Lashio, Northern ShanState, Myanmar
Maingalarpar
04/03/2026
"စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင် ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဥ်များ မောင်းနှင်အသုံးပြုရန် ထုတ်ပြန်"
မြို့တော် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတွင်း မြို့တော်ကြီးများ၊ နယ်မြို့များအားလုံးတွင် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင် ၍ ပုဂ္ဂလိက ပိုင်ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဥ်များ မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၃ ရက်၌ ပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အသိပေးကြေညာချက်မှာ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အ ဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါကြောင်း၊စည်းကမ်းသတ်မှတ်ချက်များမှာ လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ မ ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များအားလုံး လိုက်နာမောင်းနှင်အသုံးပြုရန် ဖြစ် ကြောင်း ပြည်သူများသို့ အသိပေးကြေညာခဲ့သည်။
ယင်းသို့ကန့်သတ်ချက်တွင် EV မော်တော် ယာဉ်/EV မော်တော်ဆိုင် ကယ်များမပါဘဲ EV မော်တော် ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ် ပုံမှန် မောင်းနှင်နိုင်ပါကြောင်း၊သို့သော် နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင် ယာဉ် / နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များမှာတော့ ပုံမှန်အတိုင်း အသုံးပြုမောင်းနှင်သွားလာ
နိုင်ပါကြောင်း ဖော်ပြထားပါသည်။
စက်သုံးဆီလုပ်ငန်းရှင်များအားလုံးနှင့် အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေး နှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ကြောင်းနှင့် အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေး
ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က
ထုတ်ပြန်ထားသည်။
20/02/2026
"လားရှိုးမြို့အဝင်ကရန်တိုင်းအောင်မြို့ဦးစေတီတော်မြတ်ကြီးတပေါင်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်"
လားရှိုး-ဖေဖေါ်ဝါရီ(၁၄)ရက်။
မမ(လားရှိုး)
လားရှိုးမြို့အဝင်ကရန်တိုင်းအောင်မြို့ဦးစေတီတော်မြတ်ကြီးတပေါင်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟုသိရပါသည်။
မြန်မာသကရာဇ် ၁၃၇၈ခုနှစ်၊တပေါင်း
လပြည့်နေ့မတ်လ ၂ ရက်နေ့ မှာလားရှိုးမြို့အဝင်ကရန်တိုင်းအောင် စေတီတော်
မြတ်ကြီးမှာတပေါင်းပွဲတော်ကို စည်စည် ကားကားကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လပြည့်နေ့မနက်ပိုင်းမှာစေတီတော်
မြတ်ကြီးနေကဇာတင်ကပ်လှုပါမယ်
မွန်းလွဲပိုင်းမှာမြို့ပေါ်ရှိဘုန်းတော်ကြီး
ကျောင်း ၅၄ ကျောင်းက ဆရာတော်
သံဃာတော်အပါး ၁၅၀ နဲ့ သီလရှင်
ကျောင်းတိုက် ၁၀ တိုက် ကတိုက်အုပ်
သီလရှင်ဆရာကြီးေတွနဲ့သီလရှင်
ဆရာလေးအပါး ၃၀ ကိုဆွမ်းဆန်စိမ်း
လောင်းလှုမှာပါဟုရန်တိုင်းအောင်စေတီတော်မြတ်ကြီး၏ ဂေါပက
ဦးစိန်ထွန်းကပြောသည်။
စေတနာရှင်ပြည်သူများအနေဖြင့်
ဆွမ်းဆန်စိမ်းလောင်းလှုပွဲတွင်ပါဝင်
လှုဒါန်းနိင်ရန်ဖိတ်ခေါ်ပါကြောင်း
ကိုယ် တိုင် လာရောက်လှုဒါန်းနိုင်
သလို အလှု ငွေများပါဝင်လှုဒါန်း
လိုပါကလည်းအလှုခံမဏ္ဍပ်များ
တွင်လှူဒါန်နိုင်သည်ဟုသိရ
ပါသည်။
ရန်တိုင်းအောင်စေတီတော်မြတ်ကြီး
၏တပေါင်းပွဲတော်ဆွမ်းဆန်စိမ်း
လောင်းလှုပွဲတွင်မြို့ပေါ်ရှိဌာနဆိုင်ရာ
များ၊ဝတ်အသင်းများ၊ပရဟိတအသင်း
အဖွဲ့များက ဒေသခံစေတနာရှင်ပြည်
သူများနှင့်အတူပါဝင်ကုသိုလ်ယူလှုဒါန်း
ကြမှာဖြစ်သည်ဟုသိရပါသည်။
မမ(လားရှိုး)
"TW ဆိုလာပြားများကို 550W ၊
ကျပ်- ၅၁၀၀၀ဝိ/ ဖြင့် လက်လီလက်ကား
မှာယူဆက်သွယ်နိုင်ကြောင်းအသိပေးဖော်ပြ"
ဈေးနှုန်း ... 550 W တစ်ပြားနှုန်း .
510000/
(ငါးသိန်းတစ်သောင်း - ကျပ်ငွေ)
ဆက်သွယ်ရန်. ..... .. .....
09 445107265
09778627217
Click here to claim your Sponsored Listing.