ATH Focus Engineering Service, Design & Construction Co.,Ltd

ATH Focus Engineering Service, Design & Construction Co.,Ltd

Share

We can do the best house for you.

07/06/2024

ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဝေါဟာရပေါင်း (၂၀၀) စုစည်းပြီးတင်ပေးလိုက်ပါတယ်ခင်ဗျ။

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဥ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ်စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဥ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

Credit to original Writer ✍️

Photo Credit

30/03/2024

"ကွန်ကရစ်လောင်းရာတွင် ဆောင်ရန်ရှောင်ရန်များ"

-အတွေ့အကြုံရှိတဲ့ ပန်းရံ၊ကန်ထရိုက်တာ အသုံးပြုပါ
- ကွန်ကရစ်အချိုးအစား မှန်/မမှန် စစ်ဆေးရပါမယ်။
-ရာသီဥတုသာယာသောနေ့ကို ရွေးချယ်ပြီးလောင်းရပါမယ်။
-Concreteမလောင်းခင် Slump test အရင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရပါမယ်။
-Concrete ဖျော်ရာတွင် ရေပါဝင်မှုအချိုးအစားနဲ့
ရေအရောအနှောမှန်/မမှန် စောင့်ကြည့်ပေးရပါမယ်။
-ဖျော်ပြီးConcreteကို 15-20မိနစ်အတွင်း ကုန်အောင်လောင်းရပါမယ်။
-သိပ်သည်းမှုရှိရန်vibratorအသုံးပြုရပါမယ်။
ထိုမှသာ လေခိုခြင်း၊သံချောင်းသံချေးတက်ခြင်း၊honey combဖြစ်ပေါ်ခြင်းနှင့် အဆောက်အအုံသက်တမ်းကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
-Concrete လောင်းစဉ် Formwork ကားခြင်း၊အပေါက်ဖြစ်ခြင်း၊ကွန်ကရိယိုခြင်ူရှိ/မရှိ သေချာအောင်စောင့်ကြည့်ပါ။
- Concrete cover မှန်/မမှန် စစ်ဆေးပါ။
-Concrete လောင်းပြီးအပိုင်းအား မျဉ်းတံသေချာရိုက်ပေးရပါမယ်။
-Curingပြုလုပ်ခြင်းအားမပေါ့ဆပဲ Concrete အရည်အသွေးပြည့်အောင် ဂရုစိုက်ရပါမယ်။

HTP Civil Engineering

28/03/2024

#အဆောက်အဦးများအတွက် ဘိလပ်မြေ
၊အုတ်၊ သဲကျောက် စာရင်းအကြမ်းတွက်ချက်နည်း

အိမ်ဆောက်တဲ့အခါ သိထားသင့်တဲ့...

ဘိလပ်မြေ၊ အုတ်၊ သဲကျောက် တွက်ချက်နည်း
သံချောင်းတွက်နည်း
ဘိလပ်မြေတွက်နည်း
ရေဝင်ဆန့်တွက်နည်း
အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့် စာရင်းတွက်နည်းများကို
ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

ဘိလပ်မြေ၊ အုတ်၊ သဲကျောက် ခန့်မှန်းကုန်ကျမည့်
စာရင်းအကြမ်းတွက်ချက်နည်း

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ပြောကြပါတယ်။
ကုဗကျင်း
စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

ကုဗကျင်း
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို...
-၉ လက်မနဲ့အထက် အုတ်စီခြင်းတို့
-ကွန်ကရစ်လောင်းခြင်းတို့
-မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။

ရှိသမျှအလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၁၃ အိတ်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
1:2:4 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
1: 1-1/2 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၂၅ အိတ်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။ အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။

စကွဲယားကျင်း
စကွဲယားကျင်းက အလျားနဲ့အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
စကွဲယားကျင်းကို...
-၄လက်မခွဲ အုတ်စီခြင်း
-ဆေးသုတ်ခြင်းတို့
-အမိုးမိုးခြင်းတို့
-ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း
အုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ်
သဲ .11 ကျင်း

သံချောင်းတွက်နည်း
သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက -
10 မီလီ ၃မူး ( 3/8) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
12 မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
16 မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
20 မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
25 မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။

ဘိလပ်မြေတွက်နည်း
ဘိလပ်မြေ (၁) အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်(၂၀) ဟာ ၁ တန်ပါ။
သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ ဆက်သွယ်ချက်က ၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft

ရေဝင်ဆန့်တွက်နည်း
ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ 6 X 4 X 3 X 6.24= 449.28 ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင်= ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။ ရေကန်ကို အပေါ်မှာ ထားရင် Dead Load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ်ကို သုံးရပါမယ်။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေကလီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။

အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်းတွက်နည်း

လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း
၁၀၀ စတုရန်းပေနှုန်း

အုတ် ၄၀၀ လုံး
ဘိလပ်မြေ ၃ အိတ်
မြစ်သဲ ၁၀ ကုဗပေ

၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေနှုန်း

အုတ် ၇၅၀ လုံး
ဘိလပ်မြေ ၅.၅ အိတ်
မြစ်သဲ ၁၀ ကုဗပေ

၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း

ဘိလပ်မြေ ၁၉ အိတ်
မြစ်သဲ ၄၉ ကုဗပေ
မြစ်ကျောက်စရစ် ၉၂ ကုဗပေ

၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း

ဘိလပ်မြေ ၁၃ အိတ်
မြစ်သဲ ၄၆ ကုဗပေ
မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ

မှတ်ချက်။ ။
၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။
သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ
သဲတစ်ကျင်း = ၁၀၀ ကုဗပေ။

အထက်ပါကဲ့သို့ ဆောက်လုပ်ရေးနှင့် ပက်သက်သော ဗဟုသုတရဖွယ်ရာအကြောင်းအရာများကို အလျဉ်းသင့်သလို တင်ဆက်ပေးသွားမှာပါ 🙏🙏🙏

Want your business to be the top-listed Engineering Company in Hlaing?
Click here to claim your Sponsored Listing.

Telephone

Website

Address

Aung Maga Street
Hlaing