Chindwin Times

Chindwin Times

Share

Voice for All People... Mainly focus on the issues of Human/Minority/Gender Rights, Freedom of Expres

03/08/2022

ဟုမ္မလင်း သပိတ်ခေါင်းဆောင်မန္တလေးတွင် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ သပိတ်ဦးဆောင်သူ ကိုကျော်စိန်ဝင်းသည် ဩဂုတ်လ ၁ ရက်နေ့က ကျန်းမာ ရေးမကောင်း၍ မန္တလေးမြို့၌ဆေးခန်းပြနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံလိုက်ရကြောင်း ကိုကျော်စိန်ဝင်းနှင့်နီးစပ်သော ဟုမ္မလင်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကိုကျော်စိန်ဝင်းနှင့်အတူအမျိုးသမီးတစ်ဦးသည် မန္တလေးမြို့ရှိ ဆေးခန်းတစ်ခုတွင် ဆေးခန်းပြရန် စောင့် ဆိုင်းနေချိန် အင်အား ၂၀ ဝန်းကျင်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ် ဆောင်သွားခြင်း ဖြစ်သည်။

“ကိုကျော်ဝင်းစိန်ကို မန္တလေးက မြို့တော်မှာ ဆေးပြနေတုန်း အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားတာ။ သူ့ကို လက်ရှိ ဟုမ္မလင်းလေတပ်စခန်းကစစ်ကြောရေးမှာလို့ သိရတယ်။ ကျော်ဝင်းစိန်နဲ့ မန္တလေးက မိန်းကလေးနဲ့ အတူ နှစ်ယောက်ပါ” ဟု ဟုမ္မလင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကိုကျော်စိန်ဝင်းအပါအဝင် အမျိုးသမီးတစ်ဦးကို ဟုမ္မလင်းက လေတပ်စခန်း စစ်ကောင်စီ စစ်ကြောရေး တွင် ထိန်းသိမ်းထားပြီး အသေးစိတ်အခြေအနေကို မသိရသေးပေ။

မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာ သိမ်းမှုကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားဆန္ဒပြသော လူထုသပိတ်ပေါင်းစုံ နေရာအနှံ့တွင် ထွက် ပေါ်လာခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လာသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ အရှိန်မလျော့သွားဘဲ ပြောက်ကျားသပိတ်အသွင် ကူးပြောင်းကာ လက်ရှိအချိန်ထိ ထကြွနေဆဲဖြစ်သည်။

ကိုကျော်စိန်ဝင်းသည်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဟုမ္မလင်းမြို့နယ်သပိတ်တွင် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူဖြစ်ပြီး တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

“ပထမ စျေးထဲက သူ့မိဘတွေရဲ့ နာရီဆိုင် ချိပ်ပိတ်ခံရတယ်။ နောက် အမည်မသိ လက်နက်ကိုင် လူတစ်စု က သူမရှိချိန် သူ့အိမ်ကို လူသုံးယောက် သေနတ်တွေနဲ့ လာဝိုင်းပစ်လို့ သူ့အစ်ကိုရဲ့ ဇနီး (ပညာရေး CDM) သေနတ်ဒဏ်ရာ ငါးချက်နဲ့ သေတယ်။ အဲဒီနောက် သူ့အိမ် ချိပ်ပိတ်ခံရတယ်” ဟု ဟုမ္မလင်း သတင်း ရင်းမြစ်က ပြောပြသည်။

ဥပဒေ နောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ဝင်းစိန်သည် ရှမ်းနီတိုင်းရင်းသား လူငယ်တစ်ယောက်ဖြစ်ပြီး ဟုမ္မလင်းမြို့ နောင်ပကျစ်တောင်ပေါ် ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

ယင်းအပြင် ၎င်းသည် အစာအိမ်ဝေဒနာ ခံစားနေရသူဖြစ်သည့်အတွက် ယခုလို ဖမ်းဆီးမှုအပေါ် ကျန်းမာရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်းလည်း နီးစပ်သူများက ဆိုသည်။

ဒီမိုကရေစီအရေး ကြွေးကြော်ဆန္ဒပြသူကို ဖမ်းဆီးသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရှုတ်ချကြောင်းနှင့် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပါက ပြုလုပ်သောစစ်ကောင်စီ၏တာဝန် သာဖြစ် ကြောင်း ဟုမ္မလင်းမြို့နယ် ပ. အ. ဖ အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီတောင်းဆိုသော လူပေါင်း ၁၀,၀၀၀ ကျော်ကို စစ်တပ်ကဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

Photo- ဖမ်းဆီးခံရသော ကိုကျော်ဝင်းစိန်
Credit- Mizzima

Photos from Chindwin Times's post 14/07/2022

SNA က ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ အဓမ္မမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်း ပအဖကို ဆက်သွယ်မေးမြန်းခြင်း

မနေ့(ဇူလှိုင် ၁၁ )မှာ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သဘောထားထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန် ခဲ့ပါတယ်၊ အဲဒီ ထုတ်ပြန်ချက်အရ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေနဲ့ ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့အပေါ်မှာ ရှမ်းနီအမျိုးသားတပ်မတော်(SNA)တပ်ဖွဲ့ဝင်က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖမ်းဆီးတာ သတ်ဖြတ်အနိုင်ကျင့်တာ တွေကို လုပ်ဆောင်လျှက်ရှိပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟုမ္မလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိ သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

“ SNA က ဧပြီလတုန်းက HPDF ထောက်ပို့တပ်သား ကိုမင်းအောင်ကို သတ်ပစ်တယ်။ အဲဒါက တစ်မှု၊ နောက်တစ်မှုက တော်စီ ရွာက ကိုမောင်ကြိုင်ကိုလည်း ဧပြီလ ၁၇ ရက်မှာ သတ်ပစ်လိုက်တယ်။ ကိုမင်းအောင်ကို သတ်တုန်းကဆိုရင် စစ်ကောင်စီတပ်ကဖမ်းတယ်။ ပြီးတော့ SNA လက်ထဲကိုအပ်လိုက်တယ်။ အဲဒါကို SNA က သတ်လိုက်တယ်”
………………………………..
မေး။ ဟုမ္မလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရှမ်းနီအမျိုးသားတပ်မတော် SNA က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒေသခံပြည်သူတွေအပေါ် ကျူးလွန်တဲ့ အဓမ္မမှုတွေလို့ ရေးသားထားတာ တွေ့ရတယ်။ ဘယ်လို အဓမ္မမှုတွေကို ကျူးလွန်ခဲ့တာလဲ။

ဖြေ။ သူတို့ကျူးလွန်တဲ့အချက်တွေကတော့ PDF တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်ပေါ့နော်၊ ဧပြီလအတွင်းတုန်းက HPDF က ထောက်ပို့တပ်သား ကိုမင်းအောင်ကို သတ်လိုက်တယ်၊ အဲဒါက တစ်မှု။ အဲဒါအပြင် အပြစ်မဲ့ပြည်သူ တော်စီရွာနေ ကိုမောင်ကြိုင်ကို ဧပြီလ ၁၇ ရက်မှာ သတ်ပစ်လိုက်တယ်။ အဲဒါက တစ်မှု။ ကိုမင်းအောင်ကို သတ်တုန်း ဆိုရင် စစ်ကောင်စီက ဖမ်းတယ်။ ဖမ်းပြီးတော့မှ SNA လက်ထဲကို အပ်လိုက်တယ်။ အဲဒါကို SNA ကစစ်မေးပြီးတာနဲ့ သတ်လိုက်တယ်။ အဲလိုအနေအထားရှိတယ်၊ ဒါလည်းပူးပေါင်းတာပဲပေါ့နော်။ ကိုမောင်ကြိုင်က ကိုတော့ သူတို့ တပ်သားတွေကိုယ်တိုင်က သတ်တာပေါ့နော်။ အဲဒါက ပူးပေါင်းမှု မရှိပဲ သူတို့ (SNA)ဖာသာ လုပ်တဲ့အမှုပေါ့နော်။ နောက်တစ်မှုက ဟိုတစ်နေ့က ဖြစ်သွားတဲ့ ကိုပါကြီးနဲ့ ကိုဘီလုံးကို စရဖနဲ့ပေါင်းပြီး နောင်ခန်းဘက်မှာ ဖမ်းတဲ့အမှု ပေါ့နော်။ PDF ကို လုပ်တဲ့ အမှုက ၃ မှုရှိတယ်။ ပြည်သူအပေါ်ကျူးလွန်တဲ့အမှုက ပိုဆိုးတယ်။ တော်စီရွာက ကိုမောင်ကြိုင်ကို သတ်တဲ့အမှုရှိတယ်။ လမ်းသွားတဲ့အခါမှာ SNA ကားလာရင် တိုင်းရင်းသားပြည်သူတွေအကုန်လုံး လမ်းဘေးကပ်ရပ်ရတယ်။ လမ်းကျင်းနေတဲ့နေရာ ဖယ်လို့လည်း မလွတ်ဘူးဆိုရင် ကားပေါ်ကနေ SNA တပ်သားတွေ ဆင်းပြီး ပါးရိုက်တယ်။ ပါးရိုက်ပြီး လမ်းရှင်းခိုင်းတယ်။ နန်တောဘက်မှာဆိုရင် တစ်ခုဖြစ်ခဲ့သေးတယ်။ အဲလိုပဲ လမ်း ကြပ်လို့ဆိုပြီး သေနတ်နဲ့ချိန်ပြီး လမ်းရှင်းခိုင်းတယ်။ တခြားကတော့ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အတိုင်းပါပဲ။

မေး။ ကိုမောင်ကြိုင်ကို ဘာကြောင့်သတ်တာလည်း သိရလား။

ဖြေ။ ဟုတ်ကဲ့သိရပါတယ်။ HPDF 124 နဲ့ဆက်စပ်တယ်ဆိုတဲ့ ဆိုပြီးတော့မှ သတ်လိုက်တာပါ။ အမှန်က HPDF 124 နဲ့ ကိုမောင်ကြိုင်က ဆက်စပ်မှု မရှိဘူး။ HPDF 124 ကိုမေးတဲ့အခါမှာ ကိုမောင်ကြိုင်က မှိုရှာ၊ မျှစ်ရှာဖို့တောထဲကိုဝင် လာတာ၊ ဝင်လာတဲ့အခါမှာ HPDF 124 အထိုင်ချထားတဲ့ နေရာကိုရောက်လာတော့ သူတို့က စစ်မေးပြီး သာမာန်ပြည် သူဆိုတော့ ပြန်လွှတ်လိုက်တယ်။ ဧပြီလ ၁၂ ရက်မှာ HPDF 124 နဲ့စကစ တိုက်ပွဲဖြစ်တယ်။ ရွာဘက်က စကစခန့် အုပ်ချုပ်ရေးမှူးကလည်း ကိုမောင်ကြိုင်ကို စကစတပ်နဲ့ တိုင်ထားတယ်လို့သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဖမ်းချပြီး သတ်ပစ်လိုက်တာ။ သက်သေလည်းမခိုင်လုံပဲ သတ်ချပစ်လိုက်တယ်။

မေး။ ဘယ်လိုပုံစံမျိုးနဲ့ ကိုမောင်ကြိုင်ကို သတ်လိုက်တာလဲ။

ဖြေ။ ဖမ်းတုံးကတော့ ကိုမောင်ကြိုင်ကိုရော၊ သူ့အမျိုးသမီးကိုရော ၂ ယောက်လုံးကို ဖမ်းတာ။ ပြီးတော့မှ သူ့အမျိုးသမီးကို ပြန်လွှတ်ပြီး ကိုမောင်ကြိုင်ကိုသတ်လိုက်တာ။

မေး။ ကိုမင်းအောင်ကို ရောဘယ်လိုပုံစံနဲ့ သတ်ဖြတ်ခဲ့တာလဲ။

ဖြေ။ ကိုမင်းအောင်ရဲ့ ဖြစ်စဉ်ကတော့ ကိုမင်းအောင်နေတဲ့ ရွာနားလေးမှာ သူအဖမ်းခံရတဲ့နေ့က HPDFနဲ့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက တိုက်ပွဲကြောင့် နောက်ကိုဆုတ်လာတယ်။ အဲဒီမှာ ကိုမင်းအောင်က HPDF တပ်သားတွေကို ထမင်းပို့လာတဲ့အခါမှာ သူ့ကိုခြေထောက်ကိုသေနတ်နဲ့ပစ်ပြီးဖမ်းသွားတယ်။ ဖမ်းပြီးတော့ SNA က စိုင်းပြူးတို့အဖွဲ့ကို အပ်လိုက်တယ်။ စိုင်းပြူးတို့ကလည်း ကိုမင်းအောင်ခြေထောက်ဒဏ်ရာရတဲ့ ကိစ္စကို ဆေးမကုပေးဘူး။ ၃ ရက် ဒီအတိုင်းထားတယ်။ ၃ ရက်လောက်ကြာတော့ ရေငတ်လာတယ်။ ကျည်မှန်ရင် ရေမသောက်ရဘူး၊ အဲဒါကို စိုင်းပြူးတို့ကရေတိုက်လိုက်တယ်။ ရေတိုက်လိုက်တော့ ကိုမင်းအောင်က ကျည်ဆိပ်တွေ တအားတက်လာတဲ့အချိန်မှာ ခေါင်းကိုသေနတ်နဲ့ ပစ်ပြီးသတ်လိုက်တယ်။ ဒါတွေကို ကျွန်တော်တို့ဘာလို့ပြန်သိရလဲ ဆိုတော့ သူတို့အဖွဲ့ထဲမှာ ကျွန်တော်တို့ လူတွေအများကြီးရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပြန်သိရတာ။ သူတို့ စုံစမ်း စစ်ဆေးနေတဲ့ ဗွီဒီယိုဖိုင်တွေကစပေါက်ကြားလာတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ သိရတယ်။

မေး။ HPDF 124 က တပ်စား ၂ ဦးကိုလည်း ဖမ်းတယ်ဆိုတော့လေ သူတို့က ဘာလို့ ဖမ်းရတာလဲ။

ဖြေ။ အဓိကကတော့ စစ်ကောင်စီက ဖမ်းခိုင်းတာလို့ပြောရမယ်။ ဖမ်းတဲ့အထဲမှာလည်း သူတို့ပါတယ်။ မီဒီယာ တစ်ခုမှာတော့ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မပါပါဘူးလို့ ငြင်းထားတယ်။ ဘာကြောင့်သူတို့ပါတယ်လို့ ကျွန်တော်တို့က တပ်အပ်ပြောလို့ရလဲဆိုရင် ဖြစ်ဖြစ်ချင်းသူတို့ အကြီးပိုင်းတွေကို ဖုန်းဆက်ပြီး မေးတာရှိတယ်။ အဲဒီအချိန်မှာ သူတို့ပြောတာက စရဖဖက်ကို ထည့်ပေးလိုက်ပြီဖြစ်လို့ လွန်သွားပြီလို့ပြောတယ်။ သူတို့အကြီးပိုင်းနဲ့ အောက်ခြေနဲ့က နဲနဲကွဲပြားမှုရှိနေတယ်။ ဆိုလိုချင်တာက ပရမ်းပတာဖြစ်နေတာ။

မေး။ ထုတ်ပြန်ချက်ထဲမှာ ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာတွေလည်းပါတော့ အဲဒီရွာတွေကရော ရှမ်းနီတိုင်းရင်းသားတွေမဟုတ်ဘူးလား။

ဖြေ။ ရှမ်းနီတိုင်းရင်းသားတွေပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့တွေကပိုခံပြင်းတာပါ။ ဒါကြောင့်လည်း ဒါမျိုးထုတ်ရ တာ၊ ဟုမ္မလင်းတစ်နယ်လုံးက ရှမ်းနီလူမျိုးများတယ်။ အခုဒီလိုလုပ်ရပ်တွေက ကိုယ့်လူမျိုးအချင်းချင်း အပေါ်ဗိုလ် ကျတဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော်တို့က လက်မခံဘူး။ ဒါကြောင့်ဒီကြေညာချက်ကို ထုတ်ရတာ။ နတ်နန်းကျေးရွာဆိုရင် လည်း သင်္ကြန်အတက်နေ့လောက်မှာ စိုင်းပြူးတို့အဖွဲ့က နတ်နန်းဈေးတန်းကို မီးရှို့ပြစ်မယ်ဆိုပြီးခြိမ်းခြောက်တယ်။ အဲလိုခြိမ်းခြောက်တော့ အကုန်လုံးက ပစ္စည်းတွေသယ်ဘာသယ်နဲ့ ယောက်ယက်ခတ်ကုန်ရော။ နောင်မွန်ရွာဆိုရင် လည်းစာသင်ကျောင်းဖွင့်တာနဲ့ပတ်သက်ပြီး ပြည်သူတွေက မကျေနပ်ကျဘူး။ ဝိုင်းဝေဖန်ကြတာပေါ့နော်။ အဲလိုဝေဖန်တဲ့အတွက် နောင်မွန်ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။

မေး။ SNA အောက်ခြေပိုင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို ဒေသခံတွေက တာဝန်ရှိသူတွေသိအောင်မပြောကြတာ လား။

ဖြေ။ အဲဒါကရွံ့ကြောက်ကြီးဖြစ်သွားတာ။ SNA အကြီးပိုင်းတွေသိအောင်၊ နားပေါက်အောင်ပြောတယ်။ သူတို့အကြီး ပိုင်းတွေက အောက်ခြေကိုမထိန်းနိုင်ဘူး။ အောက်ခြေက လူတွေစစ်ကောင်စီနဲ့ပေါင်းလည်း လွှတ်ထားသလိုဖြစ်နေ တယ်။ လုပ်ပိုင်ခွင့်တွေအပြည့်အဝပေးထားသလိုဖြစ်နေတယ်။ ထိန်းမနိုင်တာလား၊ တမင်တကာမထိန်းတာလားဆို တာကို မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။ တစ်ချို့နေရာမှာဖြစ်ဖူးတာက သူတို့နယ်မြေခံက အနိုင်ကျင့်တဲ့အကြောင်း အကြီးပိုင်းကို တိုင်လိုက်တယ်။ အဲလိုတိုင်တာကို နယ်မြေခံကပြန်သိတော့ တိုင်တဲ့လူကို ရိုက်တာတွေရှိတယ်။ အဲလိုဆိုတော့ ဘယ်သူကမှ မတိုင်ရဲတော့ဘူး။

မေး။ ဘာတွေထပ်ဖြည့်ပြောချင်တာရှိလဲ။

ဖြေ။ ဖြည့်စွက်ပြောချင်တာက SNA အနေနဲ့ ဟုမ္မလင်းမှာ ရှိနေတဲ့ ရှမ်းနီးအပါအဝင် ပြည်သူလူထုအားလုံးရဲ့ ဆန္ဒနဲ့အညီသွား စေချင်တယ်။ ပြည်သူလူထုဘက်ကနေပဲ ရပ်တည်စေချင်တယ်။ ကျွန်တော်တို့ ပအဖကို SNA ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ တစ်ခုမကျန်မှတ်တမ်းပြုလုပ် ထားပါတယ်။

Burma VJ

Photo- တိုင်းလိုင်ရှမ်းနီတပ်မတော်

Want your business to be the top-listed Media Company in Homalin?
Click here to claim your Sponsored Listing.

Website

Address

Myanigone Block
Homalin
02052

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00