X Mobile Korea

X Mobile Korea

Share

📱 Brand New Phones (Apple & Samsung)
🔒 100% Sealed Box
💰 Best Price in Korea 🇰🇷🇰🇷
🚚 1~2 Days Delivery
💬 Order → Viber

30/05/2026

Facebook သုံးတာတောင် အဆင့်အတန်း ခွဲခြားခံရမယ့်အဖြစ် 🫠

ဒီလိုဗျာ…ဇူဇူရဲ့ Meta ကနေ တစ်လကို ၄ဒေါ်လာနဲ့ ဝယ်သုံးရမယ့် Facebook Plus ဆိုတဲ့ Subscription Tier ကို မိတ်ဆက်လိုက်တယ်။ အဲ့ကောင်က ဘာထူးလဲဆိုတော့...

Stories တွေကို ၁ရက် မဟုတ်ဘဲ ၂ရက် (၄၈နာရီ) တင်လို့ရမယ်၊ ကိုယ့် Stories တွေကိို ဘယ်သူက ဘယ်နှစ်ခေါက်ပြန်ကြည့်လဲ မြင်ရမယ်၊ ကြည့်တဲ့သူတွေထဲမှာ ဘယ်သူပါလဲ By Name တပ်ပြီး ရှာလို့ရမယ်။

သူများ Stories တွေကို ခိုးကြည့်လို့ရမယ်၊ ဝါသနာပါရင် “Super Hearts” ဆိုတဲ့ Animated Heart Reaction လေးနဲ့ Stories တွေကို React ပေးပြီး အထက်တန်းစားဖြစ်ကြောင်း ကြွားလို့ရမယ်။

ပြီးတော့ Facebook နဲ့ Messenger Icon တွေရဲ့ ဒီဇိုင်း၊ ကာလာ၊ အနေအထားတွေကိုလည်း ပြောင်းနိုင်မယ်လိို့ သိရတယ်။ ဆိုတော့ တတ်နိုင်တဲ့ အထက်တန်းစားတွေ ဝယ်သုံးကြပေါ့ဗျာ 🥲

30/05/2026

🏆 UEFA Champions League Final 🏆

🔥 ARSENAL 🆚 PSG 🔥

ဒီည ဘယ်အသင်း ဥရောပရဲ့ အမြင့်ဆုံးဆုဖလားကို ကိုင်မြှောက်သွားမလဲ? 👀

⚽ Arsenal ရဲ့ ပထမဆုံး Champions League ဖလားလား?
⚽ PSG ရဲ့ သမိုင်းဝင် Champions League အောင်ပွဲလား?

📱 Live Match ကြည့်ဖို့
⚽ Football Fan တွေအတွက် Live Match ကြည့်လို့ရမယ့် App များ ⚽

📱 OneFootball
✅ Live Score
✅ Match Highlights
✅ Football News

📱 SofaScore
✅ Real-Time Live Score
✅ Player Ratings
✅ Match Statistics

📱 365Scores
✅ Goal Notification မြန်
✅ Live Updates
✅ Multiple Leagues Support

🏆 Champions League, Premier League, La Liga, Serie A ပွဲတွေကို အချိန်နဲ့တပြေးညီ Follow လုပ်ချင်ရင် ဒီ App တွေကို Download လုပ်ထားသင့်ပါတယ်။

💬 Football Fan တစ်ယောက်ဆိုရင် ဘယ် App ကို အကြိုက်ဆုံးလဲ Comment မှာ ပြောခဲ့ပါဦး။


⏰ ဒီည မအိပ်ဘဲအားပေးမယ့်သူတွေရှိလား?

👇 Score Prediction ကို Comment မှာ ခန့်မှန်းခဲ့ပါ

❤️ Arsenal
👍 PSG

25/05/2026

iOS 27 နဲ့ Update တင်သင့်လား? မေးခွန်းများအတွက်...
မကြာခင်မှာ Apple ရဲ့ သမိုင်းတစ်လျှောက် AI စွမ်းရည်တွေ အများဆုံး ပါဝင်လာမယ့် iOS 27 တရားဝင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နည်းပညာတွေ အရမ်းလန်းလာတာ မှန်ပေမယ့် "ငါ့ဖုန်းလေး Update တင်လိုက်ရင် အဆင်ပြေပါ့မလား" ဆိုပြီး စိုးရိမ်နေကြတဲ့သူတွေအတွက် သေချာပေါက် သိထားရမယ့် အချက်တွေကို နည်းပညာပိုင်းအရ ပွင့်ပွင့်လင်းလင်း ခွဲခြမ်းစိတ်ဖြာပေးချင်ပါတယ်။
❌ ၁။ လမ်းခွဲခဲ့ရပြီဖြစ်တဲ့ iPhone 11 သမားများ
ပထမဆုံး Fact-check အနေနဲ့ အွန်လိုင်းမှာ ပျံ့နေတဲ့ ဇယားအချို့အရ iPhone 11 Series နဲ့ iPhone SE (2nd Gen) တို့ဟာ iOS 27 မှာ လုံးဝ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ iOS 26 မှာတင် သက်တမ်း ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
⚠️ ၂။ Update ရပေမယ့် "အသည်းအသန် ရုန်းကန်ရမယ့်" အုပ်စု
ဇယားထဲမှာ ကံကောင်းလို့ Update စာရင်းထဲ ကပ်ပါလာမယ့် အဟောင်းဆုံး မော်ဒယ်တွေဖြစ်တဲ့ iPhone 12 Series, iPhone 13 Series နဲ့ iPhone 14 (Standard) ကိုင်ဆောင်ထားသူတွေဟာ အဓိက သတိထားရမယ့်သူတွေ ဖြစ်ပါတယ်။
RAM အကန့်အသတ် ပြဿနာ: အနာဂတ် On-device AI (ဖုန်းထဲတင် အလုပ်လုပ်မယ့် AI) တွေကို အပြည့်အဝ မောင်းနှင်ဖို့ RAM 8GB ကနေ 12GB အထိ လိုအပ်လာတာဖြစ်လို့ RAM 4GB ကနေ 6GB ပဲပါတဲ့ ဒီမော်ဒယ်အဟောင်းတွေမှာ RAM မလောက်ငမှု အဓိက ကြုံရပါလိမ့်မယ်။
🚩စက်ပူပြီး ဘက်ထရီကျခြင်း (Thermal & Battery): ဖုန်းထဲက AI လုပ်ဆောင်ချက်တွေ Background မှာ ဆက်တိုက် တွက်ချက်ရတဲ့အခါ Neural Engine (NPU) က မနိုင်တော့ဘဲ CPU/GPU ပါ ပူးတွဲအလုပ်လုပ်ရမှာမို့ ဖုန်းက ပုံမှန်ထက် ပိုပူလာပြီး ဘက်ထရီကျတာ (Battery Drain) တွေ သေချာပေါက် ကြုံရနိုင်ပါတယ်။
💡 ၃။ ရှေ့လျှောက် Major Update တိုင်းကို ဘာကြောင့် ချက်ချင်းမတင်သင့်တာလဲ။
Apple က Software အသစ်တွေကို နောက်ဆုံးထွက် Chip အသစ်တွေ (ဥပမာ 3nm သို့မဟုတ် 2nm Chips) ပေါ်မှာ အခြေခံပြီး Optimized လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့်-
ဖုန်းအဟောင်းတွေမှာ Update တင်လိုက်ပေမယ့် AI Features အလန်းစားတွေကို Hardware မမှီလို့ သုံးခွင့်ရမှာ မဟုတ်ပါဘူး။ (စက်လေးတာ၊ ဘက်ထရီစားတာပဲ အဖတ်တင်နိုင်ပါတယ်)
📌 ပန်းသီးဖီလင် ရဲ့ အကြံပြုချက်
iPhone 15 Pro, iPhone 16 မော်ဒယ်နဲ့ အထက် ကိုင်ထားသူများ: iOS 27 ရဲ့ AI စွမ်းရည်တွေကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်လို့ တင်သုံးသင့်ပါတယ်။
iPhone 12, 13, 14 ကိုင်ထားသူများ: iOS 27 ထွက်ထွက်ချင်း ဇွတ်အတင်း မတင်ပါနဲ့ဦး! အနည်းဆုံး တစ်လ၊ နှစ်လလောက် အခြားသူတွေ တင်ပြီးနောက်ပိုင်း ထွက်လာမယ့် Feedback နဲ့ သုံးသပ်ချက်တွေကို အရင်စောင့်ကြည့်ပြီးမှ တင်ဖို့ တိုက်တွန်းချင်ပါတယ်။
Software အသစ်တိုင်းဟာ ဖုန်းအဟောင်းတွေအတွက် အမြဲတမ်း လက်ဆောင်ကောင်းတစ်ခု မဟုတ်နိုင်တာကို သတိပြုရပါမယ်။ 😎
သင့်ဖုန်းကော အခုစာရင်းအရ ဘယ်အဆင့်မှာ ရှိနေလဲ? ကွန်မန့်မှာ မျှဝေခဲ့ကြပါဦး!
အထူးသဖြင့် .0 ဗားရှင်းအစောပိုင်းတွေမှာ ပါလာတတ်တဲ့ Battery Bug
တွေကြောင့် ထွက်ထွက်ချင်း အလောတကြီး မတင်သင့်ပါဘူး။

#ပန်းသီးဖီလင်

18/05/2026

တရုတ်ကနေ CEIR Paid ဖြစ်အောင် အိုင်ဖုန်း IMEI နံပါတ်အတုတွေ ရေးသွင်းထားတဲ့ ဖုန်းအလုံးရေ ထောင်ချီ ပြည်တွင်းဈေးကွက်ထဲ ရောက်နေလို့ ဖုန်းဆိုင်တွေနဲ့ အသုံးပြသူတွေ အကြီးအကျယ် လိ.မ်.လ.ည်ခံနေရပါတယ်။

ဒီအလုံးတွေက ပုံမှန်ထက် ဈေးသက်သာလို့ ဆိုင်သမားတော်တော်များများ အဝယ်မိနေကြတာပါ။ လက်ရှိမှာ ဖြန့်တဲ့လက်ကြီးသမားတွေကို ဖမ်းဖို့ လုပ်နေတယ်ဆိုပေမယ့် ကိုယ့်လက်ထဲမိရင် ကိုယ်တိုင်ပဲ တာဝန်ယူရမယ့် အခြေအနေ ဖြစ်နေပါတယ်။

အထူးသဖြင့် မူဆယ်နဲ့ မြဝတီကလာတဲ့ ဖုန်းတွေကို သတိထားဖို့ လိုပါတယ်။ သူတို့တွေဟာ တရားဝင် Paid ဖြစ်ပြီးသား အိုင်ဖုန်း IMEI တွေကို ခိုးယူပြီး တစ်လုံးနဲ့တစ်လုံးမတူအောင် ဖုန်းအမြောက်အမြားမှာ လိုက်ရေးထားကြတာပါ။ ဒါကြောင့် ပြည်တွင်းမှာ တရားဝင် Paid ဖြစ်ပြီးသား အစစ်အမှန် အိုင်ဖုန်းတွေပါ ရက်ပိုင်းအတွင်း Unpaid ပြန်ဖြစ်ပြီး လိုင်းပိတ်ကုန်ကြပါတယ်။

လတ်တလောမှာတော့ လိမ်လည်ခံရတဲ့ ဖုန်းတွေ လိုင်းပြန်တက်ဖို့အတွက် ဆိုင်နဲ့ ဝယ်သူ ညှိနှိုင်းပြီး တစ်ယောက်တစ်ဝက်စနစ်နဲ့ တစ်ဖုန်းကို အခွန် ၈ သိန်းကျော် ထပ်မံစိုက်လျော်ပြီး ဆောင်နေရတယ်လို့ သိရပါတယ်။

Want your business to be the top-listed Media Company in Busan?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Busan