Taungoo Spring Revolution News Collection
တောင်ငူခရိုင်တွင်းရှိ ပြည်သူများရင်ဖွင့်နိုင်သော တောင်ငူခရိုင်နွေဦးတော်လှန်ရေးဆိုင်ရာသတင်းချန်နယ်
🛑🛑🛑
ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ နဲ့ အနောက်ဖက်ခြမ်းအနီးတစ်ဝိုက်က အခြေအနေတစ်ခုခုထူးတာရှိရင် ဆက်သွယ်ကြပါဦး။
ဆက်သွယ်ရန် 👇👇👇တယ်လီဂရမ်
* ရေတာရှည်မြို့နယ်
ရေနီစစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသူတွေကို
ဓာတ်ပုံရိုက်စစ်ဆေးတာတွေ လုပ်နေတယ်လို့
သိရပါတယ်။
21/10/2025
တိုက်ပွဲသတင်းထုတ်ပြန်ချက်
https://www.facebook.com/share/19DBeUnd77/
စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးတိုက်ပွဲဖော်ဆောင်
◼️ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူးညီညီနိုင် အပါအဝင် (၁၅) ဦးသေဆုံး
ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ရွာသစ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာစစ်ကြောင်းက အောက်တိုဘာလ (၂၀) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ဦးသေဆုံးခဲ့ပြီး (၂) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။
ထို့ပြင် လက်နက်ငယ် (၅) လက်၊ ၆၀မမ (၁) လက်၊ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး (၁) ခု၊ ခဲယမ်းမျိုးစုံများ နှင့် အခြားစစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
လက်ရှိ အချိန်တွင် အကြမ်းဖက်စစ်တပ်မှ စစ်ကူအင်အားများ ဖြည့်တင်းကာ ပြန်လည်တိုးဝင်လာသဖြင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး စစ်တောင်းမြစ်ကမ်းဝန်းကျင်ဒေသရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။
#ပြန်ကြားရေး
#အမှတ်(၂)စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Bago