်ဝတ္တတရားများကို ဆက်လက် ဖော်ဆောင်လျက်ရှိနေကြပါသည်။ တော်လှန်ရေးဟူသည် မတရားမှုရှိနေသောနေရာတိုင်း၊ အဝန်းအဝိုင်းပတ်ဝန်းကျင်တိုင်းမှာ တည်ရှိနေတတ်သော မွန်မြတ်လှသော လူထုလှုပ်ရှားမှုတစ်ရပ်ဖြစ်တာကြောင့် ဆက်လက်တော်လှန် ဆန့်ကျင်ရုန်းကြွမှုများ ရှိနေမည်သာဖြစ်ပါသည်။ တော်လှန်ရေး၏အဓိကပဲ့ကိုင်ရှင်သည် မည်သည့် အစုအဖွဲ့မှမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးသာဖြစ်ပါသည်။ ပြည်သူပါသော တော်လှန်ရေးသာလျှင် ထိရောက်အောင်မြင်မှုရှိနိုင်တာဖြစ်ပြီး ပြည်သူ့ထံမှစတင်ဖောက်ပွားလာသော တော်လှန်ရေးတွင်လည်း ပြည်သူကသာ အဓိကဖြစ်ပါတယ်။ ထို့ကြောင့် ယခုလ စကားဝိုင်းဆွေးနွေးပွဲတွင် "လက်ရှိတော်လှန်ရေးအခင်းအကျင်းနှင့် အနာဂါတ်အလားအလာ" ဆိုသည့် ခေါင်းစဉ်အောက်တွင် ရှု့ထောင့်ပေါင်းစုံကနေ ဆွေးနွေးတင်ပြသွားကြမှာ ဖြစ်သည်။
ပါဝင် ဆွေးနွေးမယ့်သူတွေကတော -
- Seng
(Myanmar FORB Network )
- မောင်သုည
(OFMPP)
- ကိုမျိုးသူရ
(ညှိနှိုင်းရေးမှူး - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)
- မောင်လာနာကာရီ စိုးနေဦး
(BHRN)
တို့ဖြစ်ပြီး
Moderator အဖြစ်
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN
27/12/2025
ဘီလင်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
ဒီဇင်ဘာ ၂၇၊ ၂၀၂၅။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီး၊ အလူးလေးကျေးရွာ၊ အထပ်သားစက်ရုံအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရသည်။
ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် အလူးလေးအနောက်ရွာက မသီတာ၏ နေအိမ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” ဒီမနက် ထိပ်တိုက် တိုက်ပွဲဖြစ်တယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးပေမယ့် အခုလောလောဆယ် အလူးလေး၊ အလူးကြီးနဲ့ ဖိုးဝါးသိမ်ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်”ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲကြောင့် အလူးလေး၊ အလူးကြီးနဲ့ ဖိုးဝါးသိမ်ကျေးရွာ ၃ ရွာက အိမ်ခြေ ၇၀၀ နီးပါး၊ ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီလောက်က ခမရ(၃)တပ်ရင်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ်၊ ဂုံညင်းနွယ်ကျေးရွာအုပ်စု၊ အလူးကြီးအနောက်ဘက်ကမ်းက ခတ္တာဘုန်းကြီးကျောင်း ပေါ်ကျရောက်ပြီး လေးကေ့ကျေးရွာက မခိုင်သွယ်၀င်း( အသက် ၃၀ နှစ်)၊ မထွေး၀င်း- (အသက် ၂၃ နှစ်)၊ ဒေါ်ချော(အသက် ၄၉)နှစ်တို့ သေဆုံးခဲ့သည့်အပြင် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork
26/12/2025
လူ့အခွင့်ရေးကာကွယ်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်စို့
***********************************************
(ဆွေးနွေးပွဲ စကားဝိုင်း)
အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ဖြစ်သည့် ပြည်သူ့မဲဆန္ဒများကို မထေမဲ့မြင်ပြုကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ ယခု ၂၀၂၅ ခုနှစ်နှောင်းပိုင်းတိုင်အောင် နိုင်ငံတစ်ဝှမ်းမှအရပ်သားပြည်သူများကို မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်း၊ မြို့ရွာအနှံ့ စစ်ကြောင်းထိုးခြင်း၊ ရွာစဉ်လှည့်ကာ မီးရှို့ဖျက်ဆီးခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပါမကျန် အစုလိုက်အပြုံလိုက် လက်နက်ကြီးများဖြင့်တမျိုး လေကြောင်းမှတစ်ဖုံ နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှုများကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ခေတ်သစ်ကျွန်စနစ်ဖြစ်တဲ့ ကျားဖြန့်ငရဲတွင်းများကို လက်ခံကာ ကျိုးကိုင်စီမံခြင်း အစရှိသည့် ရမ်းကားရိုင်းစိုင်းလူမဆန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်အမျိုးမျိုးကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်သည်။
ယခုအခါ အကြမ်းဖက်အာဏာလုစစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ယူရန်နှင့် ပိုမိုကျူးလွန်နိုင်ရန်အတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါ အကြမ်းဖက်မှုများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများကို တားဆီးကာကွယ်ရန် ရည်ရွယ်၍ ယခုလ BHRN ၏ စကားဝိုင်းအစီအစဉ်တွင် "လူ့အခွင့်အရေးကာကွယ်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်စို့" ခေါင်းစဉ်ဖြင့် မြေပြင်အခြေပြု တော်လှန်ရေးတာဝန်ထမ်းဆောင်နေသူများ၊ ဥပဒေပညာရှင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူများဖြင့် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
- ကိုမိုးထက်နေ
(သုတေသနနှင့်နိုင်ငံရေးအကြံပေး
Nyan Lynn Thit Analytica
- ဒေါ်သဉ္ဇာမြ
(မြို့နယ်တရားသူကြီး (CDM))
- မောင်သုည
(OFMPP)
- ချစ်မင်း
(BHRN)
တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork
Click here to claim your Sponsored Listing.
Contact the organisation
Website
Address
London
E17