Life Style 2.0
ဓမ္မ သုတ ရသ သမိုင်းစာပေများ ဝင်ရောက်လေ့လာ
ဖတ်ရှုနိုင်ပါသည်.📖🌌
16/06/2026
လောကမှာ :
လူတိုင်းရန်ဖြစ်တတ်တယ်
ပညာရှိလို ရန်ဖြစ်တတ်တာနဲ့
အောက်တန်းကျကျရန်ဖြစ်တတ်တာ
ကွာသွားတယ်
လူတိုင်းအတင်းပြောတတ်တယ်
လူ့သဘာဝအရ တခြားသူကိုအပေါ်ယံ
ဝေဖန်မိတာနဲ့
အောက်တန်းကျကျ privacy ထိပါးတာ
ကွာသွားတယ်
လူတိုင်းမှာ hate list ရှိတယ်
မုန်းတာနဲ့အညီ ဥပက္ခာပြု အဖတ်မလုပ်ပဲ
ကိုယ့်ဘဝကိုလျှောက်နေတတ်တဲ့သူနဲ့
မုန်းတယ်သာပြောတာ တစ်ချိန်လုံး လိုက် Stalk လုပ်ပြီး ထိုင်စော်ကားသူ ဆိုပြီး ကွာသွားတယ်
လူတိုင်းမှာ ပါးစပ်ပါတယ်
ပြောသင့်မပြောသင့် ချင့်ချိန်ပြီးမြိုချသင့်မြိုချ ထားတဲ့သူနဲ့
ငါ့စကားနွားရ စကားဖြစ်ပြီးရော ပြောသူဆိုပြီး ကွာသွားတယ်
လူတိုင်းမှာ အားနည်းချက်ရှိတယ်
သူများအားနည်းချက်ကိုမထိပါးတဲ့သူနဲ့
သူများအားနည်းချက်ကို နင်းတဲ့သူ ကွာသွားတယ်
လူတိုင်းသူ့ story နဲ့သူရှိတယ်
သူများ ကိစ္စ dig in မလုပ်တဲ့သူနဲ့
အလုပ်မရှိ အကိုင်မရှိ သူများနောက်ကြောင်း လိုက်လှန်နေတဲ့သူ ကွာသွားတယ်...
ဒါပါပဲ ကိုယ်ဘယ်ထဲပါနေလဲ နဖူးပေါ်လက်တင် စဉ်းးစား တိုတောင်းလှတဲ့ ဘဝမှာ ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ ...........
(ကိုယ့်သမိုင်း ကိုယ်မရေးဘဲ သူများသမိုင်းလိုက်စိတ်ဝင်စားနေရင်တော့ ကိုယ့်ရဲ့ပထဝီတွေ သိပ္ပံတွေပါ အမှတ်နည်းနေလိမ့်မယ် သတိလဲထားဦး)
....
14/06/2026
“တရားသဖြင့် ရရှိသော အနည်းငယ်သော ဥစ္စာသည်၊
မတရားသဖြင့် ရရှိသော များပြားသော စည်းစိမ်ထက်
သာ၍ ကောင်း၏။”
14/06/2026
စိတ်ကိုဖြူစင်အောင်ထားပါ စိတ်ထားလှတဲ့သူဟာ
ဘယ်နေရာ ရောက်ရောက် ဒုက္ခ မရောက်ဘူး ..။
゚
Click here to claim your Sponsored Listing.