Bhamo Foundation
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bhamo Foundation, Community Organization, Banmaw.
23/08/2025
June လမှ July လ ထိ နောက်ဆုံး လက်ခံရရှိတဲ့ အလှူမှတ်တမ်းများဖြစ်ပါတယ် 🙏🍀
အလှူရှင်များ ကိုယ်စိတ်နှစ်ဖြာချမ်းသာလို့
အသက်ရှည် အနာမဲ့ပါစေ..
ချစ်သောသူ မိသားစု၊ ချစ်သူ၊ မိတ်ဆွေနဲ့
အသက်ထက်ဆုံး ဘေးကင်းရန်မဲ့
နေထိုင်နိုင်ပါစေ 🍀🙏
ဒီမနက်ရာသီဥတုအခြေနေကြောင့် ပုသိမ်ကြီး လာဖို့အစီစဉ်လေးကို ရက်ချိန်းလေးလုပ်ထားပါတယ်ရှင့်
ဆန်အိတ်တွေသယ်ရတာမို့ မိုးရွာရင်အဆင်မပြေဖစ်မှာစိုးလို့ပါ။ ပြန်လာမဲ့ရက်ကို
ဖုန်းလေးတချက်ပြန်ဆက်ပေးပါမယ်ရှင်
အဆင်မပြေဖြစ်သွားတဲ့အတွက်။ တောင်းပန်ပါတယ်ရှင့်🙏🙏
02/08/2025
မနက်ဖန် မန္တလေးမြို့ရဲ့ ပုသိမ်ကြီး နဲ့ မြောက်ပြင်
စစ်ရှောင်အိမ်ထောင်စု ပြန့်ကျဲ့မိသားစုများအတွက်
ဆန်၊ ဆီ ၊ ခြင်ဆေးခွေ၊ ဆပ်ပြာမှုန့်
အမျိုးသမီးသုံး နဲ့ ဆေး
အလှူပေးဖို့ ရှိပါတယ်.. 🍀
ငွေသား အလှူ မပါသေးပါ ရှင့်
မရဖူးသေးသူများ စာရင်းလာပေးပေးပါရန်
ရဖူးပြီးသူများ - မရသေးသူတွေကို ညွန်းပေးပါ..
ထပ်မယူပေးပဲဦးစားပေးပေးပါ လို့ မေတ္တာရပ်ခံပါတယ်🙏
အလှူလာပေးတဲ့အခါ စုရပ် ရှိပါမယ်..
လူစုပြီး နေထားပေးရင် ပိုအဆင်ပြေပါတယ်ရှင့်
ဗန်းမော်က စစ်ရှောင်မိသားစု ဖြစ်ဖို့ လိုပါတယ်ရှင့်
လက်ရှိ နေရပ်ဘယ်မှာနေတယ်၊ ဗမ ဘယ်မှာနေခဲ့တယ် ၊ ဖုန်း - နဲ့ လိပ်စာ Chat box မှာပဲ ရေးပေးပါ ရှင့်
Volunteer ကူမဲ့သူများလဲ ဆက်သွယ်ပေးနိုင်ပါတယ်ရှင့် ☺️
01/08/2025
ပညာတံခွန် ကျောင်း ဘုန်းဘုန်းရဲ့ အပြုံး ☺️
ညည်းတို့ ဒါတွေလိုနေတာ ဘယ်လိုသိလဲ ? တဲ့
အံဩဝမ်းသာစွာ လှိုက်လဲတဲ့ အပြုံးနဲ့
ရန်ကုန်မြို့ပြင်နားက - ကိုယ်ထူကိုယ်ထ ပရဟိတ - ပညာအခမဲ့ ကျောင်း (သို့မဟုတ်) ဗန်းမော် စစ်ရှောင်စခန်း တဖြစ်လှည့် ပညာတံခွန်ကျောင်းသို့
ဆီပိဿာ (၂၀)
ထင်း အလှူအတွက် - ငွေသား (၂) သိန်း
ဗန်းမော်စစ်ရှောင် ကလေးတွေ ပညာသင်ကြားရေးအတွက် - စာအုပ်ဒါဇင် (၂၀)
ကားခ အပါအဝင်
စုစုပေါင်း တန်ဖိုး - (၆)-(၇) သိန်း ဝန်းကျင် လှူဒါန်းပေးခဲ့ပါတယ်။
အလှူရှင်များ သာဓုခေါ်စေသော် 🙏
ကျွန်မတို့ Bhamo Foundation သို့လှူဒါန်းလိုပါက -
Kpay Acc 💰- Daw Aye Aye Thi
09881453492
သို့ လှူဒါန်းနိုင်ပါတယ်
အလှူ Certificate လဲ ထုတ်ပေးပါတယ်ရှင့်
အနည်းငယ် နောက်ကျသည်ရှိသော်
နားလည်ပေးပါရန် တောင်းပန်အပ်ပါတယ် 🙏🍀
အလှူဖြစ်မြောက်ဖို့ မန္တလေးမှ ရန်ကုန်ထိ ခရီးဆက် စွန့်စား ကြိုးပမ်းအားထုပ်ပေးသော
ညီမလေး (၂) ဦး အားလေးစားစွာဖြင့်
ဂုဏ်ပြုအပ်ပါတယ် ❤️🍀
Click here to claim your Sponsored Listing.