Interim Adminstrative Council -Banmaw TU
နည်းပညာတက္ကသိုလ်(ဗန်းမော်)၊ယာယီအုပ?
04/03/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်
`` Photoshop Foundation Course ´´
သင်တန်းကာလ - တစ်လခွဲခန့်။
သင်တန်းစတင်မည့်နေ့ - မတ်လ (၈)ရက်၊ ၂၀၂၂ ခုနှစ်။
သင်ကြားမည့် ပုံစံ - Facebook Group
ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
ယခုသင်တန်းသည် (၁)လခွဲခန့် ကြာမြင့်မည်ဖြစ်ပီး ကျောင်းသားကျောင်းသူ၊ လူငယ်တို့ အနေဖြင့် (၂၁)ရာစုတွင်
တတ်မြောက်ထားသင့်သော ပညာရပ်တစ်ခုဖြစ်သည့် `Photoshop Foundation´ အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။...
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://forms.gle/xFsPSXYfJbgHk1JG8
ဖောင်ပိတ်မည့်ရက် - မတ်လ (၆)ရက်နေ့၊ ည (၁၁) နာရီ၊ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။
မတ်လ (၇) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။
သင်ကြားမည့် အကြောင်းအရာများ
Course Outlines...
1.Software installation
2.Photoshop နဲ့ပက်သတ်ပြီး မဖြစ်မနေသိထားရမည့် tools များအကြောင်း...
3.ပုံများကို အလင်းအမှောင်၊အရောင် ပြုပြင်နည်း(lighting and color adjustment)
4.ပုံပေါင်းစပ်ပြီး Poster Design များဖန်တီးခြင်း(Photo Editing technique)
5.ပုံရိပ်များကိုပိုမိုကြည့်ကောင်းအောင်ပြုပြင်၊ပြင်ဆင်နည်း(photo retouching)
6.ကြော်ငြာဒီဇိုင်းများရေးဆွဲနည်း(Social media design)
(*manipulation, color grading , retouch သင်ခန်းစာများ)
စသည့် တို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။...
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1
ကျောင်းသား/အတန်းသားများ အဆင်မပြေသည်များရှိပါက (Telegram Account)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
10/02/2022
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဥ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဥ်
ကြားကာလပညာရေး အစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ကျောင်းသားများကွန်ရက် မှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်း၍ စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
ကာလတိုသင်ကြားရေး အစီအစဥ်အဖြစ် ဖော်ပြပါ Webinar အားကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
“Power Flow Studies”
ပို့ချမည့်ရက် - ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၂ ခုနှစ်။ (စနေနေ့)
ပို့ချမည့်အချိန် - မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ။
ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၂ ခုနှစ်။ (သောကြာနေ့)
အသုံးပြုမည့် Platform - Zoom app
ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများအပြင် လျှပ်စစ်စွမ်းအားဆိုင်ရာ ပညာရပ်အား စိတ်ပါဝင်စားသူ မည်သူမဆို Zoom မှတစ်ဆင့် တက်ရောက်နားထောင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းသားအရေအတွက်အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနိုင်သည့်အတွက် အမှန်တကယ် တက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသင်တန်းအား Electrical Power Students' Network မှ စီစဥ်ခြင်းဖြစ်သည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
ဖောင်တင်ရမည့်link - https://forms.gle/X7jJeBFzMAS8rhDh9
Electrical Power Students' Network page
https://www.facebook.com/Electrical-Power-Students-Network-104804138636099/
Zoom linkများကို Emailမှတစ်ဆင့် ပေးပိုသွားပါမည်။ Email စစ်ရာတွင် Inboxတွင် မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။
31/01/2022
နည်းပညာတက္ကသိုလ်(ဗန်းမော်)ရှိ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကျောင်းသား၊သူများ သိရှိစေရန်
______________________________________
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဥ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဥ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဥ်
ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်ဆောင်ရွက်လျက်ရှိသည်။
Basic Industrial Motor Control
သင်တန်းစတင်မည့်ရက် - ၅.၂.၂၀၂၂ (စနေနေ့)
သင်တန်းကြာချိန် - ၂လခန့်
ကန့်သတ်လူဦးရေ - (၂၀၀) ဦးခန့်။
သင်တန်းအချိန် - အပတ်စဉ် စနေ၊ တနင်္ဂနွေ ( 7pm to 9 pm)
အသုံးပြုမည့် platform - Zoom app
သင်တန်းသားအရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနိုင်သည့်အတွက် အမှန်တကယ်သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်မည့်သူများသာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသင်တန်းအား Electrical Power Students' Network မှ စီစဥ်ခြင်းဖြစ်သည်။ Course outline အသေးစိတ်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။
Course Detail
Course Description - To Study the Basic Electronics devices and Motor Control System
Duration
Contents
Week I – (1) Introduction of Basic Motor Control System
Week II - (2) Principle Operation of DC Motor
Week III - (5) Manual Control of AC Single Phase Induction Motor
Week IV - (8) Magnetic Contactor Based AC Single Phase
Week V - (10) Basic Timer Application
Week VI - (13) Automatic Water Level Control by DOL Starter
Week VII - (15) Basic Parameter Setting of VFD
Week VIII - (17) VFD Based Forward-Reverse Control of AC
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
ဖောင်တင်ရမည့်link - https://forms.gle/NfFQ8atjmtUyRDmKA
ဖောင်ပိတ်မည့်ရက် - ၃၁.၁.၂၀၂၂ (တနင်္လာနေ့)
Electrical Power Students' Network page
https://www.facebook.com/Electrical-Power-Students-Network-104804138636099/
Zoom linkများကို Emailမှတစ်ဆင့် ပေးပိုသွားပါမည်။ Email စစ်ရာတွင် Inboxတွင် မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the university
Website
Address
Banmaw
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |