Mind Matters

Mind Matters

Share

Mind Matters aims to empower minds, and transform lives through leadership and indigenous knowledge

25/12/2023

🎄Merry Christmas & Happy New Year to All ✨
Best Wishes for a joyous Christmas & May this new year filled with love, happiness and prosperity!

24/11/2023

⏲ အချိန် ၃ မိနစ်ထဲနဲ့ personal growth တိုးတက်အောင်လုပ်ကြမယ် 🌚
ဟုတ်ပါတယ် … personal growth တိုးတက်ဖို့ နဲ့ ကိုယ့်ရဲ့ mental well-being ကို ဟိုးထိပ်ဆုံးထိ တွန်းတင်နိုင်ဖို့အတွက် အောက်က အချက်အလက်တွေကို လိုက်နာကျင့်သုံးရုံနဲ့ အချိန် ၃ မိနစ်အတွင်း next level knowledge ကို ရရှိစေမှာဖြစ်ပါတယ်။ Personal growth တိုးတက်ဖို့ အရေးကြီးဆုံးအခန်းကဏ္ဍကတော့ မိမိရဲ့ “စိတ်” ကနေအစပျိုးပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် personal growth အတွက် အထိအရောက်ဆုံး နဲ့ အပြင်းထန်ဆုံးသက်ရောက်မှုဟာ “emotional well-being” ဖြစ်ပါတယ်။ ဒါကြောင့် emotion တို့ကို ထိန်းချုပ်စီမံရာဖြစ်တဲ့ mental ပိုင်းကို အထူးဂရုစိုက်ဖို့တော့ လိုအပ်မှာပဲနော့် .. ဒါဆို ဘယ်လို လုပ်ကြမလဲ?

💁 မေးခွန်းလေးတစ်ခွန်းမေးဖို့ပဲ လိုအပ်ပါတယ်။ “Why personal growth matters for mental well-being?”

✅ ဒါဆိုရင် မေးခွန်းလေးပေါ်မူတည်ပြီး reverse thinking လို့ခေါ်တဲ့ method တစ်ခုနဲ့ အဖြေကို နောက်ပြန် ကျိုးကြောင်းဆီလျော်စွာ ထုတ်ကြည့်လိုက်ရအောင်။ Mental well-being ဖြစ်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် personal growth ပိုင်းကို အရင်သွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေဟာ ခံစားမှုတွေကို ကောင်းသည် ၊ ဆိုးသည် အလျှောက် အရသာခံတတ်ပါတယ်။ အမြဲတမ်း ကောင်းတဲ့အရာတွေပေါ်မှာ resilience ကပိုမို ဖွံ့ဖြိုးကြီးထွားတာဖြစ်ပြီး မကောင်းတဲ့အရာတွေပေါ်မှာဆိုရင် စိတ်က အခြေအနေသိပ်ဟန်လေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကိုယ်ကိုတိုင်တောင် သေချာမသိတဲ့ mental addiction တစ်ခုကို မိမိစိတ်မှာ တည်ဆောက်ထားလို့ပါ။ ဆိုတော့ ဒီလို အရာမျိုးကြီးကို ကျော်ဖြတ်ဖို့ ဘာတွေလိုမလဲ? Mind control လို့ခေါ်တဲ့ ထိန်းချုပ်ခြင်းနည်းနဲ့ ပြန်လည် ပြုပြင်တည်ဆောက်ရပါမယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ အဓိကအသားပေးရမှာကတော့ (1) Inner Peace of Mind (2) Self-control (3) Building Greater Resilience နဲ့ (4) Healthy Relationships တို့ပဲဖြစ်ပါတယ်။ ဒီအခြေခံ အုတ်မြစ် လေးခုတို့က Neruo Linguistic Programming လို့ခေါ်တဲ့ NLP methods တွေထဲက guidance methods တွေနဲ့ Life Coaching တွေမှာ ပေးလေ့ရှိတဲ့ နည်းနာတစ်ချို့နဲ့ တစ်နည်းနည်းငြှိစွန်းလေ့ ရှိကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

✅ U.S မှာဆိုရင် self-improvement products တွေနဲ့ self-improvement နဲ့ ပတ်သက်တဲ့ service, business တွေရဲ့ market value ဟာဆိုရင် $9.9 billion ရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဘာကြောင့် self-improvement ရဲ့ ‌market ဟာ အဲ့လောက်နီးနီးကြီးမားနေရတာလဲ? မိမိကိုယ်ကို တိုးတက်အောင်လုပ်ခြင်း ၊ self-care လုပ်ခြင်းမျိုးဆိုတာ မိမိကိုယ်တိုင်တိုးတက်ဖို့အတွက်တင်မဟုတ်ဘဲ society တစ်ခုလုံးကိုပါ သွယ်ဝိုက်သောနည်းတွေနဲ့ အကျိုးပြုပါတယ်။ ဆိုတော့ မင်မင်တို့က personal growth အတွက်ကို လူငယ်တွေအတွက် ပြောပြပေးသွားပါမယ်။ ကျွန်တော်တို့ mention လုပ်ခဲ့တဲ့ Personal growth အတွက် အထက်က အချက်လေးချက်ကို ဘယ်လို အသက်သွင်းကြမလဲ? ပြောပြပေးပါမယ် … ကျွန်တော်ပြောခဲ့တဲ့ လေးခုအတွက် ဘုံလိုအပ်ချက်တစ်ခုကတော့ mental belief (စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု) ပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ belief system ကို မိမိရဲ့ အသွေးအသားထဲမှာ တည်ဆောက်ဖို့လိုပါမယ်.

ဘာလုပ်လုပ် confidence ရှိရှိလုပ်ရပါမယ် … အဲ့လို confidence ရှိဖို့အတွက် မိမိပတ်ဝန်းကျင်မှာ positive ဖြစ်စေတဲ့ အရာဝတ္ထုတွေ ၊ လူတွေနဲ့ ပြည့်နှက်နေဖို့လိုပါတယ်။ အဲ့လို ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင် ရှာဖွေဖို့လိုသလို ၊ ဖန်တီးတတ်ဖို့လည်း လိုပါတယ်။ မိမိကိုယ်တိုင်အကောင်းမြင်ပြီး ပတ်ဝန်းကျင်ကောင်းကို ရောက်ရင်တော့ စတင်အသုံးချရမှာသည် communication ဖြစ်ပြီး healthy relationships တွေကို တည်ဆောက်နိုင်ဖို့ အခရာဖြစ်ပါတယ်။ မိမိရဲ့ relationship သည် နေ့စဉ်ဘဝမှာ အဆင်ပြေလာတဲ့အခါ စတင်ရရှိလာမှာကတော့ “Inner Peace of Mind” ဖြစ်ပါတယ်။ ဒီလို ဆင့်ကဲတည်ဆောက်လာတဲ့ mental well-being ကြောင့် သေချာကတော့ မိမိကိုယ်တိုင်က ဆိုးရွားသောအရာတွေ ရင်ဆိုင်လာခဲ့ရရင်တောင် belief system ကိုကောင်းစွာတည်ဆောက်ထားတဲ့အတွက် “ငါလုပ်နိုင်ပါတယ်” ဆိုပြီး resilience အားကောင်းလာမှာဖြစ်ပါတယ်။ ဘဝမှာ ဘယ်လို အခက်ပင်ရှိပစေဦး ကျော်ဖြတ်နိုင်ပါတယ် ဆိုပြီး မိမိရဲ့ စိတ်ကို self-control အကောင်းဆုံးလုပ်ထားနိုင်တဲ့အတွက် personal growth ကို attract လုပ်ပြီးသားဖြစ်စေမှာပါ။ personal growth ကို နောက်တစ်ဆင့် level up လုပ်နိုင်ဖို့အတွက် ဒီထက်အရေးကြီးတဲ့အရာတွေရှိလာပါပြီ။ အရှေ့မှာ အရေးကြီးတဲ့ အချက်လေးချက်ကို နေ့စဉ်အသုံးပြုနိုင်ပြီဆိုရင် ကိုယ်ရဲ့ အလုပ်မှာရှိတဲ့ productivity ကို အစွန်းဆုံးထိ မြှင့်တင်နိုင်မှာဖြစ်ပြီးတော့ procrastination ကို လျှော့ချနိုင်ရပါမယ်။ productivity ရဲ့ အစွန်းတစ်ဖက်မှာ ဒုက္ခအပေးဆုံးကတော့ “Stress” ပါ။ ဒါကြောင့် Stress Management ကိုသေချာ ဂရုစိုက်ပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင် mentally ရော ၊ physical ပါ healthy ဖြစ်လာမှာ အသေချာပါပဲ။ ဒါနဲ့အတူ တွဲဖက်အနေနဲ့ reward ရမှာကတော့ final stage ဖြစ်တဲ့ happiness ပဲဖြစ်ပါတယ်။ အခုလို အဆင့်ဆင့် mental well-being ကို အစပြုပြီး စတင်လိုက်တဲ့အခါ personal growth ရဲ့ ultimate goal ဖြစ်တဲ့ fulfillment (ရည်ရွယ်ချက်ပြည့်မြောက်အောင်မြင်ခြင်း) , progress (တိုးတက်လာမှု) တို့ နဲ့ happiness (ပျော်ရွှင်မှု) တို့ကို ရရှိမှာ မလွှဲပါဘူးနော် ….. 🤗

ဒါဆိုရင် မင်မင်တို့ 😎reverse thinking ကို အသုံးပြုပြီး စဉ်းစားလိုက်တာ “Why personal growth matters for mental well-being?” ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးတွေကို ရသွားလိမ့်မယ်လို့ထင်ပါတယ်။ ကဲ knowledge ကို action နဲ့ပေါင်းပြီး အကောင်းဆုံးတွေ ဆွတ်ခူးဖို့ မမေ့နဲ့နော် ….

🙆 Like and Follow for more insightful content

Want your practice to be the top-listed Clinic in Magway?
Click here to claim your Sponsored Listing.

Address

Magway