Spring Festival

Spring Festival

共有する

Spring Festival, イベントプランナー, Tokyoの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Photos from Spring Festival's post 12/05/2026

အထူးတိုင်း ဗျုဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း ရဲ့
တော်လှန်ရေး ထုတ်ကုန် Defenders ခါးပတ်
မှာယူလိုရပါပြီ။

တန်ဖိုး ယန်း ၈၅၀၀ + ပို့ခ ယန်း ၅၀၀
စုစုပေါင်း ယန်း ၉၀၀၀ ကျသင့်ပါမယ်။

မေလကုန်လောက် ဂျပန်ကို ရောက်ပါမယ်ရှင့်

---

ဒီDEFEDERS ခါးပတ်လေးဟာ
ရိုးရိုး Fashion Item တစ်ခုမဟုတ်ပါဘူး။

ဒါဟာ —
🔥 ဖိနှိပ်မှုကို လက်မလျှော့တဲ့ စိတ်ဓာတ်
🔥 လွတ်မြောက်ရေးအတွက် ရပ်တည်မှု
🔥 ကျဆုံးရဲဘော်တွေကို မမေ့တဲ့ သစ္စာ
🔥 ရှေ့တန်းမှာ အသက်နဲ့ရင်းတိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့တဲ့ နှလုံးသားဖြစ်ပါတယ်။

အဲ့ဒီအဓိပ္ပာယ်တွေအားလုံးကို သယ်ဆောင်ထားတဲ့
“တော်လှန်ရေးရဲ့ သင်္ကေတ” တစ်ခုပါ။

ဒီ DEFEDERS ခါးပတ်လေးကို ဝတ်ဆင်ထားတဲ့အချိန်မှာ
စမတ်ကျမှုတစ်ခုထက်ပိုပြီး
“ကျွန်တော်/ကျွန်မဟာ တော်လှန်ရေးနဲ့အတူ ရပ်တည်နေသူ” ဆိုတဲ့
ဂုဏ်ယူမှုကိုပါ ဝတ်ဆင်ထားရတာဖြစ်ပါတယ်။

အရေအတွက် (1000) သာ Limited ထုတ်လုပ်ထားတာဖြစ်လို့ မကုန်ခင်လေး အမြန်ဆုံး အော်ဒါတင်ထားကြပါနော် ✨

ဒီDEFEDERS ခါးပတ် ထုတ်ကုန်က ရရှိလာတဲ့ ငွေကြေးအားလုံးကို
100% စစ်ကြောင်းရဲဘော်တွေရဲ့ လိုအပ်ချက်များ၊
စစ်ဆင်ရေး နည်းပညာတိုးမြှင့်ရေးနှင့် ကျည်ကာပြားတွေ တပ်ဆင်ဖို့ရယ် ကျည်ကာဦးထုပ် တပ်ဆင် ပေးဖို့အတွက် အသုံးစရိတ်များကို
ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။

11/05/2026

Clean Yangon (၉) နှစ်ပြည့်အမှတ်တရ ထွက်ရှိလာမယ့် "မျှော်လင့်ခြင်းနေ့စွဲများ" စာအုပ်ကို ကြိုတင် မှာယူလို့ရပါပြီ။

ဂျပန်ယန်း ၅၀၀၀ + ပို့ခ ယန်း ၂၀၀
စုစုပေါင်း ယန်း ၅၂၀၀ ကျသင့်ပါမယ်။

Pre-Order ဖြစ်ပြီး ကြာမြင့်ချိန် (၁) လခန့် ရှိနိုင်ပါတယ်။

--

ဒီစာအုပ်ထဲမှာ ခေတ်ကာလတစ်ခုရဲ့ ဖြစ်ရပ်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝတွေကို ရိုက်ကူးခဲ့တဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံများစွာကို ဝေဝေဆာဆာ ထည့်သွင်းထားပါတယ်။

အင်္ဂလိပ်-မြန်မာ (၂) ဘာသာနဲ့ ရေးသားထားလို့ နိုင်ငံတကာကပါ ဖတ်ရှုနိုင်ပါတယ်။

စာအုပ်ကရရှိတဲ့ အကျိုးအမြတ်အားလုံးကို စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းတွေမှာ အပြည့်အဝ
အသုံးပြုသွားမှာ ဖြစ်ပါတယ်။

08/05/2026

ငါတို့ရန်ကုန် လက်ဖက် နှင့်အကြော်စုံမှာယူထားသော
ကာစတန်မာများရှင့် ...

သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ပိတ်ရက်တွေ ခံတာမို့
ပစ္စည်းတွေက ကြာမြင့်ချိန်ရှိနေပါတယ်။

လက်ဖက်တွေက မေ ၂၂ ဝန်းကျင်မှ ရောက်မှာမို့
ခေတ္တစောင့်ဆိုင်းပေးကြပါနော် ...

あなたの事業をイベント企画サービスのトップリストTokyoにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

住所

Tokyo