WIY VLOGE
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WIY VLOGE, Dagon.
29/10/2024
ထားသွားချင်တဲ့အခါ ...
ကျွန်တော်တို့ ဘယ်လောက်ချစ်ခဲ့တာပါဆိုတဲ့
အကြောင်းတွေကို သူ သိချင်တော့မှာ မဟုတ်ဘူး
ပေးဆပ်ခဲ့တာတွေ အနစ်နာခံခဲ့တာတွေက
ပြန်ပြောပြလဲ ဟာသတစ်ခုသာသာပါပဲ
ထားသွားချင်တဲ့အခါ....
ကိုယ်ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေး
အရာရာက အလကားပါပဲ ပြီးတော့ အပိုသက်သက်ပါပဲ
ဘယ်လောက်ပဲ ကောင်းအောင်နေနေ သူတို့အမြင်မှာ
ကိုယ်ဟာ လူဆိုးတစ်ယောက်ပါပဲ
ထားသွားချင်တဲ့အခါလေ ...
စကားတွေပြောချင်နေမိတဲ့ကိုယ်က အပြစ်တွေ
အများကြီး ကျူးလွန်နေမိသလိုဖြစ်တတ်တယ်
စာတွေပို့နေမိတဲ့ ကိုယ်ကအနှောင့်အယှက်တွေ
အများကြီးပေးနေမိသလိုဖြစ်လာတတ်တယ် ။
အေးစက်နေတဲ့ဆက်ဆံရေးကို နွေးထွေးချင်နေမိတဲ့ ကိုယ်က
စောက်ပိုတွေလုပ်တာ ဖြစ်သွားတတ်တယ် ။
ထွက်သွားမှာစိုးလို့ ဆွဲကိုင်ထားမိတဲ့အခိုက်အတန့်တွေက
တန်ဖိုးတွေ အများကြီး ကျခဲ့ရုံသက်သက်ပေါ့
ထားသွားချင်တဲ့အခါလေ ...
ကိုယ်ချစ်ခဲ့ပါတယ်ဆိုတာတွေကောနှစ်တွေဘယ်လောက်ကြာခဲ့တာဆိုတဲ့ အချိန်တွေကောမျှော်လင့်ခဲ့တဲ့ အိပ်မက်တွေ အကြောင်းကော သူမရှိရင်မဖြစ်တဲ့ ကိုယ့်အကြောင်းကိုကော
သူဘာမှ သိချင်တော့မှာ မဟုတ်ဘူး ...
အရာရာက အရင်ကထက် အေးစက်ပြီး
ခြောက်ကပ်သွားမှာ ...
ပြီးတော့ မချစ်ချင်တော့ဘူးဆိုတဲ့စကားနဲ့
အကြောင်းပြချက်တွေ အများကြီးမရှိလဲ
ထားသွားခဲ့တာပါပဲ။
Click here to claim your Sponsored Listing.