Note Pages

Note Pages

Share

🌈မင်္ဂလာပါ။🙏🙇🙇‍♀️🌻☕🍪
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။
ရေလိုအေးပြီး၊ပန်းလိုမွှေးတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။🌻

10/06/2026

အရှိတရားကို လက်ခံရင်း ပျော်ရွှင်အောင် နေထိုင်ခြင်း💚

"အရှိတရားကို လက်ခံရင်း ပျော်ရွှင်အောင် နေထိုင်ခြင်း"

အရှိတရားကို လက်ခံနိုင်ခြင်းဆိုတာ လက်လျှော့အရှုံးပေးခြင်း မဟုတ်ပါဘူး။ ကိုယ်ရောက်ရှိနေတဲ့ နေရာ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ်မပိုင်ဆိုင်နိုင်သေးတဲ့အရာတွေကို ရိုးသားစွာ မြင်တတ်ခြင်းသာ ဖြစ်ပါတယ်။

လူအများစုဟာ ရှိနေပြီးသားအရာတွေရဲ့တန်ဖိုးကို မေ့လျော့နေတတ်ကြပြီး မရှိသေးတဲ့အရာတွေအတွက် စိတ်ပူပန်သောကရောက်တတ်ကြတယ်။
ပိုကောင်းတဲ့ ဘဝကို လိုချင်တာ မမှားပေမဲ့
လက်ရှိဘဝကို မကျေမနပ်ဖြစ်နေရင်တော့
ပျော်ရွှင်မှုနဲ့ အမြဲတမ်းအလှမ်းဝေးနေရပါလိမ့်မယ်။

အရှိတရားကို လက်ခံတတ်တဲ့သူတွေဟာ မိမိဘဝရဲ့ အားနည်းချက်တွေကြောင့် သိမ်ငယ်မနေတတ်ကြ
သလို၊ အခြားသူတွေရဲ့ အောင်မြင်မှုတွေကိုလည်း မနာလိုမဖြစ်တတ်ကြဘူး။ သူတို့ဟာ သူတို့ရရှိထားတဲ့ အရာလေးတွေအပေါ် ကျေးဇူးတင်နေတတ်ကြပြီး
နေ့စဉ်ဘဝရဲ့ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ကြပါတယ်။

ပျော်ရွှင်ခြင်းဆိုတာ အရာအားလုံး ပြည့်စုံသွားတဲ့အချိန်မှ ရရှိလာတာ မဟုတ်ပါဘူး။ မပြည့်စုံသေးတဲ့အချိန်မှာပင် စိတ်ကျေနပ်မှုကို ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်ပါတယ်။

ဘဝရဲ့အလှပဆုံးအချိန်ဆိုတာ ချမ်းသာသွားတဲ့အချိန်၊ အောင်မြင်သွားတဲ့အချိန်တွေမှ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားတတ်လာတဲ့အချိန်၊ မဖြစ်နိုင်သေးတဲ့ အရာတွေကြောင့် စိတ်မဆင်းရဲတော့တဲ့အချိန်၊ အရှိတရားကို လက်ခံရင်း ရှေ့ဆက်လျှောက်လှမ်းတတ်လာတဲ့အချိန်တွေကသာ လူတစ်ယောက်အတွက် အမှန်တကယ် ပျော်ရွှင်ရတဲ့ အချိန်ဖြစ်ပါတယ်။

#ဟန်မင်း(Nightmare&Deep)
(၁၀၊၆၊၂၀၂၆)
https://www.facebook.com/hanmin87

Website