Create Positive Mindset
I am a Registered-Nurse and contributes to Mental Health Awareness.
07/12/2024
ဒီလလေးဟာ.နှစ်တနှစ်ရဲ့နောက်ဆုံးလ ဆိုတော့
ဒီနှစ်တွေထဲမှာ ကိုယ်ဘာတွေ ခံစားခဲ့ရသလဲ❓
မိမိအတွက် ဘယ်အရာတွေက လိုအပ်ခဲ့လဲ❓
ဘယ်လိုအရာတွေ တွေ့ကြုံခဲ့ရသလဲ❓
Self-reflectionလုပ်ကြည့်ပြီးပြီလား...
မလုပ်ရသေးဘူးဆိုရင် မိမိရဲ့စိတ်ခံစားချက်လေးတွေကို ပြန်လည်သုံးသပ်ဖို့ အကြံပေးပါရစေရှင်..
Thyroid Hormones Imbalance & Mental Health
အပိုင်း (2)
✅Thyroid always matters.
✅Support your thyroid.
14/09/2024
စိတ်ခံစားချက်တွေကို သိုဝှက်သိမ်းဆည်းထားရုံနဲ့လုံလောက်ပြီလို့ထင်လား❓
⏯စိတ်ခံစားချက်ဆိုတာ သိုဝှက်သိမ်းဆည်းထားဖို့လား❓
⏯နည်းမှန်လမ်းမှန်နဲ့ ဖွင့်ဟဖော်ပြတတ်ဖို့လား❓
တခါတလေမှာ တချို့လူတွေအဖို့ ရင်ကိုဖွင့်လို့ ပြောပြဖို့ အရမ်းလိုအပ်နေတဲ့ အချိန်ဆိုတာရှိပါတယ်။
သိပ်ကိုနာကျင်ခံစားခဲ့ရတဲ့ အခိုက်အတန့်လေးတွေ၊မေ့ဖျောက်လို့မရနိုင်တဲ့ အတိတ်က နာကျင်စရာတွေဟာ ရင်ထဲမှာ သိမ်းဆည်းထားလေ အနည်ထိုင်လာလေ ဖြစ်ပြီး မသိစိတ်ထဲမှာ မေ့ပစ်ဖို့တောင် ခက်ခဲလာတတ်ပါတယ်။
သင့်ရဲ့စိတ်ကို လွတ်လပ်ပေါ့ပါးအောင် ထားနိုင်ဖို့ သင့်မှာ အပြည့်အဝ တာဝန်ရှိပါတယ်။
လူတိုင်းမှာ အနည်းနဲ့အများတော့ စိတ်ဒဏ်ရာ၊စိတ်ခံစားချက်တွေဆိုတာ ရှိတတ်ကြပါတယ်။
ကိုယ်တိုင်ကြောင့် စိတ်ထိခိုက်ရတာမျိုးပဲ ဖြစ်ဖြစ်၊ သူတပါးကြောင့် စိတ်ဒဏ်ရာရခဲ့တာမျိုးပဲ ဖြစ်ဖြစ် သိုဝှက်သိမ်းဆည်းပြီး ရင်ထဲမှာတနုံ့နုံ့ခံစားနေတာမျိုးက ကြာရှည်အတွက် သင့်ရဲ့စိတ်ကိုလွှမ်းမိုးလာပြီး သင့်ဖြစ်တည်မှု ပျောက်ဆုံးလာသည်အထိ လွှမ်းမိုးလာတတ်ပါတယ်။
ကြုံဖူးကြမှာပေါ့ ဟန်ဆောင်ဖုံးကွယ်မှုတွေ များပြီး မြိုသိပ်ရတာတွေများပြီး ကိုယ်ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးသွားတာမျိုးပေါ့။
ဒါကြောင့် စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်တွေဆိုတာ အမြစ်ပြတ်ပျောက်မသွားနိုင်ပေ မဲ့ ရောဂါတခုလို သက်သာနေကောင်းသည်အထိ ကုသဖို့ လိုအပ်ပါတယ်။
စိတ်ခံစားချက်တွေကို လွတ်လပ်စွာ ဖွင့်ပြောပြဖို့အတွက် counseling လုပ်ခြင်းဟာလည်း စိတ်ချယုံကြည်ရတဲ့ ရပ်ဝန်းလေးတခုမှာသင့်ကိုသင် လူသားဆန်ဆန် ရှင်သန်ဖို့ အခွင့်အရေးပေးလိုက်ခြင်း တမျိုး လည်း ဖြစ်ပါတယ်။
ကျမတို့ Create Positive Mindset လေးဟာဆိုရင် သင့်ရဲ့ယုံကြည်ရတဲ့ ရပ်ဝန်းလေးတခု ဖြစ်ပေးဖို့ အစဥ်အမြဲ welcomeပါနော်😍။
13/06/2024
💠Mindfulness💠
Mindfulnessဆိုတဲ့စကားလုံးကို ယနေ့ခေတ်မှာတော့ လူတိုင်းလိုလို ကြားဖူးသိပြီးလောက်မှာပါ။
Mindfulnessဆိုတာ Buddhaဆီကနေဆင်းသက်လာတာလည်း ဖြစ်ပါတယ်။ အဲတာကြောင့် Mindfulnessလို့ပြောလိုက်တာနဲ့ တော်တော်များများက ဘာသာရေးနဲ့စပ်ဆိုင်တယ်လို့ထင်သွားကြတယ်။ ကျွန်မကိုယ်တိုင်လည်း အရင်တုန်းက အဲလိုထင်ခဲ့ဖူးတယ်။ ဒါကြောင့် Mindfulnessဆိုတာ ကျွန်မတို့လို အသက်ရွယ်တွေနဲ့သိပ်မသက်ဆိုင်ဘူးလို့ ယူဆခဲ့ဖူးတယ်။ ငယ်တုန်းဆိုတော့ ဘဝမှာအခက်အခဲ အတားအဆီးတွေလည်း သိပ်မ ရှိခဲ့တာကိုး။ ဒါပေမဲ့ ဘဝရဲ့အပြောင်းအလဲတွေ အခက်အခဲတွေ နဲ့ တကယ်ကြုံလာရတဲ့အခါ Mindfulnessဆိုတာ ကျွန်မရဲ့ စိတ်ကျန်းမာရေး အတွက် အရမ်း အထောက်အကူဖြစ်စေခဲ့တယ်။
ဘယ်လိုအထောက်အကူ ဖြစ်စေခဲ့သလဲ❓
Mindfulnessလုပ်ရင်း မိမိကိုယ်ကို ပိုနားလည်လာတယ်၊
Self awarenessရှိလာတော့ ကိုယ့်ကိုကိုယ်ပိုတန်ဖိုးထားတတ်လာတယ်၊
အရင်လို Depression ခဏ ခဏ မဝင်ဖြစ်တော့ပဲ ပျော်ရွှင်ရခြင်း၊ ဝမ်းနည်းရခြင်း၊ ဒေါသဖြစ်ရခြင်း၊ ဘဝမှာ ဖြစ်ချင်သလို ဖြစ်မလာခြင်းတွေဟာ လောကကြီးရဲ့သဘာဝပါလားလို့ ဆင်ခြင်လာနိုင်တယ်၊
အဲထဲက အကြီးမားဆုံး ပြောင်းလဲမှုကတော့ ဒေါသ ထွက်တိုင်း ထွက်တိုင်း ကိုယ့်ကိုကိုယ် 'သြော် ငါ့စိတ်လေးဟာ ဒေါသဖြစ်နေပါလား' လို့ 'ဒီအရာတွေက ငါ့စိတ်ကို ဒေါသဖြစ်စေပါလား' လို့ သိလာပြီး အရင်လို စိတ်လိုက်မာန်ပါ ဖြစ်သွားတာမျိုးတွေ လျော့နည်းလာတယ်။
Mindfulnessဆိုတာ ဘာလဲ❓
Mindfulnessဆိုတာ အတိတ်၊အနာဂတ်ဆိုတာမရှိပဲ လက်ရှိအချိန်ကာလ(This moment)မှာ သတိရှိစွာနေထိုင်တတ်ခြင်းဖြစ်ပါတယ်။
တနည်းအားဖြင့် ကိုယ့်ကိုကိုယ် မိမိစိတ်ထဲမှာ ပျော်ရွှင်နေတယ်၊ ဝမ်းနည်းနေတယ်၊ စိတ်ညစ်နေတယ်၊ စသည်ဖြင့် လက်ရှိ စိတ်ထဲ ဖြစ်ပျက်သမျှတွေကို မြင်တတ်အောင်လိုက်ကြည့်ပြီး မကောင်းတဲ့အတွေးတွေ ဝင်လာရင်တောင် ၊ ဒီလိုမကောင်းတဲ့အတွေးတွေ မတွေးရဘူးလို့ အတွေးတွေကို လိုက်ကန့်သတ်တာမျိုး မဟုတ်ပဲ TV ဖန်သားပြင်ပေါ်မှာ ပေါ်လာသမျှကို လိုက်ကြည့်သလို ကြည့်တတ်ခြင်း၊ မြင်တတ်ခြင်းလည်း ဖြစ်ပါတယ်။
Mindfulness လုပ်ခြင်းဖြင့်
❇self awarenessတွေ အားကောင်းလာစေတယ်၊
✳မိမိကိုယ့်ကို သိနားလည်လာပြီး တန်ဖိုးထားတတ်လာတယ်၊
✳အာရုံစူးစိုက်မှု အားကောင်းလာစေတယ်၊
✳Mental health တိုးတက်လာစေတယ်၊
ဒါကြောင့်....Mindfulnessကို အချိန်ရရင်ရသလို ကျင့်ကြည့်ဖို့ ကျွန်မ အကြံပြုပေးချင်ပါတယ်။
01/02/2024
Counsellingဆိုတာဘာလဲ❓
Counselling ဆိုတာ နှစ်သိမ့်ဆွေးနွေးအကြံဥာဏ်ပေးခြင်း၊ Air therapy၊ စကားပြောကုထုံး စသဖြင့် အမျိုးမျိုး ခေါင်းစဥ်တပ်ပြောကြပေမဲ့ တကယ်တမ်းကျတော့ counsellingဆိုတာ အရမ်းကို နူးညံ့သိမ့်မွေ့တဲ့ပညာရပ်တခုပဲ ဖြစ်ပါတယ်။
Counsellingဆိုတာ မိမိကိုယ်ကိုမိမိ ပြန်လည် ရှာဖွေ ခြင်းတမျိုးလည်း ဖြစ်ပါတယ်။
Counsellingလုပ်ရာတွင် ကိုယ့်ရဲ့ စစ်မှန်တဲ့ စိတ်ခံစားချက်တွေ၊ ကိုယ်တိုင်တောင်သတိမထားမိတဲ့ မိမိရဲ့ အပြုအမူ အပြောအဆိုတွေ၊ ကိုယ့်ရင်ထဲက နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေ၊အနာတရတွေ၊ လက်မခံနိုင်ခြင်းတွေ၊ဆုံးရှုံးပြိုလဲကျမှုတွေကို အပွင့်လင်းဆုံး ထုတ်ဖော်ပြသ
ခွင့်ရတဲ့ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးတခုလို့ ပြောရပါမယ်။
တခါတလေမှာ ကျမတို့ဟာ ကိုယ့်ရဲ့ဘဝမှာ ကိုယ်ဘာဖြစ်နေသလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ ကိုယ်တိုင်တောင် သိမြင်ခံစားဖို့ ခက်ခဲတဲ့အခိုက်အတန့်တွေ ရှိကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်ဖို့ လိုအပ်တဲ့ အကူအညီယူခြင်းဟာလည်း မိမိကိုယ်ကို လူသားဆန်တဲ့အခွင့်အရေး ပေးလိုက်ခြင်းတမျိုးပါပဲ။
Counsellingယူခြင်းဟာ ရှက်စရာ မဟုတ်သလို စိတ်ကျန်းမာရေးချွတ်ယွင်းနေလို့ counsellingယူခြင်းလည်း မဟုတ်ပါဘူး။ ကျမတို့ဟာ လူသားတွေထဲကလူသားတွေပဲမို့ခံစားတတ်တယ်၊ ကြေ ကွဲရတယ်၊ ပြိုလဲကျတဲ့ အချိန်အခါမျိုးတွေ မှာ မိမိတို့ရဲ့ဘဝမှာ မိမိတယောက်တည်း ကြိတ်ခံစားနေမယ့်အစား တစုံတယောက်ကို ဖွင့်ပြောပြ ပြီး တိုင်ပင်ဆွေးနွေးလိုက်တာက ပိုပြီး စိတ်သက်သာရာရတာမျိုး ရှိတတ်ပါတယ်။ တယောက်တည်း ကြိတ်ခံစားတာများလာတဲ့အခါ ခံစားချက်တွေဟာ တဖြည်းဖြည်းစုပုံ အနည်ထိုင်လာပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ ယုံကြည်မှုတွေ ပျောက်ဆုးံပြီး မိမိကိုယ်ကို တောင်ပျောက်ဆုးံသွားတတ်ပါတယ်။
ဒါကြောင့် Counsellingလုပ်ခြင်းက မိမိရဲ့ဘဝမှာ Quality of lifeရ ရှိဖို့ အများကြီး အထောက်အကူ ပြုပေးတာကို တွေ့ရှိရပါတယ်။
လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးတွေမှာ မိမိရဲ့ စိတ်ခံစားချက်တွေ၊ ဒဏ်ရာအနာတရတွေကို ဖွင့်ချ နိုင်ခြင်းဟာလည်း မိမိကိုယ်ကို ပြန်ရှာဖွေ ဖို့ လမ်းစ လေးတခုလို့ ဆိုရပါမယ်။
မိတ်ဆွေတို့ရဲ့..လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးတခု ဖြစ်ဖို့ create positive mindset လေးက အကောင်းမွန်ဆုံး ကြိုးစားလျက် ရှိပါတယ်နော်😍
မိမိရဲ့ စိတ်ကျန်းမာရေးကို အကောင်းမွန်ဆုးံ စောင့်ရှောက်နိုင်ကြပါစေ။😍
Click here to claim your Sponsored Listing.