YEN Japanese Language Class
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YEN Japanese Language Class, School, Yangon-Mandalay High Way Road, Bago.
27/03/2022
သင်္ကြန်ကာလ (ပညာဒါန) ဂျပန်ဘာသာ အခြေခံရက်တို သင်တန်း
ဘာသာစကားအသစ်တစ်ခုကို လေ့လာဖြစ်ဖို့ဆိုရာမှာ စတင်လေ့လာတဲ့အချိန်ဟာ တကယ် အရေးကြီးဆုံးဖြစ်ပါတယ် ။ အစကောင်းခဲ့ရင် စိတ်၀င်စားမှု /သိလိုမှု မြင့်ပြီး ဒီဘာသာကို ဆက်လေ့လာဖို့တွန်းအားတွေ ရလာမှာပါ။ ဒါကြောင့် ဂျပန်ဘာသာကို စတင်လေ့လာမှုကို စိတ်အားထက်သန်ဖို့ရာ ဒီ Japanese Basic Course (အခြေခံ ရက်တိုသင်တန်း) ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။
Q1**ဘယ်လိုလူတွေ တက်ရောက်ဖို့သင့်လဲ ?
✅ဂျပန်ဘာသာတော့ သင်ချင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝါသနာမှ ပါရဲ့လား / စသင်လို့ အဆင်မှ ပြေပါ့မလား စဉ်းစားနေရတဲ့သူတွေ
✅စာမေးပွဲ ပြီးထားပြီး ဘာသာစကားတစ်ခုကို ခြေလှမ်းဖို့ သင့်နေတဲ့ ကျောင်းသား/သူများ
✅တစ်သိန်းကျော် ပေးရတဲ့ Level တွေ မတက်ရောက်မီ ဂျပန်ဘာသာက ကိုယ်နဲ့မှ အဆင်ပြေပါ့မလား အမြည်းစမ်းကြည့်ချင်သူများ
✅ပျော်စရာမရှိတဲ့ သင်္ကြန်ရက်အတွင်း အသစ်တစ်ခုကို စတင်လေ့လာပြီး အချိန်ကုန်ကြည့်ချင်သူများ
Q2**7 ရက်တာ အခြေခံ သင်တန်းဆိုတော့ ဒီရက်တိုသင်တန်းကနေ ဘာတွေ တက်သွားမှာလဲ ?
🔸ဂျပန်စာ ရေးနည်း ဆွဲချက်များ
🔸ဂျပန်ပိုက်ဆံရေတွက်နည်း
🔸ဂျပန် နေ့စဉ်သုံး နှုတ်ဆက်စကားများ
🔸ဂျပန် နာရီ ကြည့်ခြင်း
🔸ဂျပန် နေ့၊လ၊ ရက် ရေတွက်ခြင်း
🔸ဂျပန်နိုင်ငံ၏ အခြေခံ ယဉ်ကျေးမှုဓလေ့များ
Q3** သင်တန်းကြေး ဘယ်လောက်ပေးရလဲ?
🔹ပညာကြေးက အခမဲ့ပါ။
🔹စာရွက်စာတမ်းကြေး မကောက်ပါ။
(ခဲတံ တစ်ချောင်း၊ ခဲဖျက်တစ်ခုနဲ့ စာအုပ် တစ်အုပ် ယူလာရင် ရပါပြီ )
🔹သို့ပေမယ့် အတန်းနေရာငှားရတာဖြစ်တာကြောင့်
နေရာကြေး (Venue Fees)တစ်သောင်းကျပ် ပေးသွင်း
ရမှာ ဖြစ်ပါတယ် ။
Q4** သင်ပေးမယ့်ဆရာမ/ဆရာ က ဘယ်သူပါလဲ?
🧑🏫 Tour Guide လိုင်စင်ရ ၊ ဂျပန် Tour ကုမ္ပဏီအတွေ့အကြုံရှိ ဆရာမဖြစ်ပါိတယ်။ လက်ရှိ အပြင်သင်တန်းနဲ့ online Class တွေမှာ ပို့ချပေးလျှက်လဲ ရှိပါတယ် ။
Q4** အတန်းစမည့်နေ့ရက် /အချိန် / နေရာ
📣 10th April - 16th April ,2022
🕘 (9am မှ 11 am အထိ)
🏠 အမှတ် ၈၀၈, ရန်ကုန် - မန္တလေး လမ်းမကြီး ၊
ကျွန်းသာယာ (ယခင် Logic Gate နေရာ)
Click here to claim your Sponsored Listing.
Category
Website
Address
Bago