Calories & Diet by WZ

Calories & Diet by WZ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Calories & Diet by WZ, Insein.

21/02/2026

✅Gym တွေသွားပြီး နေ့တိုင်းလေ့ကျင့်ခန်းဆော့နေပေမဲ့ calories deficit မဖြစ်ရင် ကိုယ်အလေးချိန် မကျဘူးဆိုတာကို လူအများစု သတိမထားမိကြပါဘူး။ အများအားဖြင့် “Gym သွားရင် ပိန်ရမယ်” လို့ ထင်တတ်ကြပေမဲ့ အမှန်တကယ်မှာ စားတဲ့ calories နဲ့ လောင်ကျွမ်းတဲ့ calories ကြား အချိုးအစား ကပဲ အဆုံးအဖြတ်ပေးတာပါ။

✅ဥပမာ Gym မှာ treadmill ပေါ်မှာ တစ်နာရီလောက် ပြေးတယ်ဆိုပါစို့။ ကိုယ်အလေးချိန်၊ ပြေးတဲ့အမြန်နှုန်းပေါ် မူတည်ပြီး ၃၀၀ မှ ၅၀၀ calories လောက်သာ လောင်ကျွမ်းနိုင် ပါတယ်။ တစ်နာရီလုံး မောမောပန်းပန်း ပြေးပြီးချိန်မှာ ကိုယ်ထင်တာထက် calories လောင်ကျွမ်းမှုက အရမ်းမများပါဘူး။

✅ဒါပေမဲ့ Gym ဆော့ပြီး မောလို့ဆိုပြီး bubble tea တစ်ခွက် သောက်လိုက်မယ်ဆိုရင် ဘာဖြစ်မလဲ။ ပုံမှန် bubble tea တစ်ခွက်မှာ ၃၅၀ မှ ၅၀၀ calories လောက်ရှိပါတယ်။ Sugar နဲ့ milk ပါတာများရင် ဒီထက်တောင်ပိုနိုင်ပါတယ်။ အဲ့ဒါဆိုရင် Gym မှာ တစ်နာရီလုံး လောင်ကျွမ်းခဲ့တဲ့ calories ကို တစ်ခွက်တည်းနဲ့ ပြန်ဖြည့်လိုက်တာ ဖြစ်သွားပါတယ်။ အဆုံးမှာ calories deficit မဖြစ်တော့ဘဲ calories surplus ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် Gym ဆော့နေပေမဲ့ ပိန်မလာဘူးဆိုတဲ့ လူတွေ အများကြီးရှိနေတာပါ။ ပြဿနာက Gym မဆော့လို့ မဟုတ်ဘဲ စားသောက်ပုံကို မထိန်းနိုင်တာ ဖြစ်ပါတယ်။ Calories deficit ဆိုတာက တစ်နေ့တာစားတဲ့ calories က ကိုယ်လောင်ကျွမ်းတဲ့ calories ထက် နည်းရမယ် ဆိုတဲ့ အခြေခံစည်းမျဉ်းပါပဲ။ ဒီစည်းမျဉ်းမရှိရင် လေ့ကျင့်ခန်းဘယ်လောက်ပဲ ဆော့ဆော့ ကိုယ်အလေးချိန်မကျပါဘူး။

✅Gym ကဘာအတွက် အရေးကြီးလဲဆိုရင် calories လောင်ကျွမ်းစေသလို muscle ထိန်းပေးတယ်၊ metabolism မြင့်တက်စေတယ်၊ ကိုယ်ခန္ဓာအချိုးအစား လှပစေတယ် ဆိုတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ Gym ကို အစားအစာထိန်းချုပ်မှုနဲ့ မတွဲဘူးဆိုရင် ပိန်ဖို့ခက်ပါတယ်။

✅✅✅အမှန်တကယ် ပိန်ချင်ရင်
သဘာဝအသီးအရွက်နဲ့ဆီနဲနဲ နဲ့ကိုယ်တိုင်ချက်(အိမ်ချက်)ကိုစားကြပါရှင့်

✅Gymဆော့တာကို “စားလို့ရဖို့ အကြောင်းပြချက်” မလုပ်ဘဲ “ကိုယ်ကို ပိုကျန်းမာဖို့ နည်းလမ်း” အဖြစ်မြင်ရမယ်

✅✅✅နိဂုံးချုပ်ပြောရရင် Gym ကအထောက်အကူပဲဖြစ်ပြီး အဆုံးအဖြတ်ပေးတာက calories deficit ကါ။(ဥပမာကိုယ်ကတစ်နေ့ကို၁၉၀၀kcalစားလို့ရတယ်ဆိုပါဆို့အဲ့တာကို၁၅၀၀kcalဘဲစားရင်400kcaldeficitဖြစ်ပါတယ်)။Gym မှာ မောလို့ သောက်လိုက်တဲ့ bubble tea တစ်ခွက်က တစ်နာရီလုံးကြိုးစားခဲ့တာကို ပယ်ဖျက်နိုင်ပါတယ်။

✅✅ကိုယ့်ရဲ့တစ်နေ့တာစားနိုင်တဲ့calories ပမာဏကိုလဲနောက်postတွေမှာတင်ပေးသွားပါဦးမယ်ရှင့်

✅✅ပိန်ချင်ရင်လေးကျင့်ခန်းထက်စားသောက်ပုံကိုပို

ပြီးသတိထားရမယ်ဆိုတာကိုမမေ့သင့်ပါဘူးရှင်

❤️❤️❤️အားလုံးဘဲ ကျန်းမာစွာအဆီချနိုင်ကြပါစေ

ရှင့်

21/02/2026

တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီက ကိုယ်ခန္ဓာလိုအပ်တာထက် နည်းနေရင် ဝိတ်ကျနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီကိုပဲကြည့်ပြီး အာဟာရကို မဂရုစိုက်ဘူးဆိုရင် ကျန်းမာတဲ့ဝိတ်ချခြင်း မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာရှင်းပြချင်တာကကယ်လိုရီနဲ့ အာဟာရဟာ ကတိုက်ရိုက်အချိုးမကျဘူး ဆိုတာပါ။
ကယ်လိုရီနည်းတိုင်း အာဟာရတန်ဖိုးနည်းတာမဟုတ်သလို၊ ကယ်လိုရီများတိုင်းလည်း အာဟာရများမယ်လို့ မဆိုလိုပါဘူး။

ဥပမာ

1️⃣ ကယ်လိုရီများပေမဲ့ အာဟာရနည်းတဲ့အစားအစာ

အချိုရည်၊ ချောကလက်၊ အကြော်အလှော်များက ကယ်လိုရီမြင့်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ဖိုင်ဘာတွေက နည်းပါးပါတယ်။

2️⃣ ကယ်လိုရီနည်းပေမဲ့ အာဟာရတန်ဖိုးများတဲ့အစားအစာ

ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဥ၊ ပဲမျိုးစုံတွေက ကယ်လိုရီနည်းပါးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရတွေ ကြွယ်ဝပါတယ်။

3️⃣ ကယ်လိုရီနည်းပြီး အာဟာရလည်းနည်းတဲ့အစားအစာ
အချိုမပါတဲ့ အချိုရည်၊ ဂျယ်လီလို အစားအစာအချို့တွေက ကယ်လိုရီနည်းပေမဲ့ အာဟာရတန်ဖိုးက နည်းလှပါတယ်။ “ကယ်လိုရီနည်းတယ်” ဆိုတဲ့အကြောင်းတစ်ခုတည်းနဲ့ ရွေးစားလိုက်ရင် ခန္ဓာကိုယ်အတွက် အကျိုးရှိမနေပါဘူး။

ဒါကြောင့် ကယ်လိုရီနည်းရုံနဲ့ မလုံလောက်ပါဘူး။ အစားအစာအမျိုးအစားကို မှန်ကန်စွာ မရွေးချယ်ရင် မောပန်းလွယ်ခြင်း၊ ကိုယ်ခံအားကျခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာစွာ ဝိတ်ချချင်ရင် ကိုယ့်အတွက် သတ်မှတ်ထားတဲ့ Calories Deficit အတွင်းမှာပဲ
➡️ ပရိုတင်း
➡️ ဖိုင်ဘာ
➡️ ဗီတာမင်နဲ့ သတ္တုဓာတ်
တွေကို မျှတစွာပါဝင်အောင်စားသုံးပေးဖို့ အရေးကြီးတယ်ဆိုတာကိုပြောပြချင်လို့ပါ။

ကယ်လိုရီ လျော့ချခြင်းတစ်ခုထဲမဟုတ်ဘဲ အာဟာရလဲပြည့်ဝအောင်စားပြီး calories deficit လဲဖြစ်နေမယ်ဆိုရင် ရေရှည်ကျန်းမာတဲ့ ဝိတ်ချခြင်းကို ပေးစွမ်းနိုင်မှာပါ။

အမျိုးသမီးတိုင်းကျန်းမာစွာဝိတ်ချနိုင်ကြပါစေ

❤️❤️WZ❤️❤️

21/02/2026

အဆီပိုကင်းပြီးကျန်းမာလှပနိုင်အောင်ကြိုးစားဖို့ကမိမိမှာဘဲတာဝန်ရှိပါတယ်
မကြာခင်နွေရာသီရောက်တော့မှာမို့ ခါးတိုလေးတွေနဲ့ကဲလို့ရအောင်ခုထဲကကြိုရစားဖို့လိုမယ်နော်😁😁😁


#ကယ်လိုရီတွတ်ပြီးစားကြမယ်
#ကျန်းမားစွာအဆီချကြမယ်

Want your restaurant to be the top-listed Restaurant in Insein?
Click here to claim your Sponsored Listing.

Website

Address

Insein