Radanar Ayar Association - RDA

Radanar Ayar Association - RDA

Share

Radanar Ayar Rural Development Association is Myanmar Not-for-Profit Association working on the ground for the rural development and emergency aid.

20/04/2026

မေးခွန်း- စိုက်ပျိုးမြေမှာ Organic matter လုံလောက်စေဖို့ သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာတို့ကို ထည့်သွင်းပါတယ်။ မြေဧရိယာအားလုံးကို မထည့်နိုင်သေးပဲ တတ်နိုင်သလောက်ကိုပဲ ဖြည့်စွက်တာပါ။ ကျန်ဧရိယာတဝက်လောက်က သဘာဝမြေဩဇာမထည့်ဖြစ်သေးပါဘူး။ အနည်းငယ် သဲဆန်ပါတယ်။ အဲဒီမြေ ၂ မျိုးမှာ ပေါင်းသတ်ဆေး အတူတူဖျန်းပါတယ်။ ပေါင်းသေနှုန်းဟာ သဘာဝမြေဩဇာ မထည့်ထားတဲ့အကွက်မှာ ပိုမြန်တာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲ။ ရှင်းပြပါတဲ့။

Organic matter (သစ်ဆွေး/မြေဆွေး) ပါဝင်မှု၊ ဖြည့်စွက်မှုဟာ စိုက်ပျိုးရေးကဏ္ဍမှာ ဓာတုဆေးထိရောက်မှုရှုထောင့်ကကြည့်ရင် ဓားသွား နှစ်ဖက်လိုပါပဲ။ စိုက်ပျိုးမြေမှာ မြေဆွေးပါဝင်မှုများခြင်းသည် ကောင်းကျိုးတွေများသလို ဓာတုဆေး (မြေကြီးမှာ တိုက်ရိုက်အသုံးပြုတဲ့အခါ) အားနည်းချက်လည်းဖြစ်စေနိုင်ပါတယ်။

အကျိုးကျေးဇူးအနေနဲ့ Organic matter (OM) များတဲ့အတွက် အပင်ရဲ့ အမြစ်ထိုးဖောက်နိုင်စွမ်း အခွင့်အလမ်းကောင်းစေမယ်။ မြေဆွေးပါဝင်မှုများခြင်းကြောင့် မြေကြီးပွလာပြီး အမြစ်တွေဟာ မြေကြီးထဲက ရေနဲ့အာဟာရဓာတ် စုပ်ယူမှုဖြစ်စဉ်တွေဖြစ်တဲ့ Diffusion နဲ့ Osmosis အတွက် လိုအပ်တဲ့ မျက်နှာပြင်ဧရိယာ ပိုရလာပါတယ်။ ဒါကြောင့် အပင်က အာဟာရနဲ့ရေ ကို ပိုမိုစုပ်ယူနိုင်ပါတယ်။
အကျိုးပြုအဏုဇီဝသက်ရှိ (Microbes) တွေအတွက် organic matter သည် အစာဖြစ်လို့ ဦးရေ များလာစေနိုင်ပါတယ်။ ဒီအကျိုးပြုသက်ရှိတွေက အပင်ကို ရောဂါဒဏ်ခံနိုင်အောင် ကူညီပေးသလို၊ အချို့သော ဓာတုဆေး အကြွင်းအကျန်တွေကို အဆိပ်အတောက် မဖြစ်အောင် ခြေဖျက်ပေးပါတယ်။
မြေသားဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး မြေကြီးရဲ့ ရေထိန်းနိုင်စွမ်း၊ အောက်စီဂျင် စုပ်ယူအသုံးချမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

ဒီအချက်တွေရဲ့ အခြားဘက်မှာ
ဓာတုဆေး အသုံးပြုမှုနဲ့ organic matter ပါဝင်မှုကို ဆက်စပ်မယ်ဆိုရင် ….
မြေကြီးမှာ မြေဆွေးပါဝင်မှုများခြင်းဟာဓာတုဆေးစိမ့်ဝင်မှု နည်းရခြင်း အကြောင်းရင်း (The Scientific Conflict) တစ်ခုလည်း ဖြစ်စေနိုင်တာပါ။
ဒီနေရာမှာ "Adsorption" (မျက်နှာပြင်တွင် ကပ်ငြိခြင်း) ဆိုတဲ့ အချက်က အဓိကပါ။
စုပ်ယူထားခြင်း (Binding): သြဂဲနစ်ဓာတ်တွေမှာ Humic Acid လိုမျိုး ရှုပ်ထွေးတဲ့ မော်လီကျူးတွေ ပါဝင်ပါတယ်။ ၎င်းတို့မှာ လျှပ်စစ်ဓာတ်ဆောင်တဲ့ (ဓာတ်ဖို၊ ဓာတ်မ) နေရာတွေ အများကြီးရှိလို့ မြေကြီးထဲ ထည့်လိုက်တဲ့ ဓာတုဆေး (ဥပမာ- ပေါင်းသတ်ဆေး သို့မဟုတ် ပိုးသတ်ဆေး) မော်လီကျူးတွေကို အမြစ်ဆီ မရောက်အောင် "သံလိုက်" လိုမျိုး ဆွဲကပ်ထားလိုက်ပါတယ်။

ဥပမာ - ပေါင်းသတ်ဆေးမှာ Glyphosate လို ဆေးမျိုးဟာ Organic matter များတဲ့မြေမှာ မြေကြီးက အလွန်အကျွံ ဆွဲထားတတ်ပါတယ်။ အကျိုးကတော့ ဘေးပတ်ဝန်းကျင်ကို ဆေးမပြန့်တော့ဘူး၊ အပြစ်ကတော့ ဆေးအာနိသင် လျော့သွားလို့ ပမာဏ ပိုသုံးရတတ်ပါတယ်။

ဗဟုသုတအနေနဲ့ပြောရရင် old pesticide (စနစ်ဟောင်းမှာထုတ်ခဲ့သော) လို့ခေါ်တဲ့ အစောပိုင်းကာလတွေမှာထုတ်ခဲ့တဲ့ အဆီဖိတ်၊ ဖျူရာဒန်၊ ပါရာကွပ်၊ ဒိုင်ကွပ် အစရှိတဲ့ဆေးတွေဟာ ဆီကိုအခြေခံ၍ ထုတ်လုပ်ထားပြီး ဒီဆေးတွေဟာ cations (+) ဓာတ်ဖိုပါဝင်မှု လွှမ်းမိုးပါတယ်။
စနစ်သစ်နဲ့ထုတ်ထားတဲ့ (modern pesticides) အခုနောက်ပိုင်းထုတ်ထားတဲ့ဆေးတွေသည် ရေကိုအခြေခံ၍ ထုတ်ထားပြီး anions (-) ဓာတ်မပါဝင်မှုလွှမ်းမိုးပါတယ်။

အထက်မှာဆွေးနွေးထားမှုအရ မေးခွန်းကို ရှင်းလင်းရမယ်ဆိုရင်
မြေဆွေးပါဝင်မှုနည်းသော သဲဆန်တဲ့မြေမှာ ပေါင်းသတ်ဆေးကို မြေပေါ်မှာ ပက်ဖျန်းလိုက်ရင် ဆေးက အမြစ်ဆီ တန်းရောက်ပါတယ်။ ဒါပေမယ့် ဆေးဖျန်းချိန် မြေမှာ အစိုဓာတ်များခဲ့ရင်ဘဆေးက မြေကြီးထဲမှာ ကြာကြာမနေဘဲ ရေနဲ့အတူ အောက်ကို စီးဆင်းပျောက်ကွယ်သွားနိုင်သလို မြေကြီးမှာ ကပ်တွယ်နေနိုင်တဲ့ပမာဏ နည်းတာကြောင့် အမြစ်ဆီတိုက်ရိုက်ရောက်တဲ့ဆေးကို စုပ်ယူဖို့အချိန်ကာလတိုအတွင်း ပေါင်းပင်သေဖို့လုံလောက်တဲ့ပမာဏ ရခဲ့ရင် ပေါင်းအမြန်သေမှာပါ။ အကယ်၍ နှုန်းထားနဲ့ ပက်ဖျန်းချိန်မှာ ရှိတဲ့ ရာသီဉတုက လွဲမှားမှုတစုံတရာရှိခဲ့ရင်တော့ ပေါင်းမသေတာကို တွေ့ရမှာပါ။

နောက်တချက်အနေနဲ့
မြေဆွေးပါဝင်မှု များသော မြေဆီလွှာမှာ ပေါင်းသတ်ဆေး ဖျန်းလိုက်တဲ့အခါ ဆေးရဲ့ ၄၀% လောက်က OM မှာ ကပ်ငြိသွားပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၆၀% ကို အပင်က အမြစ်မွှေးတွေ အများကြီးနဲ့ တည်ငြိမ်စွာ စုပ်ယူနိုင်ပါတယ်။ ဆေးအာနိသင်က ချက်ချင်းကြီး မပြပေမဲ့ မြေကြီးထဲမှာ ဆေးရှိနေတဲ့သက်တမ်း ပိုကြာတဲ့အတွက် ရေရှည်မှာ ပိုထိရောက်နိုင်ပါတယ်။
ဆေးဆုံးရှုံးမှုနည်းမယ်။ ဆေးဖြေးဖြေးစုပ်ယူလို့ ပေါင်းသေတာကို မြန်မြန်မတွေ့ရနိုင်ဘူး။ သို့သော် အချိန်တခုစောင့်ရင် မြေကြီးက ဆေးစုပ်ယူထားမှုကြောင့် အာနိသင်လျော့ပါးဆုံးရှုံးနိုင်ခြေနည်းတာလည်းဖြစ်နိုင်တဲ့ အားသာချက်ရတတ်သလို မြေဆွေးထဲက အနုဇီဝသက်ရှိရဲ့ ခြေဖျက်မှုကြောင့် အာနိသင်လျော့တာလည်း ရှိသွားနိုင်ပြန်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ပေါင်းသေနှုန်း နှေးတာ၊ နည်းတာ တွေ့ရနိုင်ပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် စိုက်ပျိုးမြေမှာ Organic Matter များတာဟာ ရေရှည်အတွက် မြေကြီးအတွက်ရော အပင်ဖြစ်ထွန်းမှုအတွက်ပါ ကောင်းမွန်စေပါတယ်။ ပေါင်းသတ်ဆေးစိမ့်ဝင်မှု အတန်ငယ် နှေးကွေး/နည်းပါးသွားနိုင်တာမှန်ပေမဲ့ အပင်ရဲ့ ကျန်းမာသန်စွမ်းမှုက အဲဒီအားနည်းချက်ကို ပြန်လည်ကာမိစေပါတယ်။ ဒါကြောင့် organic matter များတဲ့မြေမှာ ပေါင်းသတ်ဆေးအပါအဝင် အခြား ဓာတုဆေးတွေသုံးမယ်ဆိုရင် ဆေးညွှန်းကို သေချာဖတ်ပါ။ အချို့ဆေးတွေက မြေကြီးအမျိုးအစားအလိုက် ပမာဏ အနည်းအများ ပြောင်းလဲသုံးစွဲဖို့ လိုအပ်တတ်ပါတယ်။

Dr. DaDa
Ph. D Entomology

(စိုက်ပျိုးရေးဆိုင်ရာ အထွေထွေဗဟုသုတများစာမျက်နှာမှ ကူးယူဖေါ်ပြပါသည်)

08/02/2026

7 .2 .2026 ..စနေနေ့ စပါးပေါက်စျေးနှုန်းများ

#အညာသား= 13.5/13.7/14သိန်း..
အသစ်ပေါင်..55ပေါင်

#အညာသား=20/21သိန်း
အဟောင်း(ပေါင်)50

#ရက်90=13/13.5သိန်း
အသစ်(55)ပေါင်

#ရက်90=19/19.5သိန်း
အဟောင်း(20)

#ကျားပျံ=27/28 သိန်း
အသစ် (46)ပေါင်

#ကျားပျံ=32/32.5သိန်း
အဟောင်း=(46) ပေါင်

#တောင်ပျံ=26/26.5သိန်း
အသစ်(46)ပေါင်

#တောင်ပျံ =30/30.3/30.5သိန်း
အဟောင်း(46)ပေါင်

#ပေါ်ဆန်းရင်=30/30.5)သိန်း #ကွင်းရွေးသည်
အသစ်(50)ပေါင်

#ခွံနီ=23/23.5)သိန်း
ပေါင်(52.5)ပေါင်
လက်ရှိလက်ငင်းငွေချေစနစ်ဖြစ် ကျနော်ဝယ်ယူသော
စျေးနှုန်းများဖြစ်သည်..

#ဆင်းသုခ=(14.5/15 သိန်း
မိုးစပါး=ပေါင်(50)အခြောက်

#ရေကျသုခ=16.3/16.5သိန်း
ရိတ်ကျနွေစပါး(55)ပေါင်

#ပခမ်းရွေဝါ=13/14သိန်း
ပေါင်(50)အခြောက်

#ပခမ်းကြီး=15/15.6.7သိန်း
ပေါင်(50)အခြောက်

#ဆာဖိုးသာ=13/14/15သိန်း
ပေါင်(50)အခြောက်

=13.5/14သိန်း
ပေါင်(50)အခြောက်

#ကရင်မ=13/13.5/14သိန်း
ပေါင်(55)ပေါင်

#ထွန်းပု =13/14သိန်း
(52.5)ပေါင်

#သိီးပု=13/13.5
ပေါင်(50)

ရွှေသွယ်လေး=14သီန်း
ပေါင်(50)

ဒီစပါးတွေတော့ ကျနော်မဝယ်ယူသေးပါဘူး..ဒါပေမဲ့
စပါးပေါက်စျေးသိရှိရအောင် တင်ပေးခြင်းဖြစ်ပါတယ်

U Yan Naing Soe

(U Yan Naing Soe page မှ ကူးယူ‌ဖေါ် ပြထားခြင်းဖြစ်ပါသည်)

27/01/2026

မိုးစပါးမှာလည်း ဖြုတ်ကျတတ်တာပဲ၊ နွေစပါးမှာလည်း ဖြုတ်ကျတတ်တာပဲ။ ဒါဆိုရင် ဓာတုပိုးသတ်ဆေးကို အသုံးပြုပြီး နှိမ်နင်းမယ်ဆိုရင် ဆေးအမျိုးအစား/အသုံးပြုပုံ အတူတူပဲလို့ ယူဆချက်ရှိနိုင်ပါလိမ့်မယ်။

တကယ်တော့ မိုးစပါး၊ နွေစပါးမှာ ဖြုတ်ကျခဲ့ရင် ဖြေရှင်းရမယ့်အခြေအနေက သိသိသာသာကွာခြားမှုရှိနိုင်ပါတယ်။ ဘာလို့လဲဆိုရင် မိုးစပါးမှာ ကျရောက်မှုများတတ်တာသည် ဖြုတ်ကျောဖြူအမျိုးအစားဖြစ်တတ်ပြီး နွေစပါးမှာကျတတ်တာသည် ဖြုတ်ညိုအမျိုးအစားဖြစ်တတ်တာကြောင့်ပါ။

ဒါဆိုရင် ဖြုတ်ကျောဖြူနဲ့ ဖြုတ်ညိုရဲ့ အလေ့အထကွာခြားချက် ဘယ်လိုရှိပါသလဲဆိုတာကို သိထားဖို့လိုပါမယ်။

၁။ ဖြုတ်ကျောဖြူသည် စပါးပင်ရဲ့ အရွက်များကြားနဲ့ အပင်အပေါ်ယံမှာ အဓိကရှင်သန်ခိုအောင်းဖျက်ဆီးပြီး ဖြုတ်ညိုသည် စပါးပင်အခြေ ရေနဲ့ထိစပ်နေသောပင်စည်ပိုင်းမှာ အဓိက ခိုအောင်းဖျက်ဆီးပါတယ်။
၂။ ဖြုတ်ကျောဖြူသည် တနေရာမှ တနေရာသို့ ရွေ့လျားနိုင်စွမ်းများပါတယ်။ ဖြုတ်ညိုသည် ရွေ့လျားနိုင်မှုနည်းပါတယ်။
၃။ ဖြုတ်ကျောဖြူသည် ပျံ့နှံ့နိုင်စွမ်းမြန်ပြီး ဖြုတ်ညိုသည် မျိုးပွါးနိုင်စွမ်းပိုမြန်ပါတယ်။
၄။ ဖြုတ်ကျောဖြူသည် စပါးရွက်စင်းပင်ပု ဗိုင်းရပ်စ်ကို သယ်ဆောင်ကူးစက်စေနိုင်ပြီး ဖြုတ်ညိုသည် စပါး မြက်တူပင်ပုနှင့် နီတိုလက္ခဏာပြ ဗိုင်းရပ်စ်ကို သယ်ဆောင်ကူးစက်စေနိုင်ပါတယ်။
၅။ ဖြုတ်ကျောဖြူသည် အစုလိုက်အပြုံလိုက်စုဝေးနေထိုင် ဖျက်ဆီးလေ့မရှိပဲ စပါးရွက်များကြား တကောင်ခြင်းစီ ဖျက်ဆီးတာကိုတွေ့ရနိုင်ပါတယ်။ အရွက်ဝါခြင်း၊ အပင်ပုခြင်းလက္ခဏာ။
ဖြုတ်ညိုသည် စပါးပင်ခြေမှာ အစုအပြုံလိုက်နေထိုင်ဖျက်ဆီးတတ်ပြီး စပါးရွက် အဝါမှ အညို- ဖြုတ်လောင်ခြင်း (hopper burn) လက္ခဏာကို တွေ့ရနိုင်ပါတယ်။
၆။ ဖြုတ်ကျောဖြူသည် အပင်စိမ်းစိုလတ်ဆတ်နေချိန်၊ စွတ်စိုမှုများသောမိုးရာသီ၊ သဘာဝရန်သူ (မိတ်ဆွေပိုး) အနည်းအများအပေါ် မူတည်ခြင်းမရှိပဲ ကျရောက်တတ်ပါတယ်။
ဖြုတ်ညိုသည် အပင်ဦးရေသိပ်သည်းပြီး နိုက်ထရိုဂျင်လွန်ကဲသည့်စပါးခင်း၊ ပူနွေးစွတ်စိုသောရာသီဉတုနှင့် နွေစပါးခင်းများတွင် ကျရောက်မှုများပြီး မိတ်ဆွေပိုးဦးရေနည်းပါးသောအခြေအနေမှာ တဟုန်ထိုးပွါးများတတ်ပါတယ်။

အချုပ်အားဖြင့်
ဖြုတ်ကျောဖြူသည် ပျံ့နှံ့နိုင်စွမ်းအားကောင်းခြင်း၊ ဖြုတ်ညိုသည် မျိုးပွါးနိုင်စွမ်းအားကောင်းခြင်းသည် သတိပြုရမယ့်အချက်တွေဖြစ်ပါတယ်။

စီးပွါးရေးကျော်လွန်စည်း (ETL) အနေနဲ့ နွေစပါးတရုံမှာ (အများဆုံးပင်ပွါးစုံချိန်) ဖြုတ်ညို ၁၀-၂၀ ကောင်၊
မိုးစပါးတရုံ (ပင်ပွါးချိန်) မှာ ဖြုတ်ကျောဖြူ ၅-၁၀ ကောင်ဆိုရင် ဓာတုပိုးသတ်ဆေးအသုံးပြုနှိမ်နင်းဖို့လိုအပ်ပါတယ်။

စပါးစိုက်ချိန်နဲ့ ဖြုတ်ကျောဖြူ/ဖြုတ်ညိုကျရောက်နိုင်မှုကိုလေ့လာမယ်ဆိုရင်-
မိုးစပါးစိုက်ချိန်မှာ အပူချိန်သည် ပျမ်းမျှ ၂၈-၃၂ ဒီဂရီစင်တီဂရိတ်ဝန်းကျင်၊ မိုးရွာသွန်းရက်နဲ့ မိုးရေချိန် အသင့်အတင့်မှ များ၊ အပင်ဖြစ်ထွန်းမှုသည် ရေ/အစိုဓာတ်ကြောင့် စိမ်းစိုလတ်ဆတ်ပြီး တစ်ရှူးသားများနူးညံ့၊ မိတ်ဆွေပိုးဦးရေများ၊ စတဲ့အခြေအနေသည် ဖြုတ်ကျောဖြူကျရောက်မှုအတွက် အားပေးစေနိုင်ပါတယ်။

နွေစပါးစိုက်ချိန်သည် အပူချိန် ၃၂-၃၈ ဒီဂရီစင်တီဂရိတ်ဝန်းကျင်၊ စွတ်စိုမှုနည်း (ရေသွင်း) ရခြင်းကြောင့် ပူနွေးစွတ်စိုသော ပတ်ဝန်းကျင်အခြေအနေဖြစ်နေစေနိုင်ခြင်း၊ အပင်ကြီးထွားမှုအတွက် နိုက်ထရိုဂျင်သွင်းအားစုကို မိုးစပါးထက် ပို၍ဖြည့်စွက်ရန်လိုအပ်နိုင်ခြင်း၊ ရာသီဉတုအရ မိတ်ဆွေပိုးဦးရေနည်းစေနိုင်ခြင်း၊ စသောအခြေအနေသည် ဖြုတ်ညိုကျရောက်မှုကို အားပေးစေနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းမှုပုံစံအရ
ဖြုတ်ညိုကျရောက်တတ်သော နွေစပါးအတွက်
- မျိုးစေ့နှုန်းထား လွန်ကဲခြင်း မဖြစ်စေရ (အပင်ဦးရေ ကြပ်ခြင်းမရှိစေရန်)
- လိုအပ်နိုင်သော နိုက်ထရိုဂျင်သွင်းအားစုကို မဖြစ်မနေ အကြိမ်ရေခွဲပြီး ထည့်ပါ (မြေခံ၊ ပင်ပွါးချိန်၊ အနှံစပြူချိန်)
- ဖြုတ်ညိုစတင်တွေ့ရပါက ၂-၃ ရက်ခန့် ရေထုတ်ထားပါ (စိုထိုင်းဆလျော့စေရန်)

ဖြုတ်ကျောဖြူကျရောက်တတ်သော မိုးစပါးအတွက်
- စိုက်ချိန်သည် တကွင်းတစပ်တည်း အနီးစပ်ဆုံး တူညီရမည်

သင့်လျော်သောပိုးသတ်ဆေးရွေးချယ်မှု
မိုးစပါးအတွက်
- မိတ်ဆွေပိုးဦးရေများသောကြောင့် ထိခိုက်နိုင်မှုကို ထည့်သွင်းစဉ်းစားရမည်
- အစာစားချင်မှုကို ဟန့်တားသောအာနိသင်၊ အုံ့မှိုင်းသောရာသီဉတုဖြစ်နိုင်ခြင်းကြောင့် အရွက်တွင်း စိမ့်ဝင်မှုမြန်ပြီး အပင်တွင်း ရွေ့လျားမှုနှေးသော အာနိသင်ရှိဆေးမျိုးကို ဦးစားပေးရွေးချယ်ရမည်။
- Pymetrozine, Buprofezin, Flonicamid + Spirotetramat

နွေစပါးအတွက်
- မိတ်ဆွေပိုးဦးရေနည်းနိုင်ခြင်းကြောင့် ဆေးရွေးချယ်မှုအတွက် ဖြုတ်ညိုသီးသန့်အပေါ်သာ ဦးစားပေးရွေးချယ်နိုင်သည်။
- အရွက်တွင်းစိမ့်ဝင်မှုမြန်ပြီး အပူကြောင့် ဓာတ်တိုးနိုင်စွမ်း/အငွေ့ပျံနိုင်စွမ်းနည်းသည့် ပင်လုံးပြန့်အာနိသင်ရှိသော ဆေးအမျိုးအစားကို ဦးစားပေးရွေးချယ်သင့်သည်။
- Abamectin, Dinotefuran
- ပိုးဦးရေ အလွန်များပါက Fipronil + Flonicamid (တရာသီအတွက် ၁ ကြိမ်သာ အသုံးပြုရပါမည်။)

Dr. DaDa
Ph. D Entomology

(စိုက်ပျိုးရေးဆိုင်ရာ အထွေထွှေဗဟုသုတများစာမျက်နှာမှ ကူးယူဖေါ်ပြပါသည်)

Want your organization to be the top-listed Non Profit Organization in Bogale?
Click here to claim your Sponsored Listing.

Website

Address

No. 5, Sin Thiri Street, Ward/1
Bogale