Chullo Flower Co.,ltd

Chullo Flower Co.,ltd

Share

Construction. Knowledge

Photos from Chullo Flower Co.,ltd's post 26/05/2023

၁၁/၀.၄ကေဗွီ၊ ထရန်စဖော်မာများအား နှစ်တိုင်စင်ဖြင့်တည်ဆောက်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများ

ဓာတ်အားဖြန့်ဖြူးရေးအပိုင်းများတွင် 11/0.4kV; Transformer များတည်ဆောက်မှုနှင့်ပတ် သက်၍ ရှိသင့်သည့် စံချိန်စံညွှန်းများအား ဖော်ပြထားခြင်းဖြစ်ပြီး၊ Pole Mounted Type Transformer အမျိုးအစားများ၊ Primary Side နှင့် Secondary Side များတွင် တွဲဖက်အသုံးပြုရမည့် ပစ္စည်းများ တပ်ဆင်ရမည့်ပုံစံများအား လေ့လာနိုင်စေရန်နှင့် စစ်ဆေးနိုင်ရန်ရည်ရွယ်ပါသည်။ ယခုစာတမ်းတွင် 11/0.4kV; Pole Mounted Type Transformer မ်ားအား နှစ်တိုင်စင်ပေါ်တင်၍ တည်ဆောက်ခြင်း ဆိုင်ရာ စံချိန်စံညွှန်းများအားလေ့လာနိုင်စေရန်ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

(၁) Installation Method

နှစ်တိုင်စင် Pole Mounted Transformer များတပ်ဆင်ရာတွင် ဓာတ်အားလိုင်းဝင်သည့်ပေါ် မူတည်၍ အရှေ့ဘက်မျက်နှာစာမှ ဓာတ်အားလိုင်းဝင်ခြင်း၊ ဘေးဘက်မျက်နှာစာမှ ဓာတ်အားလိုင်း ဝင်ခြင်း ဟူ၍ ပုံစံနှစ်မျိုးဖြင့် တည်ဆောက်လေ့ရှိကြပါသည်။

(က) ၁၀ မီတာကွန်ကရစ်တိုင်နှစ်တိုင် စိုက်ထူခြင်း

ထရန်စဖော်မာထိုင်မည့်နေရာတွင် ၁၀ မီတာကွန်ကရစ်တိုင်နှစ်တိုင်အား Center to Center 2400 mm (၇ ပေ ၁၀ လက်မ)ခန့် အကြာ အပြိုင်တပ်ဆင်ရမည်ဖြစ်ပြီး၊ မြေဝင်အနက်အနေဖြင့် 1675 mm (၅ ပေ ၆ လက်မ)ခန့်တူးရမည်ဖြစ်ပါသည်။ Concrete Footing အနေဖြင့် 1:3:6 အချိုးဖျော်စပ်၍ 610 x 610 x 915 mm ( ၂ ပေ x ၂ ပေ x ၃ ပေ)ထုထည်လောင်းရမည်ဖြစ်ပါသည်။ ထိုသို့စိုက်ထူရာတွင် ကွန်ကရစ်တိုင်နှစ်တိုင်သည် ထိပ်ပိုင်းအမြင့်ညီညာမှုရှိစေရန်၊ အပြိုင်တည်မတ်စွာဖြစ်နေစေရန် အ တွက် တည်ဆောက်သည့်သူများမှ ဂရုတစိုက်ချိန်ညှိစိုက်ထူရမည်ဖြစ်ပါသည်။

(ခ) Cross Arm များတပ်ဆင်ခြင်း

အရှေ့ဘက်မှ ဓာတ်အားလိုင်းဝင်ခြင်းထရန်စဖော်မာအတွက် တိုင်အပေါ်မှ 150 mm (၆ လက်မ) ခန့်အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို ၁၁-ကေဗွီ၊ လိုင်း၏ Tension Fitting Gun Set (Two Disc Type)များတပ်ဆင်ရန်အ တွက် တပ်ဆင်ပေးရပါမည်။

ဘေးဘက်မှ ဓာတ်အားလိုင်းဝင်ခြင်းထရန်စဖော်မာအတွက် Galvanized Channel Iron for Sub-station Incoming Bus Arm (50x100x50x5tx2000 mm L) (2x 4 x 2 x 0.2 x 68) နှစ်ခုကို Bus ပြုလုပ်ရန်ပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ရမည်ဖြစ်ပါသည်။

၎ Channel Iron for Bus Tension Fitting Arm မြ အောက်ဘက် 1050 mm (၃ပေခွဲ)ခန့်အကွာ တွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို Conductor နားရန်အတွက် 11kV Post Insulator (3)လုံးတပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါ မည်။

၎ Channel Iron for Support Post Insulator Arm မြ အောက်ဘက် 800 mm (၂ပေခွဲ)ခန့် အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) နှစ်တန်းကို Disconnecting Switch (D/S) တပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါမည်။

၎ Double Channel Iron for Disconnecting Switch (D/S) Arm မြ အောက်ဘက် 1500mm (၅ပေ)ခန့်အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို Drop Off Fuse(D.O.F) နှင့် Lightening Arrester(L.A)များတပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါမည်။

၎ Channel Iron for Drop Off Fuse(D.O.F) နှင့် Lightening Arrester(L.A) Arm မြ အောက် ဘက် 2600 mm (၈ ပေခွဲ)ခန့်အကွာတွင် Galvanized Channel Iron for Arm (65x125x65x6tx3000 mm L) (2.5x 5 x 2.5 x 0.25 x 10)နှစ်တန်းကို ထရန်စဖော်မာတင်ရန်အတွက် တပ်ဆင်ပေးရမည် ဖြစ်ပြီး ၎င်းတန်းနှစ်ခုအောက်တွင် Galvanized Angle Iron for Suspension Pole Bracing (Left & Right) (65x65x6tx900 mm L) ကိုတပ်ဆင်ပေးရမည်ဖြစ်သည်။

၎ Double Channel Iron for ထရန်စဖော်မာ Arm မှအောက်ဘက် 1000 mm (၃ပေ၃လက်မ) ခန့်အကွာတွင် Galvanized Channel Iron for Arm (50x100x50x5tx3000 mm L) (2x 4 x 2 x 0.2 x 10) ကို D/S Operating Switch တပ်ဆင်ရန်အတွက် တပ်ဆင်ပေးရပါမည်။

(ဂ) Electrical Equipment များတပ်ဆင်ခြင်း

နားကြွေသီး 11kV Pin Insulator ၃ လုံးအား နားတန်းတွင်တပ်ဆင်ခြင်း၊ Disconnecting Switch များတပ်ဆင်ခြင်းလုပ်ငန်းများအား အောက်ပါပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။LA နှင့် DOF များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။

11/0.4kV; Transformer တပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

ထရန်စဖော်မာ၏ ၄၀၀ အထွက် Cable များတပ်ဆင်ရန်အတွက် Cable Ladder တပ်ဆင်ခြင်း၊ Cable များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

D/S Operating Rod တံနှင့် D/S မောင်းတင်များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

400 V Distribution Panel များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်ပါ။

ထရန်စဖော်မာ ဝန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်တည်ဆောက်ပါ။

(ဃ) လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများအား တစ်ခုနှင့်တစ်ခုဆက်သွယ်ခြင်း

အထက်တွင်ဖော်ပြခဲ့သော လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများတပ်ဆင်ပြီးပါက ၎င်းလျှပ်စစ်ပိုင်း ဆိုင်ရာပစ္စည်းများကိုတစ်ခုနှင့်တစ်ခု Connection ပြုလုပ်ပေးရမည်ဖြစ်ပါသည်။

(၂) Earthing Installation

Earthing Conductor ကို သက်ဆိုင်ရာ Earth Point နှင့် ထရန်စဖော်မာ၏ Body; Neutral; LA တို့နှင့် ဆက်သွယ်ပေးရမည်ဖြစ်သည်။

Body Earth; Neutral Earth; LA Earth တို့ကို သီးခြားစီဆက် သွယ်ပေးရမည်ဖြစ်ပြီး၊ Resistance တန်ဖိုးသည် 2 သို့မဟုတ် 2 အောက်ရှိရမည်ဖြစ်သည်။

Earth ကျင်းတစ်ခုနှင့်တစ်ခု အကွာအဝေးသည် အနည်းဆုံး ၃ မီတာ (၁၀)ပေခန့်ကွာဝေးရမည်ဖြစ်သည်။

Earth ကြိုးများကို Equipment နှင့် Earth Rod ဆက်သွယ်ရာတွင် ကြားတွင်အဆက်မရှိစေရပါ။ Earth Rod နှင့် Earth ကြိုးဆက်သွယ်ရာတွင်လည်း ခိုင်ခံစွာဆောင်ရွက်ရမည်ဖြစ်ပြီး၊ ၎င်းဆက်သွယ်သည့် နေရာကို အညှိတက်ခြင်းမှကာကွယ်ရန် Tape ပတ်ပေးရမည်ဖြစ်သည်။

အညှိတက်ခြင်းကြောင့် Earth Rod နှင့် Earth ကြိုးဆက်သွယ်သည့်နေရာပျက်ပြီး Earth လွတ်ခြင်းများဖြစ်ပေါ်စေနိုင်ပါသည်။

(၃) ထရန်စဖော်မာတပ်ဆင်ရာတွင်စစ်ဆေးရမည့်အချက်များ

(က) မတည်ဆောက်မီ စစ်ဆေးခြင်း

၁။ မျက်မြင်စစ်ဆေးခြင်း

ထရန်စဖော်မာ၏ Bushing များကွဲကက်နေခြင်းရှိ/မရွိ၊ ဆီယိုနေခြင်းရှိ/မရွိ Terminal Clamp များတင်းကြပ်မှုရှိ/မရွိ စသည့်အပြင်ဘက်အခြေအနေများကိုစစ်ဆေးရမည်ဖြစ်သည်။

၂။ InsulationResistance တိုင်းတာခြင်း

Megger နှင့် H.T to Body; L.T to Body; H.T to L.T တို့ကိုတိုင်းတာ မှတ်တမ်းတင်ထားရမည်။ Megger Result ပေါ်မူတည်၍ ကောင်းမကောင်းတိုင်းတာဆုံးဖြတ်ရမည်။

Tapping Point ကိုလည်း ကောင်းမကောင်းလှည့်ကြည့်ခြင်း၊ Name Plate တွင် Tapping အရေအတွက်အားကြည့်၍ လိုင်းအရှည်၊ ဝန်အား၊ ဗို့အားတို့ကိုတွက်ချက်၍ Tapping မည်မျှထားမည်ကိုဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရမည်။

(၄) တည်ဆောက်နေစဉ်အတွင်း စစ်ဆေးခြင်း

(က) ထရန်စဖော်မာသယ်ဆောင်ရာတွင် စဉ်စားရမည့်အချက်များ

ထရန်စဖော်မာများကိုသယ်ဆောင်ရွာတွင် ထရန်စဖော်မာ၏ Bushing သည်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ Crane ပေါ်တင်ခြင်း၊ ချခြင်း၊ တစ်တိုင်စင်ပေါ်တင်ခြင်းစသည့်ကိစ္စရပ်များ တွင် မတော်တဆထိခိုက်မှုများရှိနိုင်ပါသည်။ ထိုကြောင့် ထရန်စဖော်မာကို တိုင်တွယ်သယ်ယူသည့် သူမ်ား လုပ်ငန်းခွင်ကျွမ်းကျင်သည့်သူများကို ခိုင်းစေရပါမည်။ ထရန်စဖော်မာကိုသယ်ဆောင်ရာတွင် လည်း ရွှေ့လျားမှုမရှိစေရန် ခိုင်မြဲစွာချည်နှောင်၍ သယ်ဆောင်ရပါမည်။

(ခ) ထရန်စဖော်မာများအား သိုလှောင်သိမ်းဆည်းထားရာတွင် စဉ်းစားရမည့်အချက်များ

ထရန်စဖော်မာများကို ကွင်းပြင်ထဲ သို့မဟုတ် မြေကြီးပေါ်တွင်အချိန်အကြာကြီး သိမ်းဆည်း ထားပါက Dielectric Strength ကျဆင်းပြီး ၎င်းထရန်စဖော်မာများ၏ သက်တမ်းတိုစေနိုင်သည့်အပြင် ထရန်စဖော်မာ Tank များတွင်သော်လည်းကောင်း ၊ Bolt & Nut များတွင်သော်လည်းကောင်း သံချေး တက်စေနိုင်ပါသည်။ ထိုကြောင့် ထရန်စဖော်များကို အသုံးပြုမည့်အချိန်ပေါ်မူတည်၍ သိုလှောင်သည့် နေရာများကိုစဉ်းစားရမည်ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာသိုလှောင်ထားမည်ဆိုပါက အမိုးအကာ၊ အခင်းရှိသော စတိုခန်းများတွင်ထည့်သွင်း၍ သိုလှောင်ခြင်းသည် ပိုမိုကောင်းမွန်စေပါသည်။

(ဂ) နားကြွေသီး 11kV Pin Insulator ၃ လုံးအား နားတန်းတွင်တပ်ဆင်ခြင်း

Disconnecting Switch များတပ်ဆင်ခြင်းလုပ်ငန်းများအား နှင့် DOF များတပ်ဆင်ခြင်းလုပ်ငန်းအားအောက်ပါပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။

LA အောက်ပာပုံတွင်ပြထားသည့်အတိုင်းတပ်ဆင်ပါ။။

11/0.4kV; Transformer တပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

(၅) ထရန်စဖော်မာ၏ ၄၀၀ အထွက် Cable များတပ်ဆင်ရန်အတွက် Cable Ladder တပ်ဆင်ခြင်း၊

Cable များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

D/S Operating Rod တံနှင့် D/S မောင်းတင်များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့်အတိုင်း တပ်ဆင်ပါ။

400 V Distribution Panel များတပ်ဆင်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်ပါ။

ထရန်စဖော်မာ ဝန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအား အောက်ပါပုံတွင်ပြထားသည့် အတိုင်း တပ်ဆင်တည်ဆောက်ပါ။

(၆) Secondary Voltage များတိုင်းတာခြင်း

ထရန်စဖော်မာကို မီးထည့်ပြီးပါက ဝန်အားသုံးစွဲခြင်းမပြုမီ 400V Side Secondary Voltage မ်ား မှန်ကန်မှုရှိ/မရှိတိုင်းတာရမည်ဖြစ်ပြီး၊ သို့မြသာ Tapping မ်ား မှန်ကန်မှုရှိ/မရွိ၊ Contact မ်ား သေသေချာချာကပ်ခြင်းရှိ/မရွိ၊ Secondary Voltage များသတ်မှတ်ထားသောတန်ဖိုးအတွင်းရှိ/မရွိ၊ သတ်မှတ်ထားသောတန်ဖိုးထက်များနေခြင်း၊ နည်းနေခြင်းများရှိပါက Tapping များပြောင်းလဲခြင်း၊ Phase Sequence များမှန်ကန်မှုရှိ/မရွိ၊ ထရန်စဖော်မာပုံမှန်အသံဟုတ်မဟုတ် စသည်တို့ကို တိုင်းတာ သုံးသပ်စဉ်စားရမည်ဖြစ်သည်။

(က) စာရွက်စာတမ်းများမှတ်တမ်းတင်ထားရှိခြင်း

အထက်ပါ ထရန်စဖော်မာတစ်လုံအား မတည်ဆောက်မီ၊ တည်ဆောက်ပြီး စစ်ဆေးစမ်းသပ်ခြင်း မ်ားအား မှတ်တမ်းတင်ထားရှိရမည်ဖြစ်သည်။ ဥပမာ - Number of Taps; Tap Number; Name Plate; ဝန်အားမသုံးစွဲမီ Secondary Voltage တိုင်းတာခြင်း၊ဝန်အားသုံးစွဲလိုက်သည့်အခါဖြစ်ပေါ် လာသော Secondary Voltage, Secondary Current တိုင်းတာခြင်း၊ Earth Resistance စသည့် အချက်အလက်များအား နေ့ရက်၊ အချိန်အလိုက် မှတ်တမ်းတင်ထားရှိရမည်ဖြစ်သည်။

credit,လျှပ်စစ်စွမ်းအားဘာသာရပ်ဆိုင်ရာ

20/11/2019

Engineer တို့၏၊ အဌာရဿ (၁၈) ရပ်

အင်ဂျင်နီယာကောင်း-good engineer ဆိုဆိုသည်မှာ_
quality ကို၊ ထိပါးခြင်း။ quantity ကိုထိပါးခြင်း။ queue ကို ထိပါးခြင်းဆိုတဲ့။ ထိပါးခြင်း (၃)မျိုးကို ရှောင်ရှား ပြီး၊ ဆောင်ရွက်အပ်၊ တပ်မြောက်အပ်သော၊ မြန်ကောင်းသက်သာပြီး- ကိုယ့်တွက်ကာမိတဲ့၊ နည်းလမ်း ၁၀မျိုးရှိပါ တယ်။
၎င်းတို့မှာ
1. Material management - ၃ မျိုး
2. Labour management - ၃မျိုး နဲ့
3. Technical management - ၄ မျိုး တို့ ဖြစ်ပါတယ်။

1. Material management ဆိုသည်မှာ_
1.1 material selection
1.2 purchasing date
1.3 unloading area ဆိုပြီး၊ ၃မျိုးရှိပါတယ်။ ဆက်ရမလား။
selection ဆိုတာက၊ ဘိလပ်မြေအုတ်တလုံးကို ၁၀၀ကျပ်တန်ပါတယ်။ ၄လက္မခွဲအုတ်နံရံ တကျင်း မှာ ဘိလပ်မြေအုတ် ၄၂၅ ချပ်ကုန်ပါတယ်။ ရွှံ့အုတ်တလုံးကို ၈၅ ကျပ်တန်ပါတယ်။ ၅၅၀ ကုန်ပါတယ်။ အကျိုးများလို့ပါ။
date ဆိုတာက အုတ်၁၀သိန်းဘိုး တလ စောဝယ်ရင် ဘဏ်တိုးတလတက်ပါတယ်။
area ဆိုတာက site ထဲမှာသိုလှောင်ထားရင် သိုလှောင်စရိပ်နဲ့ ပြန်ရွှေ့စရိတ်ကုန်ပါတယ်။ ပန်းရံလက်တကမ်းမှာပုံပေးရင် အဲဒါတေသက်သာပါတယ်။

2. Labour management ဆိုသည်မှာ_
2.1 working plan
2.2 labour ability
2.3 temperature ဆိုပြီးတော့ သူကလည်း၃မျိုးရှိနေပြန်တယ်ဗျို့ _
အကျယ်ပြောရမယ်ဆိုရင်တော့၊
2.1 working plan - ဘယ်ဟာကို၊ အရင်လုပ်မလဲ။ ပြီးရင်ဘာဆက်လုပ်မလဲ။ ဘယ်လိုလုပ်ရင် မြန်မြန်ဆန် ဆန် မှန်မှန်ကန်ကန်ပြီးမလဲ။ ဆိုတဲ့ အစီအစဉ်ကို ရေးဆွဲရပါ့မယ်။
2.2 labour ability - မြေတကျင်းတူးရင်လူဘယ်နှစ်ယောက်လိုမလဲ။ စက်တစီးဟာ တနေ့မြေဘယ်နှကျင်း တူးနိုင် သလဲ ဆိုတာကိုတော့ အကြမ်းဖျင်းသိဘို့လိုပါတယ်။
သံတတန် ဖြတ်+ကွေး+ချီ ၁၀- ယောက်ပါ။ subconကတော့ ၈ယောက်ဝင်အောင်ကြိုး စားရပါတယ်။
2.3 temperature - များသောအားဖြင့်၊ အလုပ်တေဟာ၊ ကသုတ်ကရက်လုပ်ကြရပါတယ်။ စေတနာရှိသူ။ အနစ်နာ ခံတပ်သူနဲ့၊ တွေ့ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပါတယ်။ လုပ်သားတေဟာ ထမင်းတလုပ်အတွက် နေပူပူလုပ်နေရ တာကို၊ ကိုယ်ကဘာမှမတပ်နိုင်ရင်တောင်မှ၊ သူတို့ကို ညဘက်အေးအေးချမ်းချမ်း အလုပ်လုပ် နိုင်အောင်စီစဉ်ပေးရ ပါ့မယ်။ အလုပ်လဲတွင်ပါတယ်။ အားလည်းအပူကြောင့် မယုတ်ပါဘူး။ အပူကြောင့် ဒေါသလည်းမထွက်ကြပါဘူး။ ကိုယ်အရက်မသောက်ရင်၊ သူလည်းမသောက်ပါဘူး။ နေ့ဖြတ်ကွေး ညချီ ပေါ့ဗျာ။ ဓာတ်ပုံနဲ့ရှင်းလင်းချက်ကို၊ Comment တွင်ကြည့်ပါ။
နောက်တခုက နေ့ဘက်နေပြင်းတဲ့အခါ တပ်နိုင်သမျှ အရိပ်အာဝါသ ဖန်တည်းပေးဘို့ လိုသလို ပတ်ဝန်းကျင် ကိုလည်း အပူရှိန်လျော့သွားအောင် ရေဖြန်းပေးဘို့ လိုပါတယ်။

3. Technical management ကတော့
3.1 formwork ability
3.2 rebar ability
3.3 concreting ability, and
3.4 hard standing base ဆိုပြီးတော့ ၄-မျိုးရှိပါတယ်ခမျ ။

3.1 formwork ability - "စစ်သားက- သေနတ်၊ အင်ဂျင်နီယာက formwork ၊ ဆရာဝန်က နားကြပ်" ဆိုတာ ကို၊ ကောင်းကောင်း၊ သဘောပေါက်ဖို့လိုပါတယ်။ အဆောက်အဦးတစ်လုံး၊ တည်ဆောက်တဲ့အခါ၊ လိုချင်တဲ့ ပုံစံရမရ၊ တောင့်တင်းမှုကောင်းမကောင်း၊ ကုန်ကျ စရိတ်သက်သာ၏၊မသက်သာ၏၊ ဆိုတာကို၊ တော်တဲ့ အင်ဂျင်နီယာ တေထဲက၊ အတော်ဆုံးအင်ဂျင်နီယာ၊ ဘယ်သူတုန်းဆိုတာကို၊ formwork က၊ ပိုင်းဖြတ်တာပါ။ ဘယ်လိုပစ္စည်း အသုံးပြု ပြီး၊ ဘယ်လိုနည်းနဲ့ formwork ဆင်ရင်၊ အကြိမ်ရေ ဘယ်လောက်အထိ အသုံးပြု နိုင် သလဲ။
3.2 rebar ability - အဆောက်အဦးတစ်လုံးတည်ဆောက်တဲ့အခါ concrete 10m3 မှာ၊ rebar 1.15 to 1.47 ton လောက်သုံးစွဲရပါတယ်။ concrete 10m3 ရဲ့တန်ဘိုးဟာ၊ ၈သိန်းဆိုရင်၊ သံချောင်း 1.25 tonရဲ့ တန်ဘိုး ဟာ ၆သိန်းကျော်လောက်တန်ပါတယ်။ အဲဒါကြောင့် အဆောက်အဦးတစ်လုံး တည်ဆောက်ရာမှာ သံချောင်း သည်၊ ဒုတိယတန်ဘိုး အများဆုံးဖြစ်ပါသည်။ ဒါကြောင့် သံချောင်းကို wastage 1%အောက်ဖြစ်အောင်၊ အားထုတ်ရမယ်မဟုတ်ပါလား။ ကျ နော့်တပဲ့တေဟာ သံချောင်းကို wastage 0% နီးပါးဖြစ်အောင်၊ cutting schedule ရေးဆွဲနိုင်အောင် ကျွန်တော်လေ့ကျင့်ပေးပါတယ်။
3.3 concreting ability - သည်၊ formwork ability နဲ့၊ ဆက်စပ်နေပြီး၊ မိမိရဲ့ formwork ကိုမိမိ ယုံကြည်ပြီ၊ ဆိုရင် m3 တေတိုးလို့၊ plant ကို၊ ပိုပေးလိုက်ရတာမျိုးမဖြစ်တော့ပါဘူး။ နောက်ထပ်တချက်က ကြမ်းခင်းတေ ကွန်ကရစ်လောင်းတဲ့အခါ လိုချင်တဲ့ level ရအောင်၊ ညီညီညာညာ လောင်းနိုင်မယ်ဆိုရင် structure error topping စရိတ်မကုန်တော့ပါဘူး။ နောက်ဆုံးတချက်ကတော့ concrete adjust မှာတဲ့အခါ၊ နဲနဲတော့ပိုမှာ ပါဘဲ။ ပိုတာကို မြေပေါ်မသွန်ဘဲ၊ ကိုယ်လုပ်ငန်းအတွက်၊ နောင်ကို အသုံးဝင်မဲ့ precast တေ၊ လောင်းထား ဘို့လိုပါတယ်။
3.4 hard standing base ဆိုသည်မှာ _
လူတစ်ယောက်သည် မတ်တပ်ရပ်ပြီး အလုပ်လုပ်နိုင်တဲ့ခွန်အားရှိဘို့လိုသလို၊ အောက်ကမြေကြီးကလည်း၊ အမာခံဖြစ်ဘို့လိုပါတယ်။ ဒီအကြောင်းဟာ ကျယ်ပျံ့ တဲ့အတွက်၊ တပ်နိုင်သလောက်အကျဉ်းခြုံးပြီး ပြောပါ မယ်။
(က) စက်ယဉ်ယန္တရားတို့၏ hard standing
(ခ) sub con များ၏ hard standing
(ဂ) လုပ်ဘော်ကိုင်ဘက် အင်ဂျင်နီယာများ၏ hardstanding ဆိုပြီးတော့ အကြမ်းဖျင်း ၃ခုရှိပါတယ်။

(က) စက်ယဉ်ယန္တရားတို့၏ hard standing - မိမိအသုံးပြုမည့် စက်ယာဉ်ယန္တရားသည် ကောင်းဘို့ လိုအပ် သလို၊ အလုပ်လုပ်မဲ့နေရာသည်လည်း၊ အဆိုပါစက်ယာဉ်ယန္တရား၊ သွားလာရပ်တည်နိုင်ဘို့ လိုပါတယ်။ ထို့ ကြောင့်၊ အလုပ်လုပ်မည့် စက်ယာဉ်ယန္တရားနှင့်၊ လုပ်ငန်းဆောင်ရွက်မည့် မြေပြင်သည်၊ အပြန်အလှန် hard standing base ဖြစ်နေပါတယ်။
(ခ) sub con များ၏ hard standing - sub con အဖွဲ့များ အင်ဂျင်နီယာ၊ တောင့်တင်းဘို့၊ လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက main con အင်ဂျင်နီယာများဟာ sub con အင်ဂျင်နီယာများရဲ့ အလုပ်တေကို လုပ်ပေးရတဲ့ သူတေ၊ ဖြစ်သွားပြန်ပါတယ်။ sub con တောင့် တောင့်ကိုကျတော့လည်း main con က၊ တန်ရာတန်ဘိုးပေးဘို့ လိုအပ်ပါတယ်။ ထို့ကြောင့် လုပ်ရည်ကိုင်ရည် ရှိသော sub con နဲ့၊ တန်ရာတန် ဘိုးပေးသော main con တို့သည်၊ အပြန်အလှန် hard standing base ဖြစ်နေပါတယ်။
(ဂ) လုပ်ဘော်ကိုင်ဘက် အင်ဂျင်နီယာများ၏ hardstanding - အင်ဂျင်နီယာလုပ်ငန်းများသည်၊ အမျိုးအစား များပြားစွာရှိသည့်အတွက်၊ အင်ဂျင်နီယာတို့ရဲ့ အရည်အသွေးများကလည်း အမျိုးမျိုးရှိနေပါတယ်။ မိမိစွမ်း ဆောင် နိုင်တာကို၊ စွမ်းနိုင်သမျှဆောင်ရွက်သူ၊ အစွမ်းကုန်ဆောင်ရွက်သူတေရှိသကဲ့သို့၊ အားမစိုက်တဲ့ သူတေ လည်းရှိပါတယ်။ တကယ်တော့ hard standing base ဆိုတာ၊ နောက်ခံ back ground ဆိုတာနဲ့ ဆင်ဆင်တူပြီး၊ လူတစ် ယောက်ရဲ့ ကံနဲ့ လုံးလုံးလျားလျား သက်ဆိုင်နေပါတယ်။

နိဂုဏ်းချု ပ်။ queue
ဒီတော့အင်ဂျင်နီယာတစ်ယောက်အနေနဲ့၊ quality ကို၊ ထိပါးခြင်း။ quantity ကိုထိပါးခြင်း။ queue ကို ထိပါး ခြင်းဆိုတဲ့။ နည်းလမ်း တေကို၊ မသုံးစွဲဘဲ၊ မြန်ကောင်းသက်သာ-ကိုယ့်တွက်မှန်တဲ့ နည်းလမ်း ၁၀မျိုးရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ quality ကိုထိပါးခြင်း၊ quantity ကို၊ ထိပါးခြင်းဆိုတာကိုတော့၊ သူငယ်ချင်းတို့သိကြ ပါတယ်။ queue ကို၊ ထိပါးခြင်းဆိုသည်မှာ_ လောကမှာအစဉ်အတန်းဆိုတာရှိပါတယ်။ အောက်ဆုံးမှာ မြေ တူးတဲ့ အလုပ်သမား၊ မဆလာသယ်တဲ့အလုပ်သမ ရှိပါတယ်။ သူ့အထက်မှာ အလုပ်သမားခေါင်း supervisor ရှိပါတယ်။ ကျွမ်းကျင် ပညာသည်တေရှိပါတယ်။ ပြီးတော့ supervision engineer ရှိပါတယ်။ နောက်ဆုံး အဆင့် အင်ဂျင်နီယာချု ပ်ပေါ့ဗျာ။
ဒီနေရာမှာ အင်ဂျင်နီယာကြီးတေက၊ အင်ဂျ င်နီယာပေါက်စ ကိုနှိပ်စက်တယ်။ main con က၊ sub con ကို၊ နှိပ်စက်တယ်။ sub con က၊ labour ကို၊ နှိပ်စက်တယ်။ queue - ကွီးဆိုတာ၊ အစဉ်အတန်းဘဲ။ Labour ရယ်၊ sub con ရယ်၊ main con ရယ်ဆိုတဲ့အစဉ်၊ အတန်းမှာ၊ တဆင့်ကိုတဆင့် နှိပ်စက်ခြင်းကင်းတဲ့ နည်းလမ်းဟာ၊ အင် ဂျင်နီယာ တို့ရဲ့ အဌာရဿ (၁၈)ရပ်ပါလို့၊ ပြောကြားရင်း နိဂုဏ်းချုပ်ပါတယ်။
Credit

Want your business to be the top-listed Engineering Company in Haka?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 548, GanGaw Road, Pyi Daw Thar Quarter, Hakha Township
Haka
111121