Myanmar Yanant
Myanmar Traditional Textile, Natural Dyeing and Handwoven Cloths, Handmade cotton bags, Accessories, Scarf & Shawl
21/02/2026
🥎🧶SASHIKO နဲ့ BORO BORO ထည် စစ်စစ်ကိုဝတ်ချင်ကြပါသလား၊
ကျမတို့မြန်မာရနံ့ ရဲ့အထည်ကိုဝယ်ယူအသုံးပြု ကြတဲ့ဧည့်သည်တချို့ဟာဆို " ဒီချည်ထည်တွေဟာ ကြာလေကောင်းလေ၊စုတ်လေဝတ်ကောင်းလေ" လို့ပြောကြတယ်၊ အဲဒီထဲမှာ စုတ်သွားသည်တိုင် ဝတ်ချင်ကြသူများအတွက်တော့ special serviceတွေ ပေးထားပါတယ်။
ပြင်သစ် တဦးကိုချုပ်ပေးရတဲ့ အင်ကျီ ( သဘာဝဆေးဆိုး လက်ငင်ချည် လက်ရက်ထည်) ဟာ ဝတ်ရင်းဝတ်ရင်းနဲ့ စုတ်ပြဲသွားလို့ ၊လွှတ်ပစ်ရမှာလဲနှမြှော၊ဝတ်လို့ကလဲကောင်းသေး၊ဖာထေးပေးပါလို့ ပြောလာတဲ့ အင်ကျီ ပါ။တကယ် ကို boro boro အစစ်ပါ။
ဆွတ်ဇာလန်သူကလဲ ဒီ bဝro boro အင်ကျီ ကိုတွေ့ပြီး အဲဒီအစ ကို ကိုက်ထိုးဝယ်သွားတယ်။ စုတ်ပြဲသွားတဲ့အခါသူလဲအဲလို ဖါထေး ဝတ်မယ်ပေါ့၊
နောက်တဦးရှိပါသေးတယ် လွန်ခဲတဲ့ 10နှစ်လောက်က လက်ငင်ချည်အထူနဲ့ရက်ထားတဲ့ အဖြူရောင် ဘောင်းဘီရှည်ကို ဂျပန် ဧည့်တစ်ဦးက ဝယ် ဝတ်ရာမှာ ဟောင်းပေမဲ့စွန့်မပစ်နိုင်လို့ ၃ ကြိမ်တောင်ဖါထေးပေးလိုက်ရတယ်၊ နောက်ဆုံးအကြိမ်ဖါခိုင်းတဲ့အခါ၊ အသစ်ဘဲဝယ်သွားပါလို့ ဆိုတော့ သူ့ဘောင်းဘီအဟောင်း အား လာဝယ်တဲ့သူတွေကိုပြဘို့ ထားခဲ့တယ်။
အဲဒီဘောင်းဘီ ချည်သားဟာ ဘယ်လောက်တောင်ဝတ်ပြီးလျှော်လဲမသိ၊ ချည်ကြမ်းလို့မထင်ရအောင် နူးညံ ဖြူဖွေးသွားတာဘဲ။ အဲလိုဖြစ်လေ ဝတ်ကောင်းလေဘဲမို့လွှင့်မပြစ်ချင်ကြဘူး။
ဂျပန်မှာ ရှေးအခါက ဆင်းရဲလို့အထည်ကောင်းမဝတ်နိုင်သူတွေဟာစုတ်ပြဲတဲ့နေရာတွေမှာ ဖါထေးပြီးဝတ်ကြရတယ်။ အဲဒီ အဖါရာ ဗလပွ နဲ့ အင်ကျီ ကို ဂျပန် လို
" boro boro "လို့ခေါ်တယ်။
🧶အဲဒီအစုတ်တွေကို စပ်ချုပ်တဲ့အခါမှာ ပိုပြီးခိုင်ခန့်အောင် အစပိုင်းတွေကို ထပ်ကာ စပ်ခါနဲ့ အင်ကျီတွေကိုချုပ်ရတယ်၊ချုပ်ရိုးကြောင်းက မညီမညာ၊ အပ်ချည်အရောင်တွေကလဲ မလိုက်ဖက်ဘဲပြူးနေတာကိုတွေ့ရတယ်။
ဘာလို့လဲဆိုတော့ သူတို့ဟာ အပ်ချုပ်ကျွမ်းကျင်သူတွေမဟုတ်တဲ့အပြင် ရှိတဲ့အပ်ချည်တွေကိုသာသုံးရတဲ့အတွက်ဖြစ်တယ်။
အဲဒီလိုချုပ်တာကို" Sashiko "လို့ ဂျပန်လိုခေါ်တယ်။
ဒီဘက်ခေတ်မှာတော့ sashiko နဲ့ boro boro အထည်တွေဟာခေတ်စားလာကြလို့ တမင်ကို boro boro အထည်တွေလုပ်လာကြတယ်။
🧥👗 ကဲ.. boro boro အထည်စစ်စစ်ကို ဝတ်လိုရင် ~ မြန်မာရနံ့ ရဲ့လက်ရက်ချည်ထည် ကို ဝယ် ဝတ်ပြီးသကာလ boro boro( အထည်ကစုတ်သွားခြင်း ) ဖြစ်သွားရင် အထူးဝန်ဆောင်မှု့အနေနှင့် Sashiko ချုပ်နည်းဖြင့်ပြုပြင်ဖါထေးခြင်းလုပ်ပေးပါမည် ဖြစ်ကြောင်း။
မြန်မာရနံ့၏ သဘာဝဆေးဆိုးလက်ငင်ချည်ထည်များ
Opening Hours
| Tuesday | 09:00 - 16:00 |
| Wednesday | 10:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 10:00 - 16:00 |
| Saturday | 10:00 - 16:00 |
| Sunday | 09:00 - 16:00 |