Tanintharyi Region Emergency Rescue&Ambulance

Tanintharyi Region Emergency Rescue&Ambulance

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tanintharyi Region Emergency Rescue&Ambulance, Emergency rescue service, Dawei.

Photos from Tanintharyi Region Emergency Rescue&Ambulance's post 31/03/2026

31.3.2026 ရက်နေ့တွင် အလှူရှင်မောင်ဇေလင်းထက်နှင့်အဖွဲ့များမှ ဆီတန်းစီနေသောပြည်သူများအား အအေးလာရောက်လှူဒါန်းပေးသဖြင့် တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့မှ ကူညီအားဖြည့်ရင်း သွားရောက်လှူဒါန်းပေးခဲ့ပါသည်🙏🚑🚨

Photos from Tanintharyi Region Emergency Rescue&Ambulance's post 30/03/2026

30.3.2026 ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့မှ ဆီဆိုင်များတွင် medical coverပေးခြင်းနှင့် Best Friendsသွေးလှူရှင်အဖွဲ့မှ ရေသန့်များလှူဒါန်းပေးမှုတွင် ပါဝင်ကူညီလှူဒါန်းပေးခဲ့ပါသည်🚑🚨💙

Photos from Tanintharyi Region Emergency Rescue&Ambulance's post 29/03/2026

တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ဆီဆိုင်များတွင်အဆင်သင့်စောင့်၍ medical coverပေးခြင်းနှင့် မူးဝေလဲကျလူနာများအား လိုအပ်သောပြုစုကုသမှုများပေးကာ ဆေးရုံသို့ပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်

Photos from Tanintharyi Region Emergency Rescue&Ambulance's post 29/03/2026

29.3.2026 ရက်နေ့တွင် ရှမ္မလည်ဆွဲဆီဆိုင်အနီးတွင် medical cover စောင့်ပေးနေရင်း accidentဖြစ်ပွားသဖြင့် တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့မှ လိုအပ်သောပြုစုကုသမှုများပြုလုပ်ပေးခဲ့ပါသည်🚑🚨

Photos from Tanintharyi Region Emergency Rescue&Ambulance's post 16/03/2026

တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့တည်ထောင်ရန် မတည်ငွေ ကျပ်သိန်း၅၀၀ တိတိကိုကူညီပေးခြင်းနှင့် ‌အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်စီးလှူဒါန်းပေးခဲ့သော အဖွဲ့၏ဘဏ္ဍာရေးမှူး ဖြစ်သူ ဒေါ်မဉ္ဇူအေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှသုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသဖြင့် တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့မှ များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်🙏🙏🙏

Photos from Tanintharyi Region Emergency Rescue&Ambulance's post 16/03/2026

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းအား တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့မှ သင်ကြားပို့ချပေးခဲ့ပါသည်🚨🚑

Photos from Tanintharyi Region Emergency Rescue&Ambulance's post 08/03/2026

🍀 တနင်္သာရီတိုင်းဒေသကြီး "ထားဝယ်မြို့" ပေါ် ရှိ လှုမှုရေး နာရေးကူညီမှု ကြက်ခြေနီ သွေးအလှူရှင် အစရှိသော ပရဟိတ အသင်းအဖွဲ့များ စုပေါင်းကာ ထားဝယ်မြို့ကြီး နှင့် ကမ္ဘာအရပ်ရပ်တွင် ရှိကြကုန်သော လောကီလူသားများအားလုံး ဘေးရန်ကင်းပျောက် ချမ်းသာခြင်းသို့ ရောက်ရှိပါစေခြင်း အကျိုးငှာ ..

🍀 ဘုရားရှင်ကိုယ်တော်မြတ်ကြီး ၏ " #နုတ်တော်ထွက်ဓမ္မစက်" ဖြစ်သည့် ပရိတ်တရား ဒေသနာတော်မြတ်ကြီးများကို ဆရာတော် သံဃာတော် အရှင်သူမြတ်အပေါင်းတို့က အစဉ်မပြတ် ရွတ်ဖတ် ပူဇော်ကာ ..

🍀 သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၆ ရက် ၊ ခရစ်နှစ် ၂၀၂၆ ခု မတ်လ ၈ ရက်နေ့ ညနေ (၃) နာရီ မှ စတင်၍ ..

🍀 ထားဝယ်မြို့အတွင်းသို့ သတ်မှတ်ထားသည့် လမ်းကြောင်းအစီအစဉ်များအတိုင်း "ဒုတိယအကြိမ်မြောက်" ပူဇော်ကျင်းပလျက်ရှိပါသည်

🍀 လမ်းကြောင်း အစီအစဉ် ..
လောကမာရဇိန် ဘုရားကြီးမျက်နှာစာ မှ ဝဲဘက် ရွှေတောင်စားဘုရားလမ်းအတိုင်း မြို့ပတ်လမ်းမှ မီးသတ်လမ်းဆုံ၊ ယာဘက် ရေးလမ်းအတိုင်း အိမ်ရှေ့ပြင်လမ်းဆုံ၊ တပ်နယ်လမ်းအတိုင်း ဗျောတောဝလမ်းဆုံ၊ ယာဘက် အာဇာနည်လမ်းအတိုင်း ရုံးကြီးလမ်းဆုံ၊ ဝဲဘက် အလယ်လမ်း ဈေးတောင်ဘက်လမ်း ဗိုလ်ချုပ်လမ်းအတိုင်း ဝဲဘက် မင်္ဂလာလမ်း ဘုရားရှစ်မြှောက်လမ်းဆုံ၊ ယာဘက် အလယ်လမ်း တောင်ခွလမ်းဆုံ ယာဘက် ညောင်ပင်ကြီးလမ်းအတိုင်း ကမ်းနားလမ်းမှ ကမ်းနားဈေးလမ်းဆုံ၊ ဝဲဘက် အာဇာနည်လမ်းအတိုင်း ဆိပ်ကမ်းသာလမ်းဆုံ သဲကွင်း မှ ယာဘက် သုခလမ်းအတိုင်း တရုတ်တန်းလမ်းဆုံ၊ တရုတ်တန်းလမ်း မှ ဝဲဘက် လမ်းဆုံကြီး၊ ဝဲဘက် ဗိုလ်ချုပ်လမ်းအတိုင်း ရွှေပလောင်လမ်းဆုံ ယာဘက် မြို့တွင်းလမ်းအတိုင်း အလှသစ်လမ်းဆုံ၊ ဝဲဘက် ရေးလမ်းအတိုင်း ဥတ္တံားကြီးလမ်းဆုံ၊ ဝဲဘက် နိဗ္ဗာန်လမ်းအတိုင်း မြိတ်တန်းလမ်းဆုံ၊ ယာဘက် ကမြောကင်းလမ်းအတိုင်း ဆန်းချီလမ်းဆုံ၊ ဆန်းချီလမ်း အတိုင်း ဂန့်ဂေါ်ပင်လမ်းဆုံ၊ ရေးလမ်းအတိုင်း ဥတ္တံားကြီးလမ်းဆုံ၊ ဝဲဘက် ဆေးရုံလမ်းအတိုင်း အုန်းတောလမ်းဆုံ၊ ဝဲဘက် ရွှေတောင်စား ဘုရားလမ်းအတိုင်း ဇေယျဝတီပရိယတ္တိစာသင်တိုက်လမ်းဆုံမှ ယာဘက် "ဇေတဝန်ကျောင်းတိုက်"သို့ ပြန်ဝင်ပါမည် ..

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

17/02/2026

တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်အဖွဲ့အနေဖြင့် ဒေသအတွင်းဖြစ်ပေါ်လာ‌နိုင်သော မီးဘေး၊ ရေဘေး၊ သဘာဝဘေးအန္တရယ်များ၊ အရေးပေါ်လူနာများအတွက် အချိန်မရွေးကူညီကယ်ဆယ်ပေးနိုင်ရန်အတွက် ကားအသင့်၊ လူအသင့်၊ ပစ္စည်းအသင့်ဖြင့် ပြင်ဆင်ထားရှိထားပါကြောင်း....
မိဘပြည်သူများအနေဖြင့် အကူအညီလိုအပ်ပါက၂၄နာရီပတ်လုံး အချိန်မရွေးအကူအညီတောင်းနိုင်ကြောင်း အသိပေးပါရစေခင်ဗျာ....

13/02/2026

တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဥ်အဖွဲ့တွင်အသုံးပြုနေသော
ရှာဖွေကယ်ဆယ်ရေးစက်နဲ့ ကယ်ဆယ်ရေးသမားများအတွက်မိတ်ဆက်ပါရစေ🚑🚨🚨🚨

12/02/2026

တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဥ်အဖွဲ့တွင်အသုံးပြုနေသော
G.Box ဆိုတဲ့စက်လေးနဲ့ ကယ်ဆယ်ရေးသမားများအတွက်မိတ်ဆက်ပါရစေ🚑🚨🚨🚨

12/02/2026

အလှူတော်ငွေလက်ခံရရှိခြင်း🙏🙏🙏

ထားဝယ်ဆေးရုံကြီးမှရန်ကုန်ဆေးရုံကြီးသို့သွားရောက်ကုသမှုခံယူနေသော အခက်အခဲဖြစ်နေသောလူနာရှင်တစ်ဦးအတွက် Best Friendsသွေးလှူရှင်များအဖွဲ့မှလှူဒါန်းမှုအား တိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှလက်ခံရရှိခဲ့ပါသည်။ အလှူရှင်အပေါင်းကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏🙏🙏

အလှူရှင်စာရင်း.......

‎Best Friends သွေးအလှူရှင်အဖွဲ့ 50000ကျပ်
ဦးကေတူးလတ်+ဒေါ်နီနီမြင့် 50000ကျပ်
ကိုဖြိုး 50000ကျပ်
ဦးသန်းထိုက် 20000ကျပ်
မရှမ်းမ (အထည်ဆိုင်) 20000ကျပ်
Mediland laboratory 20000ကျပ်
ကိုဆား 20000ကျပ်
မြင့်လက်ရာ (ထမင်းဆိုင်) 10000ကျပ်
PMG 10000ကျပ်
မအိမွန်ခိုင် 10000ကျပ်
မဇာဇာ (အင်္ကျီချုတ်ဆိုင်) 10000ကျပ်
မသန်းသန်းယု 10000ကျပ်
ကိုနောင်နောင်လတ်+မစန္ဒါထွန်း 5000ကျပ်
မဇင်ဇင်ဌေး 5000ကျပ်
စသည့်အလှူရှင်များနှင့်စုပေါင်းပြီးလှူဒါန်းပေးခဲ့ပါသည်ရှင်။

10/02/2026

10.2.2026 ရက်နေ့ ညနေ3နာရီအချိန်တွင် စာမေးပွဲဖြေနေစဉ်နေမကောင်းဖြစ်၍ ဆေးရုံသို့တင်ပို့လိုက်ရသော7တန်းကျောင်းသူလေးတစ်ဦးအတွက် သူမ၏သူငယ်ချင်းများမှ လာရောက်အကူအညီတောင်းခံသဖြင့် တိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ပီတိအပြုံးသွေးလှူရှင်အဖွဲ့တို့မှ သွားရောက်ကြည့်ရှုရာ ထိုကျောင်းသူလေးမှာ အရေပြားလေးဖက်နာရောဂါဝေဒနာခံစားနေရကာဆင်းရဲချို့တဲ့လွန်းသဖြင့် ဆေးကုသရန်အခက်အခဲဖြစ်နေကြောင်းသိရှိခဲ့ရပါသည်။ မိမိတို့အဖွဲ့မှ အရေးပေါ်ဝယ်ယူရန်ဆေးများ၊ အစားအသောက်နှင့် အလှူငွေများကိုလည်း လက်ရှိအခက်အခဲပြေလည်ရန်ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ ထပ်မံ၍လိုအပ်လျက်ရှိသောဆေးဝါးများထောက်ပံ့ပေးနိုင်ရန် သဒ္ဒါတရားအနဲအများမဆိုပါဝင်လှူဒါန်းပေးနိုင်ပါကြောင်း အကူအညီတောင်းခံအပ်ပါသည်🙏🙏🙏

ဆက်သွယ်လှူဒါန်းလိုပါက
တိုင်းဒေသကြီးရုံးတည်ရှိရာ ဇေတဝန်ကျောင်း
ရုံးဖုန်း~~~09753200034
ဥက္ကဌဖုန်း~~~09444595464 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ရှင်🙏🙏🙏

Want your organization to be the top-listed Government Service in Dawei?
Click here to claim your Sponsored Listing.

Website

Address

Dawei