Max's sharing
Space for your learning with me🤲
"Loving learning is a wisdom of Education "📚
“It was the human activity that encroached upon the animal’s range, creating conditions for conflict,” Udoto said.
🐅ကင်ညာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ ကြောင့် လူတွေ သေဆုံးခဲ့ရတာကို ဖော်ပြထားတဲ့ အကြောင်းကို CNN သတင်းမှာ ရေးထားတဲ့ စာကြောင်းဖြစ်ပါတယ်။
"လူသား တွေရဲ့ လုပ်ရပ်တွေက တိရိစ္ဆာန်တွေရဲ့ နေထိုင်ရာ ကို ကျူးကျော်သလိုဖြစ်တာကြောင့် လူနဲ့ တိရစ္ဆာန်ကြား ရန်လိုမှုတွေ ဖြစ်ပေါ်စေပါတယ်"လို့ ဆိုပါတယ်။
ကျူးကျော် ဝင်ရောက်တယ်၊ ချင်းနင်းဝင်ရောက်တာကို
🔹encroach (verb)အနေနဲ့ သုံးပါတယ်
Example sentences
👉 The growing town soon encroached on the surrounding countryside.
🔹တစ်စုံတစ်ယောက်ရဲ့ ဘဝ၊ အချိန်၊ အခွင့်အရေးတွေ ကို ဝင်ရောက်စွက်ဖက်တာကိုလည်း encroach လို့ သုံးနိုင်ပါတယ်။
To begin to affect or use up too much of somebody's time, rights, personal life.(Ref; Oxford dictionary)
👉I won't encroach on your time any longer.
👉 Gradually the negative feelings encroached into her work.
Max's sharing
26/07/2024
မည်သူကမျှ သူလောက် ကံဆိုးပြီး မွေးဖွားလာမည်မဟုတ်၊ မိရင်းဖရင်း က မည်သူလဲဆိုတာလည်း သိခွင့်မရ၊ ဘယ်ခုနှစ်က မွေးဖွားလာလဲဆိုတာကိုလည်း မသိခဲ့ပါ။
တောင်နဲ့ မြောက် စစ်ပွဲကြားကနေ အညတရ လူမည်းအကျွန်မိသားစုကနေ ကမ္ဘာကြီးကို လှုပ်ကိုင်နိုင်ခဲ့သူ။
အဲဒီအချိန်က မစ်ဆူရီပြည်နယ်၊ ဒိုင်းမွန်းဂရို့ဗ်ဒေသ မှာ ဆူပူသောင်းကျန်းသူပုန်တွေလက်ထဲကနေ အိမ်ရှင်ဖြစ်တဲ့ မိုးဇက်ကာဗာ နဲ့ ဆူဇန်တို့ အကူညီဖြင့် အသက်ဘေးမှ လွှတ်မြောက်လာခဲ့သူပင်ဖြစ်ပါတယ်။
မွေးကတည်းက ကျန်းမာရေး အလွန်ချူချာပြီး မောဆို့တတ်တာကြောင့် စကားကိုပင် ပီသအောင် မပြောနိုင်ခဲ့ပါ။ လူမည်းကျွန်တွေဟာ နေ့စဉ်နေ့တိုင်း ခွေးတွေနဲ့ တန်းတူတူတယ်ဆိုတဲ့ အတွေးကို ရိုက်သွင်းခံခဲ့ရပါတယ်။
အပြင်လောကကြီးက ကာဗာအတွက် မှောင်နေသလိုဆိုပေမဲ့ အမြဲတမ်း မျှော်လင့်ချက်ရောင်ခြည်က ရှိနေမြဲဖြစ်ပါတယ်။ မိုးက ဘာဖြစ်လို့ရွာလဲ၊ သစ်ပင်တွေက ဘာလို့ သေတာလဲ၊ ပင်တွေ ကြီးထွားမြန်အောင်လာလုပ်ရမလဲ၊ နေကြာပန်းပွင့်တွေက ဘာလို့ အပွင့်ကြီးကြီးတွေ ဖြစ်နေတာလဲ စတဲ့ သူမသိတဲ့အရာတွေကို အမြဲမေး၊ အမြဲသိချင်နေတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ သိချင်တာတွေက ကျောင်းမှာ ရှိနေနိုင်တာကြောင့် ကျောင်းသွားဖို့ ပူဆာပါတော့တယ်။
ကျောင်းနေအရွယ်မှာ လူမည်းဖြစ်တာကြောင့် ကျောင်းနေခွင့်မရဘဲ ရွာနဲ့ မိုင်များစွာဝေးတဲ့ မြို့မှာ လူမည်းတွေအတွက် သင်ပေးနေတဲ့ ကျောင်းကို တစ်ဦးတည်း ထွက်လာခဲ့ပါတယ်။ ကြုံရာ အိပ်ပြီး ကြုံရာအလုပ်လုပ်တတ်တာကြောင့် အခွင့်အရေးတွေက သူအတွက် ကြိုဆိုလျက်ရှိပါတယ်။ သူတို့လူမျိုး မိသားစုရဲ့ အကူအညီနဲ့ အိမ်အကူ လုပ်ရင်း ကျောင်းတက်ခွင့်ရခဲ့ပါတယ်။ သူကျောင်းတက်ခဲ့တဲ့ ဘဝတစ်လျှောက်လုံး အိမ်အကူ၊ အိမ်သာသန့်ရှင်းရေး၊ အဝတ်လျှော်၊ သစ်ပင်စိုက်၊ ဟင်းချက်၊ ဆေးသုတ်၊ မီးပူတိုက်(အမျိုးသမီး အတွင်းခံက အစ ) စတဲ့အလုပ်တွေ လုပ်ရင်း ကျောင်းလခရှာပြီး ပင်ပန်းစွာတက်ခဲ့ရပါတယ်။
မီးစကလေးဟာလည်း ကြာလာတဲ့နဲ့အမျှ မီးတောက်ကြီးအဖြစ် တောက်ပလာနိုင်ပါတယ်။ ေကျာင်းတက်ရင်းကူညီတတ်တဲ့ ဆရာ ကောင်းတွေကြောင့် သူ့ဘဝအတွက် သင့်တော်တဲ့ ဘဝလမ်းကြောင်းကို သိလာခဲ့ရပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့နေရရင် ဘဝဟာ အေးချမ်းနေပြီး သိလိုစိတ်တွေကြောင့် တက္ကသိုလ် ဆက်တက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ကျောင်းသားတွေရဲ့ တန်းတူဆက်ဆံခြင်းကိုမခံရဘဲ ဒုက္ခတွေကြား မီးပူတိုက်၊အဝတ်လျှော်တဲ့ အလုပ်ကိုလည်း လုပ် ကျောင်းစာကိုလည်း အပတ်တကုတ်ကြိုးစားပြီး ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တယ်။ အသီးအရွက်ထဲမှာ မှော်ပညာဆန်တဲ့ ဓာတုဗေဒဆိုင်ရာ လျှို့ဝှက်ချက်တွေကို သူ့လောက် ဘယ်သူမှမသိ ပိုကောင်းတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိသူဖြစ်ပါတယ်။ သူ့ဘဝကို စိတ်ဓာတ်ခွန်အား ပြည့်ဝသူအဖြစ်လည်းကောင်း၊ အနုပညာရှင်အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံပညာရှင်အဖြစ်လည်းကောင်း ပြီးပြည့်စုံစွာ ပုံဖော်တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ လူမည်းတွေအတွက် တန်းတူညီမျှမှုရရှိဖို့ သူရဲ့ ရရှိခဲ့တဲ့ ပညာဂုဏ်ကို မထောက်ဘဲ လူအဖွဲ့အစည်းကို အကျိုးပြုပေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပါတယ်။ ပညာရေးကသာလျှင် လူမည်းတို့ရဲ့ အဆင့်အတန်းကို မြင့်မားစေနိုင်တဲ့ အကောင်းဆုံးအင်အားဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။
သူရဲ့သုတေသန တီထွင်ဖန်တီးမှုများစွာဟာ အမေရိကန် လူမည်းတွေကိုသာမက လူဖြူများအတွက်လည်း အထောက်အကူပြုခဲ့ပါတယ်။ သမ္မတ ရုစဗဲ့ က ချီးမြှင့်ခဲ့သော ဆုတံဆိပ်တွင်
"ဘုရားသင်ခင်ရဲ့ လမ်းညွှန်မှုကို ရိုသေလေးစားစွာ လိုက်နာတဲ့ သိပ္ပံပညာရှင်အား ဒီ ဆုတံဆိပ်ကို ချီးမြှင့်လိုက်ပါတယ်။ လူမည်းသာမက လူဖြူတွေကိုပါ လွတ်မြောက်စေခဲ့သူ ဖြစ်တယ်" လို့ ရေးထိုးထားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ဘဆာလောင်ငတ်မွတ်မှုမှ ရုန်းမထွက်နိုင်တဲ့ လယ်သမားများ၊ လူမျိုးရေးခွဲခြားခံရမှုနဲ့ ဖိနှိပ်မှုကြောင့် ဒုက္ခရောက်နေတဲ့ လူမည်း မျိုးနွယ်များအတွက် ကယ်တင်ရှင် မိတ်ဆွေကောင်းဖြစ်ခဲ့ပါတယ်။ လူမည်း ဆိုပြီး မိမိကို အထင်သေးနှိမ့်ချစွာ ဆက်ဆံခဲ့တဲ့ လူဖြူတွေကို မမုန်းတီးခဲ့သူ၊ မိမိရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကို လုံးဝစိတ်ပျက်ခြင်းမရှိတဲ့သူ၊ မိမိမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ လူသားတွေကို ပြန်လည် အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ အမေရိကန်ပြည်သူတွေရဲ့ ရင်ထဲမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။
ကိုးကား: မြေပဲပါရဂူ ဂျော့ခ်ျဝါရှင်တန်ကာဗာ( ဘာသာပြန်စာရေးသူ- ခင်စုစုစံ၊ မြနှင်းရည်ရှိန်)
George Washington Carver by Lawrence Elliott
Max's sharing
Click here to claim your Sponsored Listing.
Category
Website
Address
14011