Myanmar Rescue Organization - Hpa An
To help someone or something out of a dangerous, harmful, or unpleasant situation
16/06/2026
၉ ရက်မြောက် နေ့
သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ရည်ရွယ်၍
မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ် နှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကရင်ပြည်နယ် တို့ပူးပေါင်းဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေး အထူးသင်တန်း ၉ ရက်မြောက် နေ့ ၌ ကန်သာယာရေပြင်၌ Water Rescue နှင့်ပတ်သတ်သော အခြေခံရေကူးနည်းစနစ်များဘောကွင်း ပစ်နည်းများ ကြိုးပစ် နည်းများ SCUBA Diver ပစ္စည်းဝတ်ဆင်နည်းများ Intelligence Life Buoy မောင်းနှင်ခြင်းများ Rescue Boat မောင်းနှင် နည်းများ Line Shooter ပစ်နည်းများ အားသင်ကြားပေးနေမှုအား တင်ပြပေးအပ်ပါသည်။
သင်တန်းသားများ၏ တစ်နေ့တာ စားရေးသောက်ရေး ကိစ္စများ အဆင်ပြေစေနိူင်ရေးအတွက် ပါဝင်လှူဒါန်းပေးနိုင်ရန် နိုးဆောင်အပ်ပါသည်။
09694455441
09692424224
သတင်းနှင့်ပြန်ကြားရေး
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်
Search & Rescue Training Kayin State
13/06/2026
Practical Field
မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ် နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကရင်ပြည်နယ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးအထူးသင်တန်း မှ သင်ကြားပေးသော Mountain Rope Rescue နည်းစနစ်များအား လက်တွေ့ လေ့ကျင့်နိုင်ရန်အတွက် ဘားအံမြို့ ကြာအင်း တောင်- ဇွဲကပင် တောင်ကြားလမ်း ၌ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းသားများ ခြေလျင် ခရီးဖြင့် သွားရောက်မည်ဖြစ်သော ကြောင့် အထိတ်တလန့်မဖြစ်စေရန် အသိပေးအပ်ပါသည် ။
စိတ်ပါဝင်စားသော သူများ လာရောက်ကြည့်ရှုနိုင်ပါသည် ။
09694455441
09692424224...
သတင်းနှင့်ပြန်ကြားရေး
မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ်
Click here to claim your Sponsored Listing.