CryptoLens
See the crypto world clearly with CryptoLens. Like and follow လုပ်ပြီး Crypto News, Market insights and trading tips တွေကို အခုပဲသိရှိလိုက်ပါ...
31/07/2025
Bitcoin price နှင့် US အိမ်စျေးကွက်
Disclaimer :
ဤ content သည် informational and educational purposes only သာ ဖြစ်ပါသည်။
financial advice or investment recommendations လုံးဝမဟုတ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကို မှ Crytocurrency တွင် invest, trade or buy ဖို့ advice မပေးပါ။ Always do your own research before making any financial decisions.
17/07/2025
ETH 7 day အတွင်း 22% up ...
ETH holder တွေတော့ ထောပြီပေါ့...
13/07/2025
bro's strategy:
13/07/2025
ထကြည့်ပါဦး .... 🤧🤧
09/07/2025
နောက်နှစ်ကစပြီး ✈️ Emirates လေကြောင်း Crypto နဲ့ပေးလို့ရတော့မယ်!
Emirates Airline က Crypto.com နဲ့ သဘောတူညီမှုလက်မှတ်ရေးထိုးလိုက်ပြီး ၂၀၂၆ ခုနှစ်ကစပြီး ခရစ်ပ်တိုငွေကြေး (Crypto) နဲ့အော်ဒါတင်လို့ရတော့ပါမယ်။ Crypto.com wallet ရော debit card💳 နဲ့ပါ ပေးချေလို့ရမှာဖြစ်ပါတယ်။
ဒီခြေလှမ်းက UAE (အာရပ်စော်ဘွားများပြည်ထောင်စု) ရဲ့ ဒီဂျစ်တယ်ငွေကြေးကို အားပေးတဲ့မူဝါဒရဲ့တစ်စိတ်တစ်ပိုင်းပါ။ ဒူဘိုင်းမှာအခုထဲက Crypto နဲ့ အခြေခံလိုအပ်ချက်တွေ (အိမ်ခြံမြေ၊ ကျောင်းလခ၊ သယ်ယူပို့ဆောင်ရေး) ကို ပေးလို့ရနေပြီဖြစ် ပါတယ် ။
Emirates ရဲ့ရည်ရွယ်ချက်က တော့ ဒီဂျစ်တယ်ငွေကြေးသုံးရတာကြိုက်တဲ့ နည်းပညာလိုက်စားတဲ့ လူငယ်ခရီးသွားတွေကိုဆွဲဆောင်ဖို့လို့ဆိုပါတယ်။
08/07/2025
ဒေါ်လာ ၁ ဘီလီယံဖြင့် Nasdaq မှာ S**C Listing တင်မယ့် ReserveOne
ReserveOneဆိုတဲ့ Crypto Holding Company အသစ်က M3-Brigade Acquisition Vနဲ့ ပူးပေါင်းပြီး ဒေါ်လာ ၁ ဘီလီယံကျော်ရှာဖွေဖို့ စီစဉ်နေပါတယ်။ ဒီကုမ္ပဏီက Bitcoin, Ethereum နဲ့ Solanaတို့ကို စီမံခန့်ခွဲသွားမှာဖြစ်ပြီး Blockchain.com နဲ့ Kraken တို့က ဒေါ်လာ ၇၅၀ မီလီယံအထိ ထောက်ပံ့ပေးဖို့ ကတိပြုထားပါတယ်။
ဒီစီမံကိန်းအတွက် အကြီးအကဲတွေမှာ
- CEO Jaime Leverton(Hut 8 ရဲ့ အရင်အကြီးအကဲ)
- President Sebastian Bea (BlackRock နဲ့ Coinbase မှာ အရင်တာဝန်ယူခဲ့သူ)
- Board Memberတွေထဲမှာ Tether ကို တည်ထောင်သူ Reeve Collinsနဲ့ အမေရိကန်ရဲ့ အရင် စီးပွားရေးဝန်ကြီး Wilbur Ross တို့ ပါဝင်နေပါတယ်။
ဒီလှုပ်ရှားမှုက MicroStrategyရဲ့ "Bitcoin-as-reserve" ပုံစံနဲ့ဆင်တူပြီး Crypto ကို ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုလွယ်ကူပြီး ပွင့်လင်းတဲ့ အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။
**C
03/06/2025
Alt Coin Season 2021 VS Alt Coin Season 2025
ETH တို့ စတက်နေပါပြီဟ.. 🤡
photo credit to kirtash93
02/06/2025
"ဇွန်လထဲမှာ Bitcoin , Ethereum $3K, XRP $3 တက်မလား? Crypto ဈေးကွက်အခြေအနေဘယ်လိုရှိပါသလဲ!"
📊 ဈေးကွက်အချက်အလက်များကိုကြည့်မယ်ဆိုရင်
- Global Market Cap: $3.27 Trillion (အနည်းငယ်ကျ)
- 24H Volume: 1.05% ကျဆင်း (လှုပ်ရှားမှုအေးနေတယ်)
- Fear & Greed Index: 57 (Neutral)
- Altcoin Season Score: 22 (Bitcoin က ထိန်းချုပ်ထားဆဲ) တို့ကိုတွေ့ရပါမယ်။
🚀 Bitcoin (BTC) – $105K အထက်မှာ ခိုင်မာနေ!
- အခုအချိန်မှာ bitcoin ဟာ $105K အထက်မှာ အားကောင်းနေပြီ:၊ CEX တွေမှာ BTC Reserve နည်းနေတာက Institution တွေ ဝယ်ယူနေတယ်ဆိုတဲ့ အချက်ပါ!
- Bullish Case: $106K–$107K ကျော်ရင် $113K (Psychological Resistance) မှာ ဇွန်လအစမှာ seller နဲ့ buyer တို့ အားပြိုင်နိုင်ပါတယ်!
- Bearish Case: $101K အောက်ကျရင် $100K Support ကိုပြန်စမ်းမယ်၊ ဒါပေမယ့် ဒီနေရာမှာ ဝယ်အားပြန်ကြီးလာနိုင်ပါတယ်!
💎 Ethereum (ETH)
- လက်ရှိ $2,500 နားမှာ Consolidate ဖြစ်နေပြီး၊ ဒီနေရာကနေ $2,547ကိုကျော်ရင် တော့ $3,000အထိတက်နိုင်ပါတယ်!
- Vitalik Buterinတစ်ယောက် Ethereum Scaling (100,000 TPS) အကြောင်းပြောပြီးနောက် Long-term Investor တွေ ယုံကြည်မှုတိုးလာနေပါတယ် !
- Short-term Trader တွေကတော့ သတိထားနေရဆဲပါ!
💥 XRP – Short-term Weakness: 50-day SMA ($2.28) အောက်မှာ ရှိနေပေမယ့်၊ 200-day SMA ($1.91) အထက်မှာ price ဟာ ခိုင်ခိုင်မာရှိနေ ပါတယ်!
- Range-Bound Trading: $2.0145 (Support) နဲ့ $2.45 (Resistance) ကြားမှာ price ဟာ လှုပ်ရှားနေပါတယ်!
- Breakout Scenario: $2.28 အထက်တက်ရင် $2.45၊ ပြီးရင် $3.00ကို ရှေ့ရက်တွေမှာ စမ်းသပ်လာနိုင်ပါတယ်!
Summary အနေနဲ့ကတော့
- Bitcoin ဟာ Institutional ဝယ်လိုအားကြောင့် အားကောင်းနေဆဲပါ!
- Ethereum Scaling Update က Long-term အတွက် Bullishဖြစ်နေပြီး!
- XRP ကတော့Range-Bound ဖြစ်နေပေမယ့်၊ Breakout ဖြစ်ရင် ကြီးကြီးမားမားတက်လာနိုင်ပါတယ် !
သင်ရော... ဇွန်လထဲမှာ BTC, ETH, XRP price တွေ ဘယ်လိုသွား မယ်ထင်ပါသလဲ ? ဘယ် Coin ကိုအများဆုံးစောင့်ကြည့်ထားပါသလဲ?
Comment တွေမှာ သင့်အမြင်ကို မျှဝေပေးခဲ့ပါဦး!
(ဒီလိုအရေးကြီးတဲ့သတင်းတွေကို အချိန်နဲ့တပြေးညီသိရဖို့ Follow & Share လုပ်ထားဖို့မမေ့ပါနဲ့နော်!) 🚀
28/05/2025
" Donald Trump ပိုင် Trump Media Company က Bitcoin Treasury ဖွင့်ဖို့ မေလ ၂၉ မတိုင်ခင် ဒေါ်လာ ၂.၅ ဘီလီယံ ရှာမယ်! ဈေးကွက်မှာ ဘာတွေဖြစ်လာနိုင်ပါသလဲ?"
ဒီတစ်ခါတော့ Trump Mediaရဲ့ ကြီးမားလှတဲ့ Bitcoin စီမံကိန်း အကြောင်း ပြောပြပါမယ်။ ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျမယ့် ဒီအစီအစဉ်က Bitcoin ဈေးကွက်ကို ဘယ်လိုလှုပ်ခတ်လာနိုင်မလဲ?
Trump Media (DJT) က Bitcoin ကို ငွေကြေးလွတ်လပ်မှုရဲ့ အထွတ်အထိပ်တန်ဆာ ( an apex instrument of financial freedom ) အဖြစ် သတ်မှတ်ပြီး သူတို့ရဲ့ အဓိကပိုင်ဆိုင်မှုတစ်ခုအဖြစ် ထည့်သွင်းမယ်လို့ ကြေညာလိုက်ပါတယ်။
company ဟာ ဒေါ်လာ ၁.၅ ဘီလီယံ ကို ရှယ်ယာရောင်းချပြီး ရှာမယ်။ ကျန်ရှိသော ဒေါ်လာ ၁ ဘီလီယံကို 0% အတိုးနဲ့ ငွေချေးစာချုပ်တွေကနေ ရှာမယ်လို့ ဆိုပါတယ်။ မေလ ၂၉၊ ၂၀၂၅ မတိုင်ခင် ဒီငွေရှာဖွေမှု ပြီးစီးဖို့ လည်း ရည်မှန်းထားတယ်ဆိုပါတယ်။
Trump Media’s CEO and Chairman Devin Nunes ပြောတာက... Bitcoin ကို ရင်းနှီးမြှုပ်နှံမှာက ငွေကြေးအဖွဲ့အစည်းတွေရဲ့ နှိပ်စက်မှုတွေကို ကာကွယ်ဖို့ပါ။ ဒါ့အပြင် Truth Social နဲ့ Truth+ မှာ အနာဂတ်ငွေပေးချေမှုတွေ၊ utility token တွေအတွက်ပါ အထောက်အကူဖြစ်စေပါလိမ့်မယ်။" ဟုဆိုပါတယ်။
Bitcoin ဈေးကွက်ကို ဘယ်လိုသက်ရောက်မှု ရှိပါသလဲ ?
ဒီသတင်းနဲ့အတူ Bitcoin ဈေးကွက်မှာ FOMO (အမြန်ဝယ်လိုစိတ်) တွေတက်လာပါတယ်!
အမေရိကန်ဈေးကွက်ဖွင့်ချိန်မှာ BTC ဈေး $110K အထိတက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း Bitcoin Whale (Bitcoin ဘီလီယံနာ) တွေလဲ ၁,၄၅၅ ယောက်အထိမြင့်တက်လာခဲ့ပါတယ် ။
ဒီဇယားအတိုင်းဆိုရင် Bitcoin ရဲ့ နောက်ထပ် All-Time High (ATH) ကို မကြာခင်မှာ မြင်တွေ့ရနိုင်ပါတယ်!
Trump Media လို ကြီးမားတဲ့ကုမ္ပဏီတွေ Bitcoin ကို Treasury အဖြစ်သိမ်းဆည်းလာတာက...
✅ Bitcoin ဟာ အနာဂတ်ငွေကြေးစနစ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ်လာခြင်း!
✅ Institutional Money (အဖွဲ့အစည်းတွေရဲ့ငွေ) တွေ Crypto ထဲဝင်လာနေခြင်း! တို့ကိုဖော်ပြနေပါတယ်။
သင်ရော... Trump Media ရဲ့ Bitcoin ရွေးချယ်မှုကို ဘယ်လိုမြင်ပါသလဲ?
Comment မှာ သင့်အမြင်ကို လွတ်လပ်စွာမျှဝေနိုင်ပါတယ်!
(ဒီလိုအရေးကြီးတဲ့သတင်းတွေကို အချိန်နဲ့တပြေးညီသိရဖို့ Like, Follow & Share လုပ်ဖို့မမေ့ပါနဲ့နော်!)
27/05/2025
"Bitcoin ဒီနှစ်ဇူလိုင်မှာ $135K ထိရောက်နိုင်!
အမေရိကန် ငွေကြေး ပုံရိပ်နဲ့ ဆက်နွယ်နေတဲ့ လျှို့ဝှက်ချက်"
Bitcoin ရဲ့ နောက်ထပ် ကြီးမားတဲ့ ဈေးတက်မှုတစ်ခု ရောက်လာတော့မှာလား?
လက်ရှိ Bitcoin ဈေးနှုန်းဟာ $111945 အထိ ရောက်ရှိလာပြီး ပြီးခဲ့တဲ့ ၃၀ ရက်အတွင်း ၁၆% တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာတင် ၃.၃% ခုန်တက်သွားခဲ့တာပါ။
လေလလာသုံးသပ်သူတွေရဲ့အဆိုအရ : Bitcoin ဇူလိုင်မှာ $135K ဖြစ်နိုင်!
Crypto analyst Wise Adviceရဲ့ အဆိုအရ Bitcoin ရဲ့ ဈေးနှုန်းဟာ အမေရိကန် M2 ငွေကြေး ထောက်ပံ့မှု (Money Supply)နဲ့ ဆက်စပ်နေပြီး ဇူလိုင် ၂၀၂၅ မှာ $135,000 အထိ ရောက်ရှိနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။
Bitcoin နဲ့ M2 ဘယ်လိုဆက်စပ်နေပါသလဲ?
M2 Money Supplyဆိုတာ အမေရိကန်ငွေကြေးစနစ်ရဲ့ အရေးကြီးတဲ့ အညွှန်းကိန်းတစ်ခုဖြစ်ပြီး:
- Physical cash (ငွေစက္ကူ၊ ဒင်္ဂါး)
- Checking deposits (ဘဏ်ငွေစာရင်း)
- Savings accounts (ငွေစုအကောင့်)
- Money market funds (ငွေကြေးဈေးကွက်ရန်ပုံငွေ) တို့ကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ M2 တိုးလာရင် စီးပွားရေးစနစ်ထဲမှာ ငွေကြေးအရင်းအနှီးများလာပြီး Bitcoin လို စွန့်စားရင်းနှီးမှုမြင့် အရာတွေဆီ ငွေစီးဝင်လေ့ရှိပါတယ်။
Wise Advice ရဲ့ လေ့လာချက်အရ Bitcoin ဈေးနှုန်းဟာ M2 ရဲ့ လှုပ်ရှားမှုကို ၁၀-၁၂ ပတ်နောက်ကျပြီးမှ လိုက်ပါတယ်။ ဥပမာ:
အောက်တိုဘာ ၂၀၂၄ – M2 အမြင့်ဆုံးရောက်ပြီး ၉၀ ရက်အကြာ → ဇန်နဝါရီ ၂၀၂၅ မှာ Bitcoin $109K အထိ တက်ခဲ့ပါတယ်။
- M2 ကျဆင်း ခဲ့တဲ့ ဧပြီ ၇၊ ၂၀၂၅မှာတော့ Bitcoin $74K အထိ ကျခဲ့ပါတယ်။
“ဇူလိုင်မှာ $135K ဖြစ်နိုင်ခြေ”
လက်ရှိ M2 ဟာ $107.5 trillion ကနေ $110.72 trillion အထိ ၂.၇% တိုးလာပြီး၊ Bitcoin က အဲဒီအပေါ် ၁၀-၁၂ ပတ်နောက်ကျမှ တုံ့ပြန်မယ် ဆိုရင်:
✅ Bitcoin ဇူလိုင်မှာ ၂၄% တက်ပြီး $135,000 အထိရောက်လာနိုင်ပါတယ်!
✅ အာ့ဒီအချိန်မှာ Altcoin တွေပါ အတူတကွ ဈေးတက်မှု (Altseason) လည်းဖြစ်လာနိုင်ပါတယ်!
Bitcoin ရဲ့ ဈေးနှုန်းဟာ ကမ္ဘာ့ငွေကြေးစနစ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါတယ်။ M2 လို Macroeconomic Indicators တွေကို ခြေရာခံပြီး ဈေးကွက်ကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။
ဒီတစ်ခါတော့ Bitcoin နဲ့အတူ Altcoin တွေပါ Pump ဖြစ်မလား?
သင်ရော $135K ရောက်မယ်လို့ ယုံကြည်ပါသလား?
Comment မှာ သင့်အမြင်ကို မျှဝေပေး ခဲ့ပါ ဦး!
ဒီလို အချက်အလက်မျိုးတွေကို အချိန်နဲ့တပြေးညီ သိရှိဖို့ Like, Follow & Share လုပ်ဖို့လဲမမေ့ပါ နဲ့နော် 🚀
27/05/2025
"Bitcoin ဈေးကွက်မှာ ၂၄ နာရီအတွင်း ဒေါ်လာ ၂၇.၉ သန်း ဆုံးရှုံးသွားသူ James Wynn ၏ အံ့ဖွယ်ဇာတ်လမ်း"
ဒီတစ်ခါတော့ Bitcoin ဈေးကွက်ရဲ့ ကြီးမားလှတဲ့ လှုပ်ရှားမှုတစ်ခုနဲ့အတူ James Wynn ဆိုတဲ့ နာမည်ကျော် trader တစ်ဦးရဲ့ အံ့ဩဖွယ်ရာ ဆုံးရှုံးမှုဇာတ်လမ်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
James Wynn ဟာ $1.2 billion (ဘီလီယံ) ရှိ Bitcoin long position ကို ပိတ်ပြီးနောက် ဈေးပြန်ကျမယ်ဟု ယုံကြည်ကာ $1 billion (ဘီလီယံ) short position ကို ၄၀x leverage နဲ့ ဝင်လိုက်ပါတယ်။ ဒါပေမယ့်...
၂၄ နာရီအတွင်း သူ့ရဲ့ short position ဟာ$15 million (သန်း) ဆုံးရှုံးမှုဖြစ်သွားခဲ့ပြီး အရှုံးနဲ့ပိတ်လိုက်ရပါတယ်။ အရင်က သူဖွင့်ထားတဲ့ long position ကနေ ဆုံးရှုံးမှုတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း $27.9 million (သန်း) အရှုံးဖြစ်သွားခဲ့ပါတယ်။
ဘာကြောင့် အရှုံးတွေကြီးသွားတာပါလဲ?
Wynn ဟာ သူ့ရဲ့ trading strategy ကို Bitcoin ရဲ့ technical signals ဥပမာ - 4-hour chart, 50-day moving average နဲ့ macroeconomic factors ဥပမာ - အမေရိကန်ရဲ့ 50% tariff policy တို့အပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်... Bitcoin ဈေးကွက်က အလွန်အမင်း volatile (အတက်အကျမြန်) ဖြစ်နေပြီး သူ့ရဲ့ short entry လုပ်ချိန်မှာ ဈေးက ပြန်တက်လာခဲ့ပါတယ်။
James Wynn ရဲ့ ဒီဖြစ်ရပ်က High-leverage trading ရဲ့ အန္တရာယ်နဲ့ Bitcoin ရဲ့ အလွန်အမင်း volatility ဖြစ်မှုတို့ကိုဖော်ပြနေပါတယ်။
Leverage အမြင့်နဲ့ trading လုပ်ခြင်းဟာ အရှုံးကိုကြီးစေနိုင်ပါတယ်။ဈေးကွက်ကို အတိအကျ ခန့်မှန်းဖို့ဆိုတာလဲ ခက်ခဲပါတယ် (Wynn ကိုယ်တိုင် bitcoinစျေး $121,000 ရောက်မယ် ပြောပြီး နာရီပိုင်းအတွင်း bitcoin ဈေးကျတော့မယ်ဆိုပြီး ပြောင်းလဲသွားခဲ့ပါတယ် )
Crypto trading မှာ စိတ်ရှည်ဖို့နဲ့ Risk Management ကောင်းဖို့အရေးကြီးပါတယ်။ James Wynn လို ကျွမ်းကျင်တဲ့ trader တောင် အလျင်စလို trading လုပ်မိရင် ဒေါ်လာသန်းနဲ့ချီ အရှုံးပေါက်နိုင်တာကို ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။
သင်ရော... Leverage အမြင့်နဲ့ Trading လုပ်ဖူးပါသလား?အောက်က Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်!
Click here to claim your Sponsored Listing.