Fill U R Brain
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fill U R Brain, Education Website, Sat thwar taw, Hmawbi.
Physics (Grade-10)
Chapter - 1
Part - 2
23/03/2025
12 RULES FOR LIFE
Rule 6: Do Not Bother Children When They Are Skateboarding:
ကလေးတွေ စကိတ်စီးနေတဲ့အချိန်မှာ သူတို့ကို မနှောက်ယှက်ပါနဲ့။
ဒီ rule က သတ္တိ၊ စွန့်စားမှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အကြောင်းပါ။ လူအများစုဟာ မိမိကိုယ်ကိုနဲ့ တခြားသူတွေကို အန္တရာယ်တွေကနေ ကာကွယ်ဖို့ ကြိုးစားကြတယ်။
ဒါပေမယ့် အမှန်တရားက ဘ၀ဆိုတာ အန္တရာယ်တွေနဲ့ ပြည့်နေတာပါ။ မင်းက အန္တရာယ်တွေကို ရှောင်နေမယ်ဆိုရင် မင်း ဘယ်တော့မှ ရင့်သန်လာမှာ မဟုတ်ဘူး။ ကလေးတွေဟာ စိန်ခေါ်မှုတွေ၊ လဲကျမှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ပြန်လည်ကြိုးစားမှုတွေကို ဖြတ်သန်းပြီး သင်ယူကြတယ်။
လူကြီးတွေလည်း အတူတူပဲ။ ခက်ခဲမှုတွေကနေ ရှောင်ပြေးနေမယ်ဆိုရင် မင်းဟာ အားနည်းကြောက်ရွံ့ပြီး စွမ်းအားမဲ့နေမှာပဲ။
ဥပမာ လူငယ်နှစ်ယောက်ရှိတယ်ထား
တယောက်က အမြဲတမ်း ဘေးကင်းတာကိုပဲ လုပ်တယ်။ ဘယ်တော့မှ စွန့်စားမှု မလုပ်ဘူး။ တိတ်ဆိတ်စွာ နေတယ်။ ခက်ခဲတဲ့အလုပ်တွေကို ရှောင်တယ်။ အချိန်တခု ကြာတဲ့အခါ သူဟာ အားနည်းလာပြီး စိတ်မချရတဲ့အပြင် တခြားသူတွေကို မှီခိုလာရတယ်။
နောက်တယောက်ကတော့ စွန့်စားတယ်။ ကျရှုံးရင်တောင် စီးပွားရေးတခုကို စလုပ်တယ်။ စိတ်လှုပ်ရှားနေလည်း စကားကို ပြောတယ်။ အသစ်အသစ်သော အရာတွေက ခက်ခဲလည်း လေ့လာတာပဲ။ အချိန်ကြာလာတော့ သူဟာ သန်မာလာပြီး ယုံကြည်မှုရှိကာ အမှီခိုကင်းလာတယ်။
ဘ၀မှာ ဘယ်သူပိုအောင်မြင်မလဲ။ ဒုတိယလူပါပဲ။ သူဟာ စိန်ခေါ်မှုတွေကို ရှောင်ပြေးနေမယ့်အစား ထိပ်တိုက်ရင်ဆိုင်လို့ပါ။
နိုင်ငံအသစ်တခုကို ရွှေ့ပြောင်းနေထိုင်ပြီး သုညကနေ စတဲ့ လူတွေအကြောင်း တွေးကြည့်ပါ။ သူတို့က ဘာသာစကားလဲ နားမလည်ဘူး၊ အဆက်သွယ်လည်း မရှိနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်။ ဒါပေမယ့် သူတို့ဟာ ခက်ခဲသမျှကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါ ပိုသန်မာလာပြီး ပိုအမြင်ကျယ်လာကာ စွမ်းဆောင်နိုင်မှုတွေ မြင့်မားလာတယ်။
စွန့်စားတဲ့ လူတွေပြီးတော့ မစွန့်စားတဲ့ လူတွေနဲ့ပတ်သတ်ပြီး တွေးကြည့်ပါ။ တူညီတဲ့ နေရာမှာပဲ နေ၊ တူညီတဲ့အလုပ်တွေကိုပဲ လုပ်ပြီး ဘာမှ မတိုးတက်လာဘူး။
သူတို့ဘ၀တွေက ပျင်းစရာကောင်းတယ်။ ခက်ခဲမှု မရှိပေမယ့် ကြာလာတော့ အဓိပ္ပါယ်မဲ့လာတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေကို ရှောင်နေတာ ရပ်ပါ။ တိုးတက်မှုဆိုတာ သက်သောင့်သက်သာနေရမှုရဲ့ ပြင်ပမှာပဲရတယ်ဆိုတာ သိပါ။
မင်းကျရှုံးရင် နောက်တကြိမ်ကြိုးစား။ ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့အစိတ်အပိုင်းပဲ။ တွက်ချက်ထားတဲ့ စွန့်စားမှုတွေကိုလုပ်ပါ(ရမ်းလုပ်လို့လဲမရဘူး)။ ကိုယ့်ကိုယ်ကို ပိုပြီး စိန်ခေါ်လေလေ ပိုပြီး သန်မာလေပါပဲ။
သန်မာအားကောင်းပြီး အောင်မြင်တဲ့ဘ၀ကို လိုချင်ရင် စိန်ခေါ်မှုတွေကို ရှောင်ပြေးတဲ့အကျင့်ကို ရပ်တန့်ပါ။
19/03/2025
12 RULES FOR LIFE
Rule 3: Set Your House in Perfect Order Before You Criticize the World:
ကမ္ဘာကြီးကို မဝေဖန်ခင် ကိုယ့်အိမ်ကို အရင်ပြည့်စုံအောင် လုပ်။
လူအများစုက သူတို့ပြဿနာတွေအတွက် ကမ္ဘာကြီးကို အပြစ်တင်ကြတယ်။ ယေဘုယျအားဖြင့် လူတွေဟာ သူတို့ရဲ့ အစိုးရ၊ သူဌေးနဲ့ သူတို့ဘ၀တွေကို မကျေမနပ် ဖြစ်ကြတယ်။
ဒါပေမယ့် တကယ့်အမှန်တရားက ကမ္ဘာကြီးကို ပြောင်းလဲဖို့ မကြိုးစားခင် ကိုယ့်ကိုယ်ကို အရင်ဆုံး ပြောင်းလဲရမယ်။ မင်းရဲ့ကိုယ်ပိုင်ဘ၀က ကမောက်ကမ ဖြစ်နေရင် မင်း တခြားအရာတွေကို ဘယ်လိုပြောင်းလဲနိုင်မှာလဲ။
လူအများစု ပြောကြတာက ဘဝက မတရားဘူး။ လူ့အဖွဲ့စည်းက ပျက်စီးနေတယ်။ ချမ်းသာတဲ့လူတွေက လူကောင်းတွေ မဟုတ်ဘူး စသဖြင့် အပြစ်တင်ကြတယ်။ ဘ၀နဲ့ပတ်သတ်ပြီး အပြစ်တင် ညည်းတွားနေမယ့်အစား ကိုယ့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို အရင် အာရုံစိုက်သင့်တယ်။
အပြစ်တင် ညည်းတွားနေလို့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ လုပ်ဆောင်မှု ရှိမှသာ ပြောင်းလဲမှာ ဖြစ်တယ်။ သူငယ်ချင်း နှစ်ယောက်ရှိတယ် ဆိုပါတော့။
ပထမ သူငယ်ချင်းက အမြဲတမ်း ညည်းညူတယ်။ ငါ့မှာ ပိုက်ဆံမရှိဘူး။ ချမ်းသာတဲ့ လူတွေက ကံကောင်းလိုက်တာ။ အစိုးရက ငါတို့ကို ကူညီသင့်တယ် စသဖြင့်။
သူ့ရဲ့ စွမ်းရည်တိုးတက်ဖို့၊ ငွေကြေးနဲ့ ပတ်သတ်ပြီး လေ့လာဖို့ကြတော့ ဘာတခုမှ မလုပ်ဘူး။ နေ့တိုင်း Netflix ကြည့်ပြီး အချိန်တွေကို ဖြုန်းတီးနေတယ်။
ဒုတိယ သူငယ်ချင်းကတော့ ညည်းညူနေမယ့်အစား သူ့ရဲ့ကိုယ်ပိုင်ဘ၀ကို ပြုပြင်ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ထားတယ်။ စွမ်းရည်အသစ်တွေ ရဖို့ အမြဲ လေ့လာတယ်။ ပြင်းပြင်းထန်ထန် အလုပ်လုပ်တယ်၊ သူ့ရဲ့ ငွေရေးကြေးရေး အခြေနေကို တိုးတက်အောင် လုပ်တယ်၊ ပြီးတော့ သူလုပ်သမျှကို တာ၀န်ယူမှု ရှိတယ်။ သူက စည်းကမ်းရှိပြီး အာရုံစိုက်ထားတယ်။
နှစ်အနည်းငယ် ကြာတဲ့အခါ ဒုတိယ သူငယ်ချင်းက အောင်မြင်မှုတွေ ရနေပြီး ပထမ သူငယ်ချင်းကတော့ ဘာမှမပြောင်းလဲပဲ ညည်းညူနေဆဲပဲ။
ဒါကြောင့် တခြားလူတွေကို အပြစ်တင် ညည်းညူနေမယ့်အစား ငါ တိုးတက်ဖို့ ငါ ဘာလုပ်ရမလဲ ဆိုတာကိုပဲ အာရုံစိုက်ပါ။ ကမ္ဘာကြီးကို အပြစ်မတင်ခင် မင်းရဲ့ကိုယ်ပိုင်ဘ၀၊ အလေ့အကျင့်တွေနဲ့ အတွေးခေါ်တွေကို အရင် ပြုပြင်ပါ။
မင်းရဲ့ လုပ်ဆောင်ချက်နဲ့ ဆုံဖြတ်ချက်တိုင်းအတွက် အပြည့်အ၀ တာ၀န်ယူပါ။ ကမ္ဘာကြီးကို အပြစ်တင်မနေဘဲ မင်းကိုယ်မင်း စတင်ပြောင်းလဲချိန်က စလို့ မင်းရဲ့ဘ၀ဟာ လုံး၀ ပြောင်းလဲသွားပါလိမ့်မယ်။
18/03/2025
12 RULES FOR LIFE
Rule 2: Stand Up Straight with Your Shoulders Back.
ပခုံးကိုနောက်ပစ် ရင်ကော့ပြီး မတ်မတ်ရပ်ပါ။
ဘာကိုဆိုလိုတာလဲဆိုတော့ ဒါက ကိုယ်နေဟန်ထား အကြောင်းပဲ ပြောနေတာ မဟုတ်ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှု၊ ခွန်အားနဲ့ ကိုယ့်ကိုယ်ကို လေးစားမှုတွေအကြောင်းပါ ပြောတာပါ။ ပခုံးကို နောက်ပစ် ရင်ကော့ပြီး မတ်မတ်ရပ်တာက ငါက သန်မာတယ်၊ ငါက စွမ်းဆောင်နိုင်တယ်၊ ငါ လုပ်နိုင်တယ်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပဲလို့ မင်းကိုယ်မင်းနဲ့ ကမ္ဘာကြီးကို ပြောနေတာ ဖြစ်တယ်။
ဒါက ဘာလို့ အရေးကြီးတာလဲဆိုရင် ခန္ဓာကိုယ်ဘာသာစကားက ငါတို့ရဲ့ စိတ်ကို သက်ရောက်မှုရှိတယ်ဆိုတာ သိပ္ပံပညာက သက်သေပြပြီးပါပြီ။ မင်းက ပခုံးကိုနှိမ့် ခါးကိုကိုင်း ခေါင်းငုံ့ပြီး အကြည့်ချင်းဆုံ စကားမပြောရဲတဲ့အခါ မင်းဟာ အားနည်းပျော့ညံ့မှု၊ မိမိကိုယ်ကို ယုံကြည်မှု နည်းလာပြီး စိုးရိမ်ပူပန်မှုတွေကို ပိုခံစားရပါလိမ့်မယ်။
မတ်မတ်ရပ် အကြည့်ချင်းဆုံ စကားပြောပြီး ယုံကြည်မှုအပြည့်နဲ့ လမ်းလျှောက်မယ်ဆိုရင်တော့ မင်းရဲ့ဦးနောက်ဟာ မင်းရဲ့ယုံကြည်မှုကို အလိုလို မြှင့်တင်ပေးပြီး ပိုမိုအားကောင်းသလို ခံစားရစေကာ တက်ကြွစေပါလိမ့်မယ်။လူတွေက သန်မာပြီး ယုံကြည်မှုရှိကာ အရာရာကို ထိန်းချုပ်နိုင်တယ်လို့ ထင်ရတဲ့သူကို လေးစားကြတယ်။ အလုပ်အင်တာဗျူးလာတဲ့ လူနှစ်ယောက်နဲ့ ပုံဖော်ကြည့်ပါမယ်။
ပထမလူက ကိုင်းညွှတ်စွာ လမ်းလျှောက်၀င်လာပြီး ခေါင်းကိုငုံ့ကာ အကြည့်ချင်းမဆုံရဲဘဲ အသံတိုးတိုးနဲ့ စကားပြောတယ်။ ဒီအချက်တွေကို ကြည့်ရင် အင်တာဗျူးတဲ့လူက ဒီလူကို ယုံကြည်မှုမရှိဘူးလို့ ထင်မှာပဲ။
ဒုတိယလူကတော့ ခါးမတ်မတ်နဲ့ လမ်းလျှောက်၀င်လာပြီး ပြုံးရွှင်သော မျက်နှာထားနဲ့ အကြည့်ချင်းဆုံကာ ရှင်းရှင်းလင်းလင်း စကားပြောတယ်။ အင်တာဗျူးသူက ဒီလူကို သန်မာတယ်၊ ဉာဏ်ထက်တယ်၊ စွမ်းဆောင်နိုင်တယ်၊ လုပ်နိုင်တယ်လို့ ထင်ပါလိမ့်မယ်။
ဒါဆိုရင် အလုပ်ရမယ့် သူက ဘယ်သူဖြစ်မယ်ထင်လဲ။ သေချာတာတော့ ဒုတိယ လူပါ။ အသိပညာရှိမှုကြောင့် မဟုတ်ဘဲ ယုံကြည်မှုရှိခြင်းနဲ့ လူအမြင်မှာ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်ရစေခြင်းကြောင့် ဖြစ်ပါတယ်။
ဒီ rule ကို ဘ၀အတွက် ဘယ်လို အသုံးချမလဲ။ မနက်တိုင်း မှန်ရှေ့မှာ မတ်တပ်ရပ်၊ အသက်ကို ပြင်းပြင်းရှုပြီး ရင်ကော့ကာ ကိုယ့်ကိုကိုယ် ငါက သန်မာတယ်။ ငါက ယုံကြည်မှု ရှိတယ်။ ငါက အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ပြောပါ။ လူတွေကြားမှာ လမ်းလျှောက်တဲ့အခါမှာလဲ ခေါင်းကိုမတ်၊ အကြည့်ချင်းဆုံပြီး ပြုံးထားပါ။ ကြောက်ရွံ့မှုတွေ စိုးရိမ်တဲ့ ခံစားချက်တွေကြောင့် ဘယ်တော့မှ ကိုယ့်ကိုယ်ကို သိမ်ငယ်မသွားပါစေနဲ့။ ကိုယ့်နေရာကို ပိုင်ပိုင်နိုင်နိုင် ရယူ၊ ရပ်တည်ပါ။
ဒီရိုးရှင်းတဲ့ ခန္ဓာကိုယ် ဘာသာစကား ပြောင်းလဲမှုက မင်းရဲ့ ယုံကြည်မှု၊ ကောင်းမွန်တဲ့ဆက်ဆံရေးတွေနဲ့ မင်းရဲ့ အောင်မြင်မှုတွေကိုတောင် ပြောင်းလဲတိုးတက်စေပါလိမ့်မယ်။
24/01/2025
စက်ရုံရဲ့ စွန့်ပစ်ရေကနေ ဇီ၀ဓာတ်ငွေ့ ထုတ်ယူသုံးစွဲပုံ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Hmawbi
11361