MSP Online Shopping
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MSP Online Shopping, Yangon, Hlaing.
10/07/2019
ဆီးရောဂါနှင့် ကျောက်တည်ခြင်းများအတွက"ထိကရုံး"
------------------------------------------------------------
ဘုရားရှင် လက်ထက်တော်အခါက ဆေးဆရာကြီး ဖြစ်လာမယ့် ဆရာဇီဝက ကို သူ့ရဲ့ ဆရာဖြစ်သူကနေပြီးတော့"ဆေးဘက် မ၀င်တဲ့အပင်ကို ရှာခဲ့" ဆိုပြီး ခိုင်းလိုက်ပါတယ်။ ဆရာဇီဝက လည်း ဒီအပင်ကို အရှာထွက်ခဲ့ပါတယ်။ သို့ပေမယ့် အချိန်တွေသာ ကုန်သွားခဲ့ပါတယ်။ ဆရာကြီးဆီကိုတော့ဖြင့် လက်ချည်းဗလာသာ ပြန်လာခဲ့ရဖူးပါတယ်။
ဒါဟာ "ဆေးဘက် မ၀င်တဲ့ အပင်" ဟူ၍ မရှိခြင်းကို ပြဆိုနေခြင်း ဖြစ်ပါ၏။ အခုလည်း ဆေးဘက်ဝင်တဲ့ အပင်တစ်မျိုးကို ညွှန်းဆိုချင်ပါတယ်။
သဘာဝကြီးက လက်ဆောင်အဖြစ် ပေးထားတဲ့အထဲမှာ အလေ့ကျ ပေါက်ရောက်နေတဲ့ အပင်များစွာ ရှိပါတယ်။ ဒီအပင်တွေမှာ ကိုယ်စီအစွမ်းသတ္တိတွေ ရှိကြပါတယ်။ ယုတ်စွအဆုံး လမ်းဘေးပေါက်နေတဲ့ မြက်ပင်တွေမှာတောင်မှ ဆေးဘက်ဝင်တဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။ ဒီလို အလေ့ကျ ပေါက်ရောက်တတ်တဲ့ အထဲမှာဆိုရင်"ထိကရုံး" ဆိုတဲ့ အပင်လည်း အပါအ၀င်ပါပဲ။
ထိကရုံးပင်ရဲ့ ပုံသဏ္ဌာန် ကို arogyamonline.com မှာ ဟောဒီလို ဖော်ပြပေးထားပါတယ်။
အပင်- ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ အရိုင်းပေါက်ပင် ဖြစ်၍ ဆူးရှိ၏။ အခက်အလက်များတွင် အမွေးကြမ်းများ ရှိ၏။ ရိုးတံ နီ၏။
အရွက်- ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ထိခဲ့သော် တွန့်ရှုံ့သွား၏။ ရွက်ညှာ မရှိသလောက် ဖြစ်၏။ ရွက်မြွာများသည် ကျဉ်းမြောင်း၍ ရှည်မျောမျော ပုံဖြစ်ပြီး ရွက်ပြား ပြောင်ချော၏။
အပွင့်- အပွင့်သေး၍ ပန်းရောင်ရှိသည်။ ပန်းခိုင်ထီးတည်း ထွက်၏။ ပန်းခိုင်ထိပ်တွင် ပန်းပွင့်များ ဘောလုံးသဏ္ဌာန် စုပြုံပွင့်၏။ နန်းလုံးကြိုင်ပွင့်နှင့် တူသည်။ ၀ါခေါင်၊ တော်သလင်းလ တွင် ပွင့်သည်။
အသီး- ၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် သီးသည်။
ပျောက်စေ အကယ်၍ မိတ်ဆွေတို့မှာ ဆီးလွန်ရောဂါ ဖြစ်နေပါက ထိကရုံးအရွက်ကို ကြိတ်ပြီးတော့ ဆီးခုံပေါ်မှာ အုံပေးလိုက်ရင် ပျောက်စေနိုင်ပါတယ်။ မြင်းသရိုက်၊ လိပ်ခေါင်း ရောဂါများ အတွက်ဆိုရင် ထိကရုံးအရွက်ကို အမှုန့်ဖြစ်အောင် လုပ်ပြီး နို့နဲ့ တွဲသောက်ပေးပါက ပျောက်စေနိုင်ပါတယ်။ မိတ်ဆွေတို့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အနာတွေပေါ်မှာ ထိကရုံးအမြစ်ကို သွေးပြီး လိမ်းပေးလိုက်ပါက အမြစ်များ ထွက်လာစေနိုင်ပါတယ်။ ထိကရုံးအမြစ်ကို ပြုတ်ပြီးသောက်ပေးပါက ဆီးအိမ်မှာ ဖြစ်တည်နေတဲ့ ကျောက်တွေကို ပျော်ပြီး ကွဲကျသွားစေနိုင်ပါတယ်။ ထိကရုံး ပဉ္စငါးပါး (အခေါက်၊ အရွက်၊ အသီး၊ အပွင့်၊ အမြစ်) တို့ကို ကြိတ်ပြီး ရေနဲ့ဖျော်လူးပေးပါက ဖောရောင်ခြင်းကို ပျောက်စေနိုင်ပါတယ်။ အနာဖြစ်ပြီး ရောင်အမ်းနေတယ်ဆိုရင် ထိကရုံး ပဉ္စငါးပါး (အခေါက်၊ အရွက်၊ အသီး၊ အပွင့်၊ အမြစ်) တို့ကို ကြိတ်ပြီး ရရှိလာတဲ့ အရည်ကို ကြက်တောင်နဲ့ သုတ်လိမ်းပေးပါက ပျောက်စေနိုင်ပါတယ်။ သွေးအန်၊ သွေးကျ ၀မ်းရောဂါ၊ ပန်းနာ၊ အားတိုးဆေးများ အဖြစ်လည်း ထိကရုံးကို ဖော်စပ် အသုံးပြုကြပါသေးတယ်။
Click here to claim your Sponsored Listing.
Telephone
Website
Address
Hlaing
11051