Zwezen

Zwezen

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwezen, Writer, Dagon.

19/11/2025

ကလေးနှစ်ယောက်က ကျွန်တော့်တံခါးကို ခေါက်ပြီး တစ်ခြံလုံးက သစ်ရွက်တွေကို ဆယ်ဒေါ်လာနဲ့ လှဲပေးပါ့မယ်လို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော်လုပ်ခဲ့တဲ့အရာက သူတို့ အလုပ်ကြိုးစားမှုကို မြင်ပုံကို ထာဝရပြောင်းလဲသွားစေခဲ့တယ်။

စနေနေ့ နေ့လယ်ခင်းမှာ ကျွန်တော် တံခါးဘဲလ်သံကြားလိုက်ရတယ်။ အသက် ၁၁ နှစ် (ဒါမှမဟုတ်) ၁၂ နှစ်လောက်ရှိမယ့် ကောင်လေးနှစ်ယောက်ဟာ သူတို့အတွက် အရမ်းကြီးနေသလိုဖြစ်နေတဲ့ သစ်ရွက်လှဲဂွ (သစ်ရွက်ခြွေတံ) တွေ ကိုင်ပြီး ကျွန်တော့်ရဲ့ မျက်နှာစာဆောင်မှာ ရပ်နေကြတယ်။ အရပ်ပိုရှည်တဲ့တစ်ယောက်က စိုးရိမ်တကြီးနဲ့ လည်ချောင်းရှင်းပြီး ပြောလိုက်တယ်– “အန်ကယ်... တောင်းပန်ပါတယ်။ ကျွန်တော်တို့ အန်ကယ့်ခြံကို သစ်ရွက်လှဲပေးရမလားခင်ဗျာ။ တစ်ခြံလုံးကို ဆယ်ဒေါ်လာနဲ့ လုပ်ပေးပါ့မယ်။”
သူတို့နှစ်ယောက်ကို ကျော်ပြီး ကျွန်တော့်ရဲ့မြက်ခင်းကို ကြည့်လိုက်တယ်။ သစ်ရွက်တွေ နေရာအနှံ့ပဲ။ ဒါက အနည်းဆုံး နှစ်နာရီကြာမယ့် အလုပ်၊ သုံးနာရီလောက်တောင် ကြာနိုင်တယ်။
"တစ်ယောက်ကို ဆယ်ဒေါ်လာစီလား" လို့ ကျွန်တော်မေးလိုက်တယ်။
သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ အရပ်ပုတဲ့သူက ခေါင်းယမ်းပြတယ်။ "မဟုတ်ပါဘူးခင်ဗျာ။ စုစုပေါင်း ဆယ်ဒေါ်လာပါ။ ကျွန်တော်တို့ ခွဲယူကြမှာပါ။"
တစ်ယောက်ကို ငါးဒေါ်လာ။ ဒီလိုပင်ပန်းတဲ့ အလုပ်ကြမ်းအတွက်ပေါ့။
ကျွန်တော် သဘောတူခဲ့လို့ ရတယ်။ အဲဒီလိုဆိုရင် ကျွန်တော့်ခြံတစ်ခြံလုံးကို အိတ်ဆောင်ပိုက်ဆံအနည်းငယ်နဲ့ သစ်ရွက်လှဲခိုင်းလိုက်လို့ရပြီး ဒါကို ဈေးနှုန်းညှိနှိုင်းမှုဆိုင်ရာ သင်ခန်းစာတစ်ခုလို့ သတ်မှတ်ခဲ့လို့လည်း ရတယ်။ ဒါပေမဲ့ သူတို့ရပ်နေတဲ့ ပုံစံ၊ မျှော်လင့်ချက်အပြည့်နဲ့၊ ယဉ်ကျေးပြီး၊ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ပုံစံက အဲဒီအရွယ်က ကျွန်တော့်ကိုယ်ကျွန်တော် သတိရစေတယ်။ ကြိုးစားရုန်းကန်နေရတာ။ အခွင့်အရေးတစ်ခုလောက်ပဲ လိုချင်နေတာ။

"ကောင်းပြီ" လို့ ကျွန်တော်ပြောလိုက်တယ်။ "သဘောတူပြီ။ စလုပ်ကြတော့။"
နောက်ထပ် နှစ်နာရီခွဲကြာအောင် ကျွန်တော် ဒီကလေးတွေ အလုပ်လုပ်တာကို ကြည့်နေခဲ့တယ်။ သူတို့ လွယ်လွယ်ဖြတ်ကျော်တာမျိုး မလုပ်ခဲ့ဘူး။ မညည်းမညူဘူး။ သူတို့ နေရာတိုင်းကို လှဲတယ်၊ သစ်ရွက်တွေကို အိတ်ထဲထည့်တယ်၊ ပြီးတော့ မတောင်းဆိုဘဲနဲ့ ကျွန်တော့်ရဲ့ ကားလမ်းကိုတောင် တံမြက်စည်းလှဲခဲ့သေးတယ်။ နောက်ဆုံးမှာ သူတို့ အလုပ်ပြီးကြောင်း ပြောဖို့ တံခါးခေါက်လာတဲ့အခါ ချွေးတွေရွှဲနေတယ်၊ ပင်ပန်းနွမ်းနယ်နေတယ်၊ ဒါပေမဲ့ ပြုံးနေကြတယ်။
ကျွန်တော် ပိုက်ဆံအိတ်ကိုယူပြီး အပြင်ထွက်လာတယ်။ "မင်းတို့နှစ်ယောက် အလုပ် အရမ်းကောင်းတယ်။" လို့ ပြောပြီး အမေရိကန်ဒေါ်လာ နှစ်ဆယ်တန် လေးရွက်ကို သူတို့ကို ပေးလိုက်တယ်။ "ဒါ မင်းတို့အတွက် အခကြေးငွေပဲ။"
အရပ်ပိုရှည်တဲ့ ကောင်လေးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ "အန်ကယ်၊ ကျွန်တော်တို့ ဆယ်ဒေါ်လာပဲ ပြောထားတာပါ...”
"မင်းတို့ ဘာပြောခဲ့လဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အရည်အသွေးရှိတဲ့ နှစ်နာရီကြာ အလုပ်တစ်ခုက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကိုလည်း ငါသိတယ်။ မင်းတို့ ဒီပိုက်ဆံအားလုံးကို ရထိုက်ပါတယ်။"
သူတို့တွေ ပိုက်ဆံတွေကို အစစ် ဟုတ်ရဲ့လားဆိုသလို စိုက်ကြည့်နေကြတယ်။ အဲဒီနောက် အရပ်ပုတဲ့ ကောင်လေးက ကျွန်တော့်ကို မော့ကြည့်ပြီး တိုးတိုးလေး ပြောတယ်။ "ကျေးဇူးတင်ပါတယ်။ တကယ်ပါ။ ကျေးဇူးတင်ပါတယ်။"
သူတို့ လျှောက်သွားကြတော့ ဘယ်အရာတွေ ဝယ်မယ်ဆိုပြီး စိတ်လှုပ်ရှားစွာ ပြောနေကြတာကို ကျွန်တော်ကြားလိုက်ရတယ်။ ပြီးတော့ ကျွန်တော် သဘောပေါက်သွားတာတစ်ခုရှိတယ်။ကလေးတွေကို အလုပ်ကြိုးစားမှုရဲ့ တန်ဖိုးကို သင်ကြားပေးဖို့ ကျွန်တော်တို့ ပြောနေကြပေမယ့် အလုပ်ကြိုးစားမှုဟာ တကယ်ပဲ တန်ဖိုးထားခံရတယ်ဆိုတာကိုတော့ သူတို့ကို အမြဲတမ်း ပြသပေးလေ့မရှိကြဘူး။

ဒီကောင်လေးတွေက အလကား ပေးကမ်းတာကို တောင်းခဲ့တာ မဟုတ်ဘူး။ သူတို့ ဝန်ဆောင်မှုကို ကမ်းလှမ်းခဲ့တယ်။ သူတို့ လာရောက်လုပ်ကိုင်ခဲ့တယ်။ သူတို့ လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ခဲ့တယ်။ တစ်ခါတလေဆိုရင် ကြိုးစားအားထုတ်မှုကို အပြစ်ပေးပြီး လွယ်ကူတဲ့နည်းလမ်းကို ဆုချသလို ခံစားရတဲ့ လောကကြီးမှာ ကောင်းမွန်တဲ့အလုပ်ကို မသိကျိုးကျွန်ပြုခံရမှာ မဟုတ်ဘူး ဆိုတာကို သူတို့သိပြီး ထွက်သွားစေချင်ခဲ့တယ်။
မင်းသာ ကြိုးစားလုပ်ဆောင်မယ်ဆိုရင်၊ ရိုးသားမှုနဲ့ အလုပ်လုပ်မယ်ဆိုရင်၊ ဘယ်သူမှ မကြည့်နေတဲ့အချိန်မှာတောင် မင်းရဲ့ အကောင်းဆုံးကို ပေးဆပ်မယ်ဆိုရင် စိတ်ကောင်းရှိတဲ့သူတွေက ဒါကို မြင်ပါလိမ့်မယ်။ ပြီးတော့ သူတို့က မင်းကို ကောင်းချီးပေးပါလိမ့်မယ်။
ဒါက ကလေးတွေအတွက် သင်ခန်းစာတစ်ခုတည်း မဟုတ်ဘူး။ ဒါက ကျွန်တော်တို့အားလုံးအတွက် သင်ခန်းစာတစ်ခုပါ။"

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

Want your public figure to be the top-listed Public Figure in Dagon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Dagon