July
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from July, Professional Gamer, Laung lon, Dawei.
29/07/2023
တစ်ခါတစ်လေကျတော့ ...
ရီရတယ် ။
ကိုယ်က တခြားတစ်ယောက်ကို
သနားနေရင်း
တကယ်တမ်း သနားစရာကောင်းနေတာ
ကိုယ်ဖြစ်နေခဲ့တာ ။
လူတစ်ယောက်ကို ချစ်နေရင်းနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့
မေ့နေခဲ့တာ ။
သူ နာကျင်နေသလားငေးကြည့်ရင်း
ကိုယ့်ဒဏ်ရာကို မေ့ထားတတ်ကြတာ
အဆင်ပြေရဲ့လား တဖွဖွမေးရင်း
ငါကောဆိုတဲ့ မေးခွန်းတွေကိုကျ
မသိချင်ယောင်ဆောင်ခဲ့ကြတာ ။
ပုံမှန်အတိုင်းဆို ...
ကိုယ်က သနားတတ်တယ်
ကြင်နာတတ်တယ်
အရမ်းအားနာတတ်တယ်
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့သင့်ပြီမို့
ဒီနေ့ ဒီရက်တွေမှာ
အတ္တလေးနည်းနည်း ကြီးတတ်ခဲ့တာပါ။
#ကျေးကို
Click here to claim your Sponsored Listing.
Category
Website
Address
Dawei