Max Mingo

Max Mingo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Max Mingo, News & Media Website, Bago.

Photos from Max Mingo's post 10/07/2017

UNA ပုံမှန်အစည်းအဝေးသို့ ရခိုင်မျိုးချစ်ပါတီ(APP) တက်ရောက်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ UNA ရုံးချုပ်၌ ပြုလုပ်သော UNA ပုံမှန်အစည်းအဝေးသို့ ရခိုင်မျိုးချစ်ပါတီ(APP)က ဦးအေးသန်းမောင် - ဒုတိယဥက္ကဌ တက်ရောက်။

ပြန်ကြားရေးကော်မတီ
ရခိုင်မျိုးချစ်ပါတီ

Photos 07/07/2017

ရခိုင်မျိုးချစ်ပါတီ(APP)က ၁/၂၀၁၇ သဘောထားထုတ်ပြန်ချက်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

သဘောထားထုတ်ပြန်ချက်
(၁/၂၀၁၇)
-----------------------------

၁။ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများသည် တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ကိုယ့်ကံကြမ္မာ ဖန်တီးခွင့်ရရှိရေးတို့ကြောင့် ဖြစ်ပေသည်။

၂။ လက်ရှိနိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော အကြမ်းဖက်သမားများ၏ ပြည်သူလူထုများအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

၃။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ဆောင်ရွက်ခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ကြောင်း ယူဆသည်။ ၁၉၈၂ - နိုင်ငံသားဥပဒေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြတ်ပြတ်သားသား လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်သာ အကျိုးဖြစ်ထွန်းနိုင်မည်ဟု သုံးသပ်မိသည်။

၎။ ဤကဲ့သို့ ဖြစ်ပွားနေခြင်းများသည် အုပ်ချုပ်နေသော အစိုးရ၏ လုံခြုံရေး အစီအမံများ လျော့ရဲမှုကြောင့် မိမိတို့၏ အချုပ်အချာအာဏာကို ထိပါးနှောင့်ယှက်ခံရခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းများကို ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့က မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြတ်ပြတ်သားသား လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်တွန်းသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်မျိုးချစ်ပါတီ

ပြန်ကြားရေးကော်မတီ
ရခိုင်မျိုးချစ်ပါတီ

Photos from Max Mingo's post 07/07/2017

ရခိုင်မျိုးချစ်ပါတီ(APP)က UNA အစည်းအဝေးတက်ရောက်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

၂၀၁၇ ဇူလိုင် ၇ ရက်တွင် ပြုလုပ်သော UNA အစည်းအဝေးသို့ ရခိုင်မျိုးချစ်ပါတီ(APP)က ဦးအေးသန်းမောင်-ဒုတိယဥက္ကဌ တက်ရောက်

ပြန်ကြားရေးကော်မတီ
ရခိုင်မျိုးချစ်ပါတီ

Want your business to be the top-listed Media Company in Bago?
Click here to claim your Sponsored Listing.

Website

Address


Bago