DuWon Sales and Service Center-Branch 2
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DuWon Sales and Service Center-Branch 2, Heating, ventilating & air conditioning service, No. 73, Yadanar Street, Bayint Naung Road, Pauk Taw Wa, Insein.
19/11/2024
(19.11.2024 - 30.11.2024)
Du Won Air-Con Sale & Services မှ မည့်သည်အဲကွန်းအမျိုးအစားကိုမဆို ဝယ်ယူတပ်ဆင်ပါက ပြန်အမ်းငွေ 50000ကျပ် ရမယ့် အခွင့်အရေး
#အဲကွန်းတပ်ဖို့စဉ်းစားနေပီဆိုရင်ဒီPostလေးကိုဝင်ဖတ်ပေးသွားပါ(19.11.2024)
အဲကွန်းစျေးတွေလဲ ကျပါတယ်ခင်ဗျ။
👉 ဘာတွေသိထားဖို့လိုပါသလဲ (Knowledge)
👉 ဘယ်လိုရွေးချယ်မလဲ(Brand & Horse power)
👉 ဘာတွေအဆင်သင့် ရှိဖို့လိုမလဲ (Ready)
(1) ဘာတွေသိထားဖို့လိုပါသလဲ
1.British Thermal Unit (Btu)
Air Con တစ်လုံးရဲ့ အေးနိုင်စွမ်းကို Btu နဲ့ တိုင်းတာပါတယ်။
Btu များလာတဲ့အလျောက် သူ့ရဲ့စျေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။
အများစု သိထားကြတယ့် horsepower(hp) မြင်းကောင်ရေအား က တကယ်တမ်းတော့ အရေးမပါပါဘူး။
Horsepower (hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး ။
Horsepower(hp) ဘယ်နကောင်ရှိတဲ့ Air Con မှာ Btu ဘယ်လောက်ထွက်လဲဆိုတာ Brand အလိုက် Model အလိုက် သတ်မှတ်ပုံ ကွဲပြားနိုင်ပါတယ်။
မိမိအခန်းအတွက် လိုအပ်တဲ့ Btu ကို "အကြမ်းဖျင်း"တွက်ကြည့်နိုင်ပါတယ်။
မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square feet ကို 35 နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu ပါပဲ။
ဥပမာ 12 ပေx 15 ပေ အခန်းဆိုရင် square feet က 180 ပါ။ 180 x 35 = 6300 Btu လိုအပ်ပါတယ်။
အရိပ်ကျတဲ့အခန်းမှာဆို ရလာတဲ့ Btu ကို 10% နှုတ်ပါ။
နေရောင်တိုက်ရိုက်ကျတဲ့ အခန်းမှာဆို ရလာတဲ့ Btu ကို 10% ထပ်ပေါင်းပေးပါ။
မီးဖိုချောင်မှာ သုံးမယ်ဆိုရင် ရလာတဲ့ Btu ကို 4000 ထပ်ပေါင်းပေးပါ။
အခန်းထဲမှာ လူ ၁ ယောက်ထပ် ပိုနေမယ်ဆိုရင် အခန်းဧရိယာအတွက် တွက်ထားတဲ့ Btu အပြင် လူတစ်ဦးအတွက်ကို 600 Btu စီ ထပ်ပေါင်းပေးပါ။
Toshiba ၁ကောင်မှာ 8500Btu ၊ ၁ကောင်ခွဲမှာ 11600Btu ၊၂ကောင်မှာ 16400Btu ၊ ၃ကောင်မှာ 21900Btu အပူဖလှယ်နိုင်ပါတယ်။
2. Energy Efficiency Ratio(EER)
EER ဆိုတာ Btu per hour ကို input Watt(W) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con စျေးလဲ လိုက်များလာပါတယ်။
Air Con အများစုကတော့ EER 8.9 ကနေ 10.7 ကြားမှာ ရှိကြပါတယ်။
Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ရှိကြပါတယ်။
24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။
Toshiba ၁ကောင်မှာ10.12 EER ၊ ၁ကောင်ခွဲမှာ 9.35 EER ၊၂ကောင်မှာ 9.11 EER ၊ ၃ကောင်မှာ 10.5 EER ရှိပါတယ်။
3. Air Flow Rate
အတွင်း unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (m³/h) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။
Toshiba ၁ကောင် air con မှာ 540m³/h
Toshiba ၁ကောင်ခွဲ air con မှာ 600m³/h
Toshiba ၂ကောင် air con မှာ 900m³/h
Toshiba ၃ကောင် air con မှာ 1100m³/h ထွက်ရှိပါတယ်။
4. Noise
ဆူညံမှုဆိုတဲ့နေရာမှာ split type မှာဆိုရင် အတွင်း unit နဲ့ အပြင် unit ရဲ့ ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။
အတွင်း unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။
အပြင် unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အတွင်းကပင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။
ဆူညံမှုကို decibel (dB) နဲ့ တိုင်းတာပါတယ်။ dB နည်းလေ အသံတိုးလေပါ။
5. Copper Pipe Quality
Air Con မှာ outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။ တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့ Compressor နဲ့ Condensor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တစ်ချို့Air Con တွေမှာ ကြေး (100%) အစား အလူမီနီယမ် (100%) သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်း၀ယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။
6. ကြေးပိုက် ဖော့စွပ်
Outdoor နဲ့ Indoor unit ကို ဆက်ပေးတဲ့ ကြေးပိုက်ကို စွပ်တဲ့ ဖော့စွပ်က original စွပ်ပြီးသားမှ အအေးလုံမှာပါ။ ပိုက်သပ်သပ်၀ယ် ဖော့စွပ် သပ်သပ်၀ယ်ပြီး ဖော့စွပ်ကို ထက်ခြမ်းအလျားလိုက် အစဆုံး လှီးပြီးမှ ဖော့စွပ်ထဲ ကြေးပိုက် ထည့်တာက အအေးဓာတ် ကို လျော့ကျစေတဲ့အပြင် ပိုက်မှာလဲ ရေယိုစေပါတယ်။ အတွင်းမှာလဲ condensation အရည်တွေခဲသွားပြီး အအေးဓာတ် လျော့ကျစေတတ်ပါတယ်။
ဒါကြောင့် Air Con ဘယ်လောက်ကောင်းတာပဲ ၀ယ်၀ယ် ကြေးပိုက် စနစ်မှာ ချို့ယွင်းနေရင်တော့ အလကားဖြစ်သွားမှာပါ။
အဲဒီလိုအခြေခံအချက်တွေပေါ်မူတည်ပြီး Aircon
Brand တွေရဲ့ စျေးနှုန်းကွာခြားသွားရခြင်းပါ။
ဲ့အဲဒါကြောင့် Aircon တပ်မယ်ဆိုရင် ကုန်ကျသွားတဲ့ကုန်ကျစားရိတ်နဲ့ ထိုက်တန်တဲ့
အရည်အသွေး ရဖို့ ကျွမ်းကျင်တဲ့ သူတွေနဲ့ တိုင်ပင်တပ်ဆင် သင့်ပါတယ်။
(2) ဘယ်လိုရွေးချယ်မလဲ (Brand & Horsepower)
👉 ဘယ်တံဆိပ်ကို (Brand) ရွေးချယ်ရမလဲ
👉 ဘာတွေကို ကြည့်ပီးရွေးချယ်သင့်ပါသလဲ
- Local(ပြည်တွင်း) မှာ Company က အရောင်းရော Service ရော နှစ်မျိုး တကယ်ရှိမရှိ။
- စက်ပိုင်းဆိုင်ရာ စိတ်ချရမှု ရှိမရှိ။(ကွာလတီ နှင့် အာမခံ)
- Customer Service ကောင်းမကောင်း(တချို့ Brand တွေ နာမည်သာကြီးတယ် အပိုပစ္စည်း ဝယ်လို့မရ ဝယ်ဖို့မလွယ် စျေးအလွန်အမင်းကြီး။
- အဆိုးဆုံး အာမခံတော့ပေးပါရဲ့ မြန်မာပြည်မှာရောင်းပီး Safeguardလဲခံသုံးနေရပီး တစ်ခုခုပျက်ပီဆိုရင် မီးအားအတက်အကြကြောင့် ပျက်တာဆိုပီး အာမခံက ျက်။အဲ့တော့ အာမခံက ဘာအသုံးဝင်သေးလဲဗျ။အဲ့လို Brand တွေကလဲ ပုံလို့။
- အကောင်းဆုံးကတော့ ကျွမ်းကျင်တဲ့ Technicain ရဲ့ အကြံဥာဏ်ယူကြပါဗျ။ရောင်းချင်လွန်းလို့ ရောင်းမထွက်တာတွေ ထိုးရောင်းမခံရအောင်။
Horsepower(ဘယ်အကောင်အရေအတွက် တပ်သင့်)
အပေါ်မှာတော့ BTU တွက်နည်းပြောပြထားပီးသားပါဗျ။
အခုတော့ အကျယ်အဝန်းနဲ့ အနီးစပ်ဆုံး အဆင်ပြေနိုင်ဆုံး အကောင်အရေအတွက်ကို တွဲပီးဖော်ပြလိုက်ပါတယ်ဗျ။(လူနေအိမ်များကိုသာ ရည်ညွှန်းပါသည်)
တစ်ကောင် (1Hp) - ၁၂ပေ ပတ်လည်ခန်း
တစ်ကောင်ခွဲ (1.5Hp) - ၁၅ပေ ပတ်လည်ခန်း
ရုံးခန်းနှင့် အခြားသော အခန်းပုံစံအမျိုးမျိုးအတွက်တော့ အပေါ်က BTU တွက်နည်းနဲ့ အကောင်အရေအတွက် အနီးစပ်ဆုံး တွက်လို့ရပါတယ်ဗျ ။အကောင်အရေအတွက်နှင့် Type အမျိုးအစား ရွေးချယ်ရခက်နေရင်တော့ အကြံဥာဏ်ယူဖို့ Duwon ရဲ့ Chat box မှာလာမေးပါဗျ ။
(3) ဘာတွေအဆင်သင့်ရှိဖို့ လိုပါသလဲ
- အဲကွန်းတပ်ဆင်မည့် အခန်းလုံဖို့လိုပါတယ်ဗျ။
အခန်းမလုံပါက အအေးပေါ့နိုင် မီတာခ ပိုကြနိုင်ပါတယ်ဗျ။
- အဲကွန်းသုံးဖို့ မီးသွယ်တန်းပီးသားဖြစ်ရပါမယ်ဗျ။
အဲကွန်းအတွက် သီးသန့် Breaker သီးသန့်ထားပေးနိုင်ရင်တော့ အကောင်းဆုံးပါဗျ ။
👍 အဲကွန်းတပ်ဆင်အပီးအစီး စျေးနှုန်းလေးများ(19.11.2024)
😇 ဟိုမေးဒီမေး မေးစရာ မလိုတော့ပါ
🤑 ကုန်ကြမယ့် ငွေပမာဏကို သိချင်သေးလား
✌ပါဝင်ပစ္စည်းများ✌
1️⃣. Copper pipe (10fts) ၁၀ပေ
2️⃣. Safeguard
3️⃣. Outdoor frame
4️⃣. Wire
5️⃣. Drain pipe
6️⃣. Transportation charge
7️⃣. Installation fee
⛔အထက်ပါ ဖော်ပြထားသောစျေးနှုန်းများသည် ကြေးပိုက်(၁၀ပေ)ပါဝင်သော စျေးနှုန်းများသာဖြစ်ပါသည်။ကြေးပိုက်(၁၀ပေ)ထက်ပိုဆွဲရပါက ကြေးပိုက်ဖိုး တစ်ခုထဲသာ ထပ်မံ၍ပေးချေးရပာမည်(Trunking သုံးပါက Trunking ဖိုး)။အခြားမည်သည့်အခကြေးငွေမှ ပေးချေစရာမလိုပါ။စက်အမျိုးအစားအားလုံးအတွက် Company အာမခံ(၃နှစ် သို့မဟုတ် ၄နှစ်) ရရှိမည်ဖြစ်ပီး Installation အာမခံ (၁နှစ်) ရရှိမည်ဖြစ်ပါသည်။အချိန်နှင့်အမျှ အဲကွန်းစျေးအတက်အကျပေါ်မှုတည် စျေးနှုန်းများ အပြောင်းအလဲရှိနိုင်ပါသည်။စက်သီးသန့်မရောင်းပါ။
👨🔧 Duwon Aircon Sales & Services
🤍Servicing,Installation,Maintenance & Troubleshooting.🤍
🙏For more details,Please Contact Us🙏
🤍Branch 1
🏠 No(25),Tharyaraye(1)Street,
Insein Township,Yangon.
☎️ 0943073606.
🤍Branch 2
🏠No.(446),Room No (B-1),Ground Floor,
Hlaing River Road,Insein Township,Yangon.
☎️ 09421051283.
📩 [email protected]
⏰️နေ့စဥ်ပိတ်ရက်(မရှိ) (9:00)AM မှ (5:30)PM အထိ ဆိုင်ဖွင့်ပါတယ်ရှင့်⏰️
💸KBZ Mobile Banking,KPay,CB တို့ဖြင့် 100% ငွေပေးချေနိုင်ပါတယ်နော်....ထို့ပြင် %(လုံး၀)ပေးရန်မလိုပါဘူးရှင့်💸
🤍"We Value Our Customers"🤍
Service & Fair Price
& Honor
sales & services
19/11/2024
အအေးနှုန်းလျော့ကျမသွားပဲ ၊ မီးအားသုံးစွဲမှုကို အဆင့် (၃) ဆင့်အထိ လျှော့ချပေးနိုင်တဲ့ အရည်အသွေးမြင့် “ထိုင်းနိုင်ငံထုတ် MCG ရဲ့ Inverter QA Series Aircon”
🏠အိမ်မှာ Aircon တပ်လိုက်လို့ မီတာတွေတိုးပြီး ကုန်ကျစရိတ်ပိုများမှာ စိုးရိမ်နေတာလား…❓
ဒါဆိုရင်တော့ အရည်အသွေးမြင့် “ထိုင်းနိုင်ငံထုတ် MCG ရဲ့ Inverter QA Series Aircon နဲ့ မိတ်ဆက်ပေးပါရစေ…။
✨MCG ရဲ့ Inverter QA Series Aircon ရဲ့ ထူးခြားချက်တစ်ခုဖြစ်တဲ့ Eco Mode Function ဟာဆိုရင် သာမန် Aircon တွေထက်…
⚡လျှပ်စစ်စွမ်းအင်ကို အဆပေါင်းများစွာချွေတာ ပေးနိုင်တဲ့ Eco Mode အဆင့်(၃) ဆင့်အထိပါဝင်ပါတယ်။
✅Eco Mode ခလုတ်ကိုတစ်ချက် နှိပ်လိုက်တာနဲ့ စွမ်းအင်ချွေတာမှု "Level 1” ကိုရောက်ရှိသွားပြီး လျှပ်စစ်စွမ်းအင်ကို “20%” နှုန်းအထိ သက်သာစေပါတယ်။
✅ခလုတ်နှစ်ခါ နှိပ်လိုက်မယ်ဆိုရင် စွမ်းအင်ချွေတာမှု “Level 2” ရောက်ရှိသွားမှာဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို “40%” အထိ လျော့ချပေးသွားမယ့်အပြင်…
✅ခလုတ်ကိုသုံးခါ နှိပ်လိုက်ပြီဆိုရင်တော့ စွမ်းအင်ချွေတာမှုအမြင့်ဆုံးအဆင့် “Level 3” ရောက်ရှိသွားပြီး လျှပ်စစ်စွမ်းအင်ကို “60%” လောက်အထိကို သက်သာသွားစေမှာပါ။
🌞ဒါကြောင့် အပူရှိန်ပိုပြင်းလာတော့မယ့် ရာသီတွေမှာ အပူဒဏ်ကို အံတုဖို့ နေ့ညမပြတ် အသုံးပြုရင်တောင် အအေးနှုန်းလုံးဝ လျော့ကျမသွားစေပဲ ၊ လျှပ်စစ်စွမ်းအင်ကို အခုလိုအဆင့် (၃) ဆင့်အထိ ချွေတာပေးနိုင်တဲ့...
✨"MCG ရဲ့ Inverter QA Series Aircon” ကမိတ်ဆွေတို့အတွက် ရှိနေပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 73, Yadanar Street, Bayint Naung Road, Pauk Taw Wa
Insein
11011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |