Cele Fans world

Cele Fans world

Share

မင်းသမီးတွေထဲမှာမထက်ကိုအချစ်ဆုံးပ?

Photos from Cele Fans world's post 27/07/2021

သံလွင်မြစ်နဲ့ ဘီးလင်းမြစ် စိုးရိမ်ရေမှတ် ရောက်နိုင်၊ မြစ်ကမ်းဘေးနေသူတွေ အထူးသတိထားဖို့ လို

မော်လမြိုင်၊ ဇူလိုင် ၂၇

သံလွင်မြစ်ရေနဲ့ ဘီးလင်မြစ်ရေဟာ နောက်ရက်တွေအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်လာတဲ့အတွက်ကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက် ၈ နာရီခွဲတိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဘီးလင်းမြစ်ရေဟာလည်း မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်မှာရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။

" သံလွင်မြစ်ရေကတော့ ဖြည်းဖြည်းပဲ တက်ပါမယ်။ အနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးမှာ နေထိုင်သူတွေအနေနဲ့ သတိထားသင့်ပါတယ်" လို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်မှာတော့ လှိုင်းဘွဲမြစ်၊ ဟောင်သရောမြစ်နဲ့ ဇမိမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေပြီး လှိုင်းဘွဲ မြဝတီ ကျိုက်ဒုံ ကြာအင်းဆိပ်ကြီးစတဲ့ မြို့တွေမှာ ရေဘေးသင့်ကြုံနေရတာ ဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အောက်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မွန် ကရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးဇလရဲ့ ခန့်မှန်းထားပါတယ်။crd.

Photos from Cele Fans world's post 22/07/2021

လူ ၃၃ ဦး သေဆုံးခဲ့တဲ့ စံချိန်တင် မိုးရွာသွန်းမှုအပြီး အပျက်အစီး တောင်ပုံရာပုံဖြစ်ကျန်ခဲ့တဲ့ ကျန်းကျိုးမြို့
---အကုန်သိ သတင်းဌာန---
တရုတ်နိုင်ငံအလယ်ပိုင်းက ကျန်းကျိုးမြို့တစ်ဝန်း နေရာအနှံ့မှာ ကြာသပတေးနေ့(ဇူလိုင် ၂၂) က ကားတွေ အစုအပုံလိုက်ဖြစ်နေကာ တုန်လှုပ်ခြောက်ခြားနေတဲ့ ဒေသခံတွေဟာ သမိုင်းဝင် ရေလွှမ်းမိုးမှုကြောင့် ပေါ်ပေါက်လာတဲ့ အပျက်အစီးပုံတွေအကြား ဖြတ်သန်းသွားလာနေကြပါတယ်။ မိုးကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃၃ ဦး ရှိခဲ့ပြီဖြစ်ကာ ပတ်ဝန်းကျင်ဒေသတွေမှာ မိုးသည်းထန်လာဖွယ်ရှိကြောင်း သိရပါတယ်။
ကျန်းကျိုးမြို့မှာ မကြုံစဖူးရွာသွန်းခဲ့တဲ့ ၃ နာရီကြာ မိုးရေချိန်ဟာ တစ်နှစ်စာရွာသွန်းတဲ့ မိုးရေချိန်နဲ့ ညီမျှတယ်လို့ မိုးလေဝသ အရာရှိတွေက ပြောဆိုပါတယ်။ တူးမြောင်းတွေ ချက်ချင်း ရေလျှံသွားခဲ့ပြီး ရွှံ့နှစ်ရေတွေ စီးထွက်လာခဲ့ကာ လမ်းတွေ၊ ဥမင်လမ်းကြောင်းတွေနဲ့ မြေအောက်ရထားလိုင်းစနစ်တွေအတွင်း ရေတွေ ဝင်ရောက်ခဲ့ပါတယ်။ ပတ်ဝန်းကျင် ဧရိယာတွေက လူပေါင်း သိန်းချီပြီး ရေဘေးဒဏ်ကို ခံစားခဲ့ရကာ လယ်ယာမြေတွေ၊ လမ်းတွေ၊ ရထားလမ်းတွေ ရေမြုပ်ကုန်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောဆိုပါတယ်။
ရေလွှမ်းမှုဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ကျန်းကျိုးရှိ မြေအောက်ရထားလိုင်းစနစ်တစ်ခုအတွင်းက ကြောက်မက်ဖွယ်ပုံရိပ်တွေဟာ လူမှုမီဒီယာကတဆင့် အချိန်နဲ့တပြေးညီထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂါနေ့ က ယင်းဖြစ်စဉ်အတွင်း ရေတွေဟာ ခရီးသည်တွေရဲ့ ခြေကျင်းဝတ်မှသည် လည်ပင်းအထိ ရောက်ရှိနေတာကို တွေ့ရပါတယ်။ ရထားတွဲတွေထဲက ခရီးသည်တွေကို ကယ်ဆယ်ရေးသမားတွေ လာရောက် မကယ်ထုတ်နိုင်ခင်အတွင်း သေဆုံးသူ တစ်ဒါဇင်ခန့် ရှိခဲ့ပါတယ်။
ရေတွေ ပြန်ကျသွားချိန်မှာတော့ အင်ဂျင်သေနေတဲ့ ကားတွေဟာ အစုအပုံလိုက်ဖြစ်ကျန်ရစ်ခဲ့ပြီး ဒေသခံတွေကတော့ ရာသီဥတု ဆိုးရွားဦးမယ့် နောက်ရက်အတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြပြီး ကားတွေနဲ့ ကုန်းမြင့်ဒေသတွေကို သွားရောက်ကြသလို ရေဘေးဒဏ်ခံ မြို့ကနေ ထွက်ခွာရေး အစီအစဉ်တွေ လုပ်ဆောင်နေကြပါတယ်။ ဒေသတွင်းမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓါတ်အား ရရှိမှုဟာ ကွက်ကြားအခြေအနေမှာသာရှိနေသေးတယ်လို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက အပျက်အစီး ကုန်ကျစရိတ်တွေကို တွက်ချက်နေကြစဉ် မြေအောက်ဥမင်တွေထဲက ရေတွေကို ထရပ်ကားတွေနဲ့ စုပ်ထုတ်နေခဲ့ပါတယ်။ မိုးလေဝသပညာရှင်တွေက မိုးရွာသွန်းမှု အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပတ်ဝန်းကျင် ဧရိယာတွေမှာ မြေပြိုမှုတွေ၊ ရေကြီးမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားကြောင်း သိရပါတယ်။ CNA

(zawgyi)

22/07/2021

မော်လမြိုင် ယနေ့အခြေနေမကောင်း😥

ဖြည့်တဲ့နေရာ Main 3 နေရာရှိတာ တစ်နေရာမှမထည့်ပေး😥

​တန်းစီရင်း ဆုံးသွားလို့ အိမ်လှည့်ပြန်တာတင် ၃ယောက်😣

လုပ်ကြပါဦး တစ်ခုခု Oxygen ကားကြီးဖြစ်ဖြစ် အရင်☹ စက်ရုံအသစ်တွေမလာခင်လေး😫

တစ်နေ့တခြားပိုများလာမှာ လူနာတွေက😢

Want your business to be the top-listed Beauty Salon in Hlaing?
Click here to claim your Sponsored Listing.

Category

Website

Address

TawWin Street
Hlaing
12510