The Car Addicts

The Car Addicts

Share

ကားများအား ရူးသွပ်ခြင်းကို အခြေခံသော၊
လွတ်လပ်သော မီဒီယာ

est 2021

16/04/2026

360° ဗီဒီယို, ဓာတ်ပုံတွေ ရိုက်ချင်တဲ့ Drifter, Biker brother တွေရှိရင် ကျွန်တော်တို့ကတစ်ဆင့် Insta360 ရဲ့ Official Products တွေကို စိတ်ချလက်ချ ဝယ်ယူနိုင်ပါပြီဗျာ

ကျွန်တော်တို့ The Car Addicts က Insta360 ရဲ့ Official Affiliate Partner အဖြစ် ပူးပေါင်းထားပါတယ်

Overseas က brother တွေကတော့ ဒီ "INRSGQ7STPT" Code လေးကို သုံးပြီး Official Web Store ကနေပဲ တိုက်ရိုက် ဝယ်ယူလို့ရပါတယ်

- 360° camera (X series)
- Action camera (Ace Pro 2, Go 3s)
- Car/ Bike mount
- Bundles
- Accessories ‌

စတဲ့ Insta360 product line up တွေအားလုံး available ပါ

official warranty ပါပါမယ်
seasonal sales ရှိရင် ရှိသလို discount သို့မဟုတ် extra gift တွေရနိုင်ပါမယ်

အခုလောလာဆယ်တော့ 200gb insta360 cloud storage တွေကို ၁ နှစ် (သို့) ၆ လစာ free ပေးနေပြီး Ace Pro-2 action cam ကိုလည်း $50 လောက် discount ပေးနေပါတယ်

Action Cam တွေက ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားပြီး တောက်လျှောက် keep up လုပ်နေတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ဘယ်လို model မျိုးဝယ်သင့်လဲ တိုင်ပင်တာကစလို့ Price, Payment, Delivery အထိ အစအဆုံးကူညီပေးပါမယ်

DM မှာ အသေးစိတ် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျား

26/03/2026

ဒီကားကို ပထမဆုံး စတွေ့တုန်းကဆို လွန်ခဲ့သော နှစ်နှစ်ဆယ်လောက်၊ window vista ကွန်ပျူတာ လေးကနေ 2G 3G လိုင်းနဲ့ အင်တာနက်ပေါ်မှာ ကားပုံတွေလျှောက်ကြည့်ရင်း Veyron EB 16/4 ကို ‌ပထမဆုံးမြင်ဖူးခဲ့တဲ့ အချိန်ကို နောက်ပြန်ရစ်လိုက်သလိုလို၊ parallel universe က ချာတိတ်အရွယ် ကိုယ့်ကိုကိုယ်မြင်လိုက်ရသလိုလို nostalgic feeling ကြီးတစ်ခု လာထိတယ် ထိဆို ကျွန်တော့်ကို ကားရူးတစ်ယောက်ဖြစ်လာအောင် ဆွဲဆောင်ခဲ့တဲ့ ကားတွေထဲ veyron ကထိပ်ဆုံးကပါတာကိုး

Bugatti ဆိုတာ ဘာမှန်းမသိခင်ထဲက ဒီပြိုင်ကားကြီးက တခြားပြိုင်ကားတွေလို အချွန်အတက် ထောင့်ချိုးတွေနဲ့ ဒီဇိုင်းမျိုးလည်း မဟုတ်၊ vw beetle နဲ့ကလည်း ခပ်ဆင်ဆင်ဆိုပေမယ့် မိုက်‌တော့ မိုက်သားပဲ ဆိုပြီး ငယ်ငယ်လေးထဲက စိတ်ထဲမှာစွဲနေခဲ့တာ ကျွန်တော်တစ်ယောက်ထဲတော့ ဟုတ်မယ်မထင်ဘူး။ သူ့ရဲ့ အနီနဲ့ အမဲ two tone color ကလည်း အဲဒီခေတ်မှာ အထူးအဆန်းလို့ဆိုရမပေါ့

Veyron ကစလို့ Chiron အထိ ဒီကားနှစ်စီးလုံးရဲ့ အစအဆုံး သက်တမ်းကို ကြုံခဲ့၊ ကြိုက်ခဲ့ရတဲ့ သူတစ်ယောက်အတွက်တော့ ဒီ F.K.P Hommage ဟာ ရေရေလည်လည်ကြွေရပြန်တဲ့ ကားတစ်စီးပဲ
Chiron ရဲ့ Body ပေါ်မှာ Veyron ရဲ့ Soul ကို ဒီလောက်ထိ လှလှပပ ပြန်အသက်သွင်းပေးလိုက်နိုင်တဲ့ Frank Heyl ရဲ့ ပညာကလည်း ဩချလောက်စရာကောင်းတယ်

Veyron က သူ့ခေတ်သူ့အခါရဲ့ industry standard တွေကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ သမိုင်းတွင် engineering marvel၊ "ခေတ်လွန်" ဟိုက်ပါကားတစ်စီးဆိုတာကိုတော့ အထွေအထူးပြောပြစရာလိုမယ်မထင်ပါဘူး သို့သော် F.K.P ဆိုသောသူကြောင့်သာမဟုတ်ရင်တော့ ဒီလို ဟိုက်ပါကားတစ်စီးလည်း ဖြစ်လာဖို့အကြောင်း မရှိပါဘူး

Ferdinand Karl Piëch

Ferdinand Porsche ရဲ့ မြေးအရင်း

ပထမဆုံး Le mans winning Porsche "917" ကို ဖန်တီးခဲ့သူ

Audi အား Quattro AWD system တီထွင်ရန် အကြံပေးခဲ့သူ

235 mpg ရသော VW XL1 project ကို ဦးဆောင်ခဲ့သူ

ဂျပန်ကို အလုပ်ခရီးထွက်ရင်း Shinkansan (ကျည်ဆံရထား) ပေါ်မှာတင် ဆယ့်ရှစ်လုံးထိုး W18 အင်ဂျင်ပုံကြမ်းကို စိတ်ကူးရကာ စာအိတ်အဟောင်းတစ်ခုပေါ်မှာ ချဆွဲခဲ့သူ

အဲဒီ W18 ပုံကြမ်းမှတစ်ဆင့် ကမ္ဘာ့ပထမဆုံး ဆလင်ဒါဆယ့်ခြောက်လုံးထိုး တာဘိုလေးလုံးတပ် W16 အင်ဂျင်ကြီးကို develop လုပ်နိုင်ခဲ့ပြီး 248 mph အထိ မောင်းနှင်နိုင်ခဲ့ ကမ္ဘာ့အမြန်ဆုံးကား Bugatti Veyron ကို ဖန်တီးပေးခဲ့သူ

The Godfather of modern supercar era

သက်တမ်းတစ်လျှောက်လုံး boundary တွေကို ချိုးဖျက်၊ အကျိုးအမြတ်ကို ဂရုမစိုက်ပဲ တကယ့်ကို over engineered ကားတွေချည်း ထုတ်ခဲ့တဲ့ Legend ကြီးတစ်ယောက်ဖြစ်ပါတယ် VW Group မှာ boss ဖြစ်နေတဲ့အချိန် Bugatti ကိုမဝယ်ခဲ့ရင်လည်း Bugatti ဆိုတဲ့ Brand ဟာ Bankrupt ဖြစ်လုနီးပါးကနေ Chiron Supersport အထိ W16 ရဲ့ potential ကိုအသုံးချနိုင်ဖို့၊ Tourbillion မှာ V16 စသုံးဖို့ အ‌နေအထားလောက်အထိ ဖြစ်မလာနိုင်ပါဘူး 2026 မှာတော့ Bugatti ရဲ့ Veyron နဲ့အတူ ပြန်စခဲ့တဲ့ တစ်ကျော့ပြန်ခရီးဟာ နှစ် ၂၀ ပြည့်ခဲ့ပါပြီ

ဆိုတော့ ဒီ F.K.P Hommage ဟာ
Bugatti ရဲ့နှစ်ပေါင်း ၂၀ ကြာ ခရီးရှည်ကြီးတစ်ခု၊ အဲဒီခရီးရှည်ကြီးကို စတင်လျှောက်လှမ်းခဲ့တဲ့ လူတစ်ယောက် နဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ကားတစ်စီးတို့ရဲ့ အဓိပ္ပါယ်၊ အနှစ်သာရများကို လှပစွာ ပေါင်းစပ်ဖန်တီးထားတဲ့ ကားတစ်စီး လို့ဆိုရမှာပါ

Bugatti ရဲ့ one off limited edition များသာ ထုတ်လုပ်မယ့် Programme Solitaire ရဲ့ ဒုတိယမြောက် model ဖြစ်ပါတယ် 99 စီးသာ အရေအတွက်ကန့်သတ်ထားတဲ့ Bugatti Mistral ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး Chiron Supersport ရဲ့ 1,578 hp 8L Quad Turbo W16 ကြီးကို အသုံးပြုထားဆဲပါပဲခင်ဗျား

Want your business to be the top-listed Autos & Automotive Service in Incheon?
Click here to claim your Sponsored Listing.

Category

Website

Address

Incheon