DTS Queen

DTS Queen

Share

Application လေးနဲ့ Phone Operator အစုံရောင်းလို့ရပါတ

14/09/2023

ငါနော်
photo crd

13/09/2023

စာသားနဲ့ပုံ crd

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..
အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။
နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။
မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံမလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြားကပ် တာ ကောင်းပါ တယ်။
နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မလောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ တော့ ဘူး၊အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။
ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေအက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာလို့ရ ပါ တယ် ။၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာတစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရတာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များလာ တာ ပေါ့ ။
ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်ထပ် လုံး မြေထဲ ရောက် သွားတယ်။အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာအင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမားတွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြတာ ။
၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံးရှုံး မယ်။
အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။

Crd: yuzanarland

31/08/2023

" Shal Pay ကနေ လက်ရှိ အသုံးများကြတဲ့ ဝန်ဆောင်မှု ၄မျိုး 🔥 "

💁🏻‍♀️ ရှယ်တန်တဲ့ နှုန်းထားတွေနဲ့ အလွယ်တကူ အသုံးပြုနိုင်တာကြောင့် Shal Pay ရဲ့ လူသုံး အများဆုံး Service ၄ခုကို ဖော်ပြပေးလိုက်ရပါတယ်။

▫️ဖုန်းဘေလ်ဖြည့်ခြင်း
▫️Ananda
▫️Myanmar net
▫️Mobile Legend

✔️ User တို့ရော Shal Pay ဘာအတွက် အသုံးများကြလဲ ဆိုတာ ဝေမျှပေးသွားပါဦးခင်ဗျာ။

အပေးကြမ်းတဲ့ ရာခိုင်နှုန်းတွေနဲ့ တစ်နေရာထဲမှာ ဝန်ဆောင်မှု မျိုးစုံ ရနိုင်တဲ့ app ဆိုရင် Shal Pay ကို သတိရကြပါနော်။

💰 ငွေသွင်းငွေထည့်ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Page Messenger ကို လာရောက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

30/08/2023

အကိုတယောက် သိန်း ၅၀၀တန် အိမ်ဝင်းရောင်းတာကို
ဝယ်သူက စျေးတောင်မဆစ်ဘူး တန်လွန်းလို့ထင်ရဲ့
သိန်း (၁၀၀)စရံရိုက်သွားရဲ့
စာချုပ်ပါ ကန့်သတ်ချက်တော့ရှိတယ်
မရောင်းဖြစ်ရင် ရောင်းသူက သိန်း (၃၀၀)ပြန်လျော်
ဝယ်သူမဝယ်ဖြစ်ရင် စရံဆုံးပေါ့။
အဆင်ကိုပြေလို့။
ဒါပေမယ့် ကြားဖြတ် အစီစဉ်မှာ အကိုတယောက် လောဘဇောတက်ပြီလေ
နောက်ဝယ်လက်က အကိုရဲ့ ဝင်းကို ၁၀၀၀ပေးမယ် သူ့ကိုရောင်းပါတဲ့။
စရံ၁၀၀ပေးမယ်တဲ့။
အကို တွေးပြီလေ သူပေးတဲ့ ၁၀၀ ရယ် ဟိုအရင်လူ ပေးတဲ့၁၀၀ရယ် သူ့ရှိတဲ့၁၀၀ရယ် ပေါင်းပြီး
ပထမလူကို ၃၀၀ပြန်လျော်လိုက်တယ်။
အကို ၁၀၀စိုက်လိုက်ရတယ်။
ကိစ္စမရှိ ဒုတိယလူဆီက နောက်ထပ် ၉၀၀ရမယ်ပေါ့
ဆိုတော့ သူ ၈၀၀ ရမယ်ပေါ့။
မူရင်း၅၀၀ထက် ၃၀၀ပိုရမယ်ပေါ့
အဆင်ကိုပြေလို့ သူ့အတွေးနဲ့သူ
ရက်ကြာတော့ ဒုတိယလူက စရံအဆုံးခံပြီး
ကျန်ငွေ ၉၀၀ မချေတော့ဘူး။
ကဲဗျာစာရင်းချုပ်တော့ အကို ၁၀၀ပြုတ်ပြီ။
ပြုတ်မှာပေါ့ ဟို၂ယောက်ကတဖွဲ့ထဲလေ။
တချို့လိမ်လည်သူတွေက သိပ်ပညာပါရင် ဘာပုဒ်မမှ တတ်မရဘူးနော်
ဘောင်ထဲကလိမ်ရင် သိပ်ကြောက်စရာကောင်းတာ
ဖြစ်စဉ်က ဘယ်သူ့ကိုမှ တရားစွဲမရပါ။
လောဘကြောင့် မှားတတ်ကြောင်းသတိပြုစရာပါ။



တစ်ခုကြိုက်လို့ ယူလာတာ…

Want your establishment to be the top-listed Bar/pub in Hlaing?
Click here to claim your Sponsored Listing.

Telephone

Website

Address

Hlaing
Hlaing
11051

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00