Civil Ko Ko's Class
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Civil Ko Ko's Class, School, Lanmadaw Street, Aunglan.
ပညာသင်ကြားခြင်းကို ဝဋ်ဒုက္ခလို့ ခံယူတဲ့ သူ ဘယ်တော့မှ ပညာမတတ်ဘူး ။
ဆရာသမားက ငေါက်လို့ ရိုက်လို့ ဆိုပြီး
ပညာမသင်ချင်တော့ဘူး ဆိုတဲ့ တပည့်လည်းဘယ်တော့မှ ပညာမတတ်ဘူး ။
ကိုယ့်ကိုယ် ပညာသင်ကြားပေးနေတဲ့
ဆရာ့ကို ယုံကြည်ချက်မဲ့နေပြီး
ဒီလောက်ကတော့ ငါတောင် သင်တတ်သေးတယ်ဆိုတဲ့တပည့်လည်း ပညာမတတ်တဲ့အပြင်
ဘယ်တော့မှ မအောင်မြင်တတ်ဘူး ။
ပညာသင်ကြားချိန်မှာ ကြွားဝါတတ်တဲ့ တပည့်
မာန်မာန ထားတတ်တဲ့ တပည့်
သူသိ သူတတ် လုပ်တတ်တဲ့ တပည့်
ကိုယ်သင်နေတဲ့ ပညာရပ်ကို
တန်ဖိုးမထားတတ်တဲ့ တပည့်
ဆရာ့ အပေါ် အမြဲ ပြစ်မှားတဲ့ တပည့်
ဘယ်သောအခါမှ မအောင်မြင်ပါ ။
ယခု ဖြစ်နေတဲ့ အဖြစ်ပျက်ကတော့ တက္ကသိုလ်မှာ
တက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေ
အများဆုံး ကျင့်သုံးကြတဲ့ နည်းစနစ် တွေကို
အခု စနစ်သစ်ပညာရေးမှာ
G10/G-11/ G-12 ကလေးတွေက
ကြိုတင်ကျင့်သုံးနေကြတယ် ။
အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့်
G-12 ကျောင်းသား၊ကျောင်းသူတွေက
ပိုပြီး ကျင့်သုံးလာတာတွေ့ရတယ် ။
သေချာပြီ အဲ့ကလေး လူငယ်ဖြစ်ပြီး
တက္ကသိုလ် တက်ခွင့်မရတော့ဘူး
ပျော်စရာတွေလည်းမတွေ့ တော့ဘူး
လူငယ်ရဲ့ လွတ်လပ်တဲ့အရသာ ခံစားရမှာ
မဟုတ်တော့ဘူး အမှန်ပဲ ။
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ
စိတ်ဓာတ်ပေါင်းစုံ ရုပ်ရည် ဥပဓိပေါင်းစုံ
လူမူဆက်ဆံရေး ပေါင်းစုံ ရှိတဲ့
တက္ကသိုလ် မြေမှာ ခြေချခွင့် မရခဲ့လျှင်
လူငယ်ဖြစ်ပြီး လူဖြစ်ရှုံးလိမ့်မယ် ။
ပညာသင်ခြင်းကို ဝဋ်ဆင်းရဲဒုက္ခ ခံနေရတာပဲလို့
ခံယူထားတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ
ပညာတတ် ဖြစ်လာလိမ့်မည် မဟုတ်ချေ။
#ဦးခွန်းမိန်
#တော်ဝင်မြန်မာစာ
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Aunglan