Dawei Garden

Dawei Garden

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei Garden, Health/Beauty, Dawei.

07/01/2023

ရာသီဥတု ပျက်စီးလာနှင့်အမျှ ဝင်ရိုးစွန်းလည်း
ရည်ပျော်ကြရကုန်ပါပီ၊ ဘာကြောင့် ရာသီဥတု
ပျက်စီးရသလဲဆိုရင် ကြင်နာတရားမရှိခြင်းကြောင့်
ဖြစ်ပါတယ်၊

တောင်နဲ့မြောက် ဝင်ရိုးစွန်းနှစ်ခုမှာ ဘယ်ဝင်ရိုးစွန်းက ပိုအေးသလဲ?

Thoughts page မှ ကူးယူ​ဖော်ပြပါသည်

ကမ္ဘာပေါ်မှာအအေးဆုံးနေရာတွေဟာ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတို့ပါပဲ။ အဲဒီနှစ်နေရာဟာ တူသယောင်ယောင် ထင်ရပေမယ့် တစ်ဘက်က အခြားတစ်ဘက်ထက် ပိုအေးပါတယ်။ ဒီတော့ ဘယ်ဝင်ရိုးစွန်းက ပိုအေးသလဲ? တောင်နဲ့မြောက် ဝင်ရိုးစွန်းတို့ အေးရတဲ့အကြောင်းက သူတို့ဟာ ကမ္ဘာရဲ့ အပေါ်ဘက်စွန်းနဲ့ အောက်ဘက်စွန်းတို့မှာ အသီးသီးတည်ရှိနေလို့ပဲ။ ဒါကြောင့် ဝင်ရိုးစွန်းတွေဆီကို နေရောင်ခြည် တိုက်ရိုက်မရောက်ဘူး။ ဝင်ရိုးစွန်းနှစ်ဘက်လုံးမှာ နွေခေါင်ခေါင်ရောက်တာတောင်မှ နေဟာ ဘီးကုတ်စက်ဝိုင်းနားမှာပဲ အမြဲရှိနေတယ်။ ဆောင်းရာသီဆိုရင် ဘီးကုတ်စက်ဝိုင်းရဲ့ အောက်ကိုတောင်ရောက်ပြီး လပေါင်းများစွာ နေမထွက်တာတောင်ရှိတယ်။

ရေခဲတွေရဲ့ အဖြူရောင်မျက်နှာပြင်နဲ့ နှင်းတွေဟာ အလွန်ရောင်ပြန်ဟပ်တဲ့အတွက် နေရဲ့စွမ်းအင်အများစုဟာ အာကာသထဲကို ပြန်လည်ရောင်ပြန်ဟပ်ပြီး ထွက်သွားပါတယ်။ ဒါကြောင့်အဲဒီနားတဝိုက်က လေထုဟာအမြဲအေးမြနေပါတယ်။ ဒီအချက်တွေကြောင့် ဝင်ရိုးစွန်းနှစ်ဘက်လုံးဟာ အလွန်အေးပေမယ့် တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် သိသာစွာ ပိုအေးပါတယ်။ ဘာကြောင့်လဲ?

မြောက်ဝင်ရိုးစွန်းမှာ ဆောင်းရာသီဆို ပျမ်းမျှအပူချိန်ဟာ - 40°C ရှိပြီး တောင်ဝင်ရိုးစွန်းမှာ ဆောင်းရာသီဆို ပျမ်းမျှအပူချိန် -60°C ထိတောင်ရှိပါတယ်။ တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် အများကြီးပိုအေးရတဲ့ အဓိကကွာခြားချက်ကြီးတစ်ခုရှိပါတယ်။ "မြောက်ဝင်ရိုးစွန်းဟာ ပင်လယ်ဖြစ်ပြီး တောင်ဝင်ရိုးစွန်းဟာ ကုန်းမြေဖြစ်နေတာပါပဲ"

မြောက်ပိုင်းက အာတိတ်ဟာ ကုန်းမြေတွေဝန်းရံနေတဲ့ ပင်လယ်ပြင်ကြီးဖြစ်ပါတယ်။ တောင်ပိုင်းက အန္တာတိကဟာတော့ ပင်လယ်ဝန်းရံနေတဲ့ ကုန်းမြေဖြစ်ပါတယ်။ ရေဟာ ကုန်းမြေထက်စာရင် ပူတာအေးတာ ပိုမိုနှေးကွေးပြီး အပူချိန်ပြင်းထန်တာမျိုး သိပ်မဖြစ်တတ်ဘူး။ အာတိတ်ပင်လယ်ပြင်ဟာ ရေခဲတုံးတွေဝိုင်းရံနေပေမယ့် ပင်လယ်ရေရဲ့ပူနွေးမျှတတဲ့ အပူချိန်ဟာ ပြင်းထန်တဲ့အေးစက်ခြင်းကို မဖြစ်စေပါဘူး။ ဒါကြောင့် အာတိတ်ဟာ အန္တာတိကထက်ယှဥ်ရင် အပူချိန်ဟာ နွေးတဲ့ဘက်ကို ပိုရောက်ပါတယ်။

တောင်နဲ့မြောက်ဝင်ရိုးစွန်း နှစ်ခုလုံးဟာ ထာဝစဥ်ရေခဲတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ ပျမ်းမျှအားဖြင့် အာတိတ်ပင်လယ်ကို ဖုံးလွှမ်းနေတဲ့ရေခဲတွေဟာ နွေရာသီလို အချိန်မှာ အနည်းဆုံးပမာဏအားဖြင့် 2.5 သန်းစတုရန်းမိုင်ရှိပြီး ဆောင်းရာသီလိုအချိန်မှာ အများဆုံး 6 သန်းစတုရန်းမိုင်ထိရှိပါတယ်။ ဒါပေမယ့် အန္တာတိကမှာတော့ အနည်းဆုံးပမာဏဟာ 1.2 သန်းစတုရန်းမိုင်ရှိပြီး အများဆုံးပမာဏကတော့ 7.2 သန်းစတုရန်းမိုင်ထိတောင်ရှိပါတယ်။

ဒီလိုကိန်းဂဏန်းတွေယှဥ်ကြည့်ရင်တောင် တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် ရေခဲတွေပိုများတယ်ဆိုတာ သိသာပါတယ်။ ကမ္ဘာ့ရေခဲစုစုပေါင်းရဲ့ 90% ဟာ တောင်ဝင်ရိုးစွန်းက အန္တာတိကတိုက်မှာ တည်ရှိနေတာပါ။ ဒီတော့တောင်ဝင်ရိုးစွန်းဟာ ရေခဲတုံးကုန်းမြေကြီးလိုဖြစ်နေတော့ နွေးစေတဲ့ပင်လယ်ရေနည်းပါးတာကြောင့် ရာသီဥတုကလဲ ပိုအေးနေပါတော့တယ်။ ဒါကြောင့် ကမ္ဘာ့တောင်ဝင်ရိုးစွန်းဟာ မြောက်ဝင်ရိုးစွန်းထက် အများကြီးပိုအေးပါတယ်။

𝙋𝙝𝙤𝙩𝙤 𝙘𝙧𝙚𝙙𝙞𝙩 𝙜𝙤𝙚𝙨 𝙩𝙤 𝙩𝙝𝙚 𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙤𝙬𝙣𝙚𝙧.

𝗪𝗿𝗶𝘁𝘁𝗲𝗻 𝗕𝘆 - 𝗞𝗲𝗻 | 𝗧𝗵𝗼𝘂𝗴𝗵𝘁𝘀
𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 © 𝟮𝟬𝟮𝟬-𝟮𝟬𝟮𝟮 𝗧𝗵𝗼𝘂𝗴𝗵𝘁𝘀.

https://www.facebook.com/100059453324497/posts/559401632718276/?mibextid=Nif5oz

01/01/2023

The Queen's Umbrella

" ကျမ တို့က အတိတ်က
ဒဏ်ရာတွေကို ဆွဲကိုင်
ထားနေအုံးမယ်ဆိုရင်
နာကျင်စရာတွေ
ထပ်ခါထပ်ခါဖြစ်လာဖို့
အခွင့်ပေးနေသလိုမျိုး
ဖြစ်သွားမှာပါ "

" ကိုယ်က မောပန်းနေတယ်
ဆိုရင် မောပန်းနေကြောင်း
ပြောလိုက်ပါ။ ဝမ်းနည်း
နေရတယ်ဆိုရင်လည်း
ဝမ်းနည်းနေကြောင်း
ဖော်ပြလိုက်ပါ မင်းသား။
ဟန်ဆောင်နေရတာက
ပိုပြီးနာကျင်ရတတ်တယ်လေ "

ဂျိုဆွန်းမင်းဆက် ကိုရီးယား
တိုင်းပြည်တစ်ခုရဲ့ မိဖုရားခေါင်
ကြီးကိုယ်တိုင်ပြောထားတဲ့
စကားတွေပါ။ တီဗီစီးရီး တစ်ခု
ဖြစ်ပြီး စီးရီးရဲ့ နာမည်က
Under the Queen's Umbrella
"မိဘုရားကြီး၏ထီးရိပ်အောက်၌"။
သမိုင်းနောက်ခံ ဒရာမာ
စီးရီးဖြစ်ပေမယ့်
ယနေ့ခေတ်ကာလ
တစ်ခုလုံးကို ပုံရိပ်ဖော်
ထင်ဟတ်ပြသလိုက်သလိုပါပဲ။

Wickedness - ကောက်ကျစ်စဉ်း
လဲသော၊ ယုတ်ညံ့သော လူသား
သဘာဝကို နယ်မြေအပိုင်းအခြား
မရှိ မြင်နိုင်အောင် တင်ပြထားတယ်။
Forgiveness - ခွင့်လွှတ်နိုင်စွမ်း နဲ့
Grace - တင့်တယ်သောနှလုံးသား
ဒွန်တွဲတည်ရှိနိုင်တဲ့ လူသားသဘာဝ
ကိုလည်းမြင်သာအောင်ပြထားတယ်။

ဒီ ကိုရီးယားဒရာမာ ကို
သဘောကျမိတာက
Parenting - ပြုစုပျိုးထောင်ခြင်း
ဆိုတဲ့ မိဘ နဲ့ အုပ်ထိန်းသူများ
ပြုလုပ်ကြရတဲ့ တာဝန်ရှိတယ်။
အဲဒီတာဝန်ကို မျှတညီညွတ်ပြီး
လွတ်လပ်တဲ့ နှလုံးသားမျိုးနဲ့
လုပ်နိုင်ရင် လှပတဲ့နှလုံးသားနဲ့
စူးရှတဲ့ဉာဏ်စွမ်း ရှိသော
သားသမီးများဖြစ်ထွန်းလာ
နိုင်ကြောင်းရိုက်ကူးထား
တာကြောင့်မို့ပါ။

ယနေ့ထိ အနီးအနားက
လူမှုပတ်ဝန်းကျင်မှာ
မြင်နေရဆဲဖြစ်ကြတဲ့
ဖိုဝါဒ@ အမျိုးသားအဓိက
ကြီးစိုးချယ်လှယ်ခြင်း ဓလေ့။
ချမ်းသာသူက ဆင်းရဲသူကို
ဖိနှိပ်ရမယ်ဆိုတဲ့ ဓလေ့။
အမှန်တရားကို ' ငွေ ' နဲ့
ဝယ်ယူနိုင်တယ်ဆိုတဲ့ ဓလေ့။
ကျောင်းပညာသင်ကြားရေး
မှာ နှလုံးသားဖွံ့ဖြိုးဖို့ ထက်
အခွင့်အလမ်းရရှိရေး ကသာ
အဓိကဆိုတဲ့ ဓလေ့ အမျိုးမျိုး
အကြောင်း ထုတ်ဖော်ပြသ
ထားပါတယ်။

အိမ်တွင်းပညာရေး ဆိုတာ
မိဘ အုပ်ထိန်းသူများ
ရင့်ကျက်နိုင်ရင် ရင့်ကျက်
သလောက် ရင်သွေးများ
အပေါ်ကြီးမားတဲ့ ဖြစ်ထွန်း
ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်း
ဒီ တီဗီစီးရီးက ထောက်ပြ
ထား‌ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ရဲ့
ရုပ်ရှင်၊ ဇာတ်လမ်းတွဲများမှာ
ကြည့်ရှုသူကို တစ်စုံတရာ
အသိအမြင်ဖွင့်ပေးနိုင်ဖို့
ကြိုးစားဆန်းသစ်နိုင်စွမ်း
တိုးတက်လာတယ်လို့
ခံစားမိရပါတယ်။
ကြည့်ရှုပြီးမှ ဘယ်လို
ခံစားရသလဲဆိုတာ
သိလာမှာပါ။

ကိုပီတိ
၂၇ ရက် ဒီဇင်ဘာ ၂၀၂၂

Want your business to be the top-listed Beauty Salon in Dawei?
Click here to claim your Sponsored Listing.

Category

Address

Dawei