Nyi Nyi Dawei

Nyi Nyi Dawei

Share

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

08/09/2023

အာဠာဝက ဘီလူးက မေးပြီး
ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော အာဠာဝက သုတ္တန်
➖➖➖➖➖➖➖➖➖

(၁) လောကမှာ
အကောင်းဆုံး ဥစ္စာက ဘာလဲ...

အဖြေ=
သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။

(၂) လောကမှာ
ဘာလုပ်ရင် ချမ်းသာမှာလဲ...

အဖြေ=
ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။

(၃) လောကမှာ
အကောင်းဆုံး အရသာက ဘာလဲ...

အဖြေ=
အကောင်းဆုံး အရသာဟာ သစ္စာ။

(၄) လောကမှာ
အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ...

အဖြေ=
အသိပညာ နဲ့ အသက်ရှင်တာ
အသက်မွေးတာ အကောင်းဆုံး။

(၅)အခက်အခဲကို
ဘာနဲ့ ဖြတ်ကျော်ရမှာလဲ...

အဖြေ=
သဒ္ဓါ နဲ့ ဖြတ်ကျော်ရမယ်။

(၆) ကျယ်ပြောသော ဘဝကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ.....

အဖြေ= သတိ နဲ့ ဖြတ်ကူးရမယ်။

(၇) ဆင်းရဲ ဒုက္ခကို
ဘာနဲ့ ဖယ်ရှားမှာလဲ.....

အဖြေ=
ကြိုးပမ်းအားထုတ်မှု ဝိရိယဖြင့်
ဖယ်ရှား နိုင်မယ်။

(၈) စိတ်ဖြူစင်အောင်
ဘယ်လိုလုပ်ရမှာလဲ....

အဖြေ=
ပညာ ဖြင့် သာ ဆေးကြော ရမယ်။

(၉) ပညာကို
ဘယ်လို ရအောင် ယူရမှာလဲ.....

အဖြေ=
နားလည်ချင်တဲ့စိတ်
နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ ဆန္ဒရှိရင်
ပညာ ရပါတယ်။

(၁၀) ဥစ္စာကို ဘယ်လို ရှာမှာလဲ.....

အဖြေ=
လုံလ ဝီရိယ ရှိပြီး တက်တက်ကြွကြွ ကြိုးစား အားထုတ် ရမယ်။

(၁၁) အကျော်အဇော ရှိရန်
ဘယ်လို လုပ်ရမှာလဲ.....

အဖြေ=
သစ္စာရှိ ကတိတည် မှန်ကန်ရန် လိုတယ်။

(၁၂) မိတ်ဆွေတွေ ရချင်ရင်
ဘယ်လိုလုပ်ရမှာလဲ....

အဖြေ= ပေးကမ်းပါ။

(၁၃) ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးရမှာလဲ...

အဖြေ=
အမှန်တရား၊ အသိပညာ၊ လုံလဝီရိယ၊
စွန့်ကြဲ ပေးကမ်းမှု့ ရှိရမယ်။

ပါချုပ် ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

06/09/2023

လာဘ်ရွှင်ငွေဝင်စေသောရှင်သီဝလိဂါထာတော်

Want your business to be the top-listed Photography Service in Dawei?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Loung Lone
Dawei
09254825790

Opening Hours

Monday 06:00 - 17:00
Tuesday 06:00 - 17:00
Wednesday 06:00 - 17:00
Thursday 06:00 - 17:00
Friday 06:00 - 17:00
Saturday 06:00 - 17:00
Sunday 06:00 - 17:00