Nine Plus English Language Academy
English Language Professional
04/07/2023
Great Writing Extensive Class
ကလေးများ၏ ပညာသင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အသိပညာ တိုးပွားလိုခြင်းနှင့်အတူ ကိုယ်ပိုင်ဘဝ အနာဂတ်ကို ကိုယ်ပိုင် အတွေးခေါ် ခံယူချက်များဖြင့် တည်ဆောက်နိုင်ရေးပင် ဖြစ်သည်။
သို့အတွက်ပင် ကလေးငယ်များ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် လက်တွေ့ကျသော စာကောင်းပေမွန်များ ဖတ်တတ်ဖို့၊ ရေးတတ်ဖို့
ငယ်စဥ်က ပြုစုပျိုးထောင်ပေးသင့်ပါသည်။
ဖောင်ဒေးရှင်းသည် နေရာမျိုးစုံအတွက်
အရေးပါလှပါသည်။ အခြေခံကောင်းမှ
အစစရာ စိတ်ချရပေမည်။
အင်္ဂလိပ်စာ တွင် writing အပိုင်းကို ကလေးအတော်များများ ကြောက်ကြပါသည်။ Grammar မှားမှာ၊ Usage အသုံးမှားမှာ၊ Tense ကာလ မှားမှာ စသည် အကြောက်များစွာ ရှိပါသည်။
ကိုယ်ပိုင် စာကြောင်းတွေ တည်ဆောက်ဖို့
တဖြေးဖြေး လေ့ကျင့်ပေးခြင်းဖြင့်
အထက်ပါ အကြောက်တရား အခက်ခဲများ
ကျော်လွှားနိုင်ပါမည်။
writng အပိုင်းကို တိုးတက်လိုသော သားသား မီးမီးများအတွက် နောက်အပတ်အတွင်း တစ်ပတ် ၂ ရက်သင် (Thur & Fir)
အရေး သီးသန့် အတန်းရှိပါတယ်။
Great Writing makes great writer
အတွေးကောင်းမှ အရေးကောင်းမည်။
အရေးတော်မှ အတွေးခေါ်ကောင်းပါသည်။
Define Success At Nine Plus
15/12/2022
🍒 During & While 🍒
🍒 ဒီစကားလုံးနှစ်ခုက action နှစ်ခု၊ သို့မဟုတ် event နှစ်ခု တပြိုင်နက် ဖြစ်နေတဲ့ အချိန်မှာ သုံးရတာချင်း အဓိပ္ပါယ်တူပါတယ်။ ဒါမဲ့ Grammar အရ မတူလို့ အသုံးပြုရပုံချင်းလဲ မတူပါဘူး။
🍒✅ during - က preposition (ဝိဘတ်) ဖြစ်လို့ သူ့နောက်က Noun လိုက်ပေး။
✅ while က conjunction ဖြစ်လို့
သူ့နောက်က clause လိုက်ပေး။ Subject က အတူတူပဲ ဆိုရင် while + V-ing (Gerund)လိုက်ပေး။
------နေစဥ်/------- နေစဥ် အတောအတွင်း
(----နေတုန်း)လို့ ဘာသာပြန်။
👉 During
1. He fell asleep during the movie.
During the movie, he fell asleep.
ဇာတ်ကားကြည့်နေတုန်း အိပ်ပျော်။
2. I take notes during class.
During class, I take notes.
စာသင်နေတုန်း မှတ်စုထုတ်။
👉 While
1. He fell asleep while he was watching the movie.
Subject ချင်းတူနေလို့ 👇
He fell asleep while watching the movie လို့လဲ ရေးနိုင်ပါတယ်။
2. I take notes while I listen in class.
S ချင်းတူလို့ 👇
I take notes while listening in class.
During Or While (Choose the one)
1.He spoke a lot -------- the meeting.
2. -------- the interview, they asked about my previous jobs.
3. The phone rang ----- I was washing the dishes.
4. My sister reads ---- listening to music.
🍒 ခုမှ စလေ့လာကြတဲ့ Learner လေးတွေ အတွက်ပါ။ သေချာလေ့ကျင့်ကြဖို့ကိုလဲ
မှာလိုက်ပါရစေနော်။
🍒Define Success At Nine Plus 🍒
13/12/2022
🍒 A: Defining relative clause
🍒 B: Non-defining relative clause
✌အဓိက မှတ်ရမှာက 👇
About something or someone
✅ A: essential information= အဓိကကျတဲ့ သတင်း အချက်အလက်ဖြစ်လို့ ချန်ထားလို့ မရ။
✅ B: extra information= အပို သတင်းအချက်အလက်ဖြစ်လို့ ချန်ထားလို့ရ။
🍒 "ဦးလှမှာ မန်းလေးမှာ နေတဲ့ မိန်းမ တစ်ယောက် ရှိတယ်'' မန်းလေးမှာ နေတယ်ဆိုတဲ့ သတင်းအချက်အလက်ဟာ အရေးတကြီး
အဓိက မပါမဖြစ်လား။ အပို သိစေချင်လို့ သိသာအောင်လို့ ထည့်ပေးထားတာလား🤔 ချန်ထားလို့ ရ၊ မရ။ 🤔🤔
🍒 A: U Hla has a wife who lives in MDY.
🍒 B: U Hla has a wife,who lives in MDY.
comma (,) ပါတာနဲ့၊ မပါတာ အဓိပ္ပါယ် သက်ရောက်မှူချင်း အရမ်းကွာပါတယ်။
🍒 A 👉 မန်းလေးမှာ နေတဲ့ မိန်းမ အပြင် အခြားမှာ နေတဲ့ မိန်းမတွေလဲ ရှိသေး။
🍒 B👉 ဦးလှမှာ မိန်းမ ရှိ။ သူမက မန်းလေးမှာ နေတယ်။( B is correct)
✅ A- မှာ comma (,) မထည့်ရ။
✅ B- မှာ comma (,) ထည့်ရ။ ဝါကျအလယ်မှာ ဆိုရင် relative CL ရဲ့ အစမှာရော အဆုံးမှာပါ comma (,) ၂ ခု ထည့်။
A: The soldier who had gold stripes on his uniform seemed to be the most important one.
(ယူနီဖောင်းမှာ ရွှေအရစ်တွေနဲ့ စစ်သားက ဗိုလ်ကြီးနဲ့ တူတယ်)
B: Her car, which was very old, broke down after just five miles.
(ဟောင်းနွမ်းနေတဲ့ သူမရဲ့ ကားက ၅-မိုင်ပဲ မောင်းရသေး၊ ပျက်ရော)
🍒 တခု သတိထားရမှာက who, whom, which, တွေရဲ့ အစား that ကို (A )မှာပဲ သုံးလို့ရ။ B မှာ မရပါ။
Her car, that was very old, = လို့ မရေးရပါဘူးနော်။
🍒 Define Success At Nine Plus 🍒
09/12/2022
🍒 affect & effect 🍒
🍒 သတိမထားရင် မှားတတ်တဲ့ စာလုံးနှစ်ခု
အထူးသဖြင့် Listening & Writing မှာ။
✅ a- နဲ့ စတဲ့ affect က Verb (ကြိယာ)
✅ e-နဲ့ စတဲ့ effect က Noun (နာမ်)
🍒 affect = အကျိုးသက်ရောက်မှူရှိသည်။ ထိခိုက်မှူ ရှိသည်။
For example.
1. It's a disease that affects mainly older people.
ဒီရောဂါက သက်ကြိီးရွယ်အိုတွေကို အဓိက သက်ရောက်မှူ ရှိတဲ့ (ကူးစက်တတ်တဲ့) ရောဂါမျိုး။
2. I was deeply affected by the film.
ဒီဇာတ်လမ်းက ငါ့ကို အတော်လေး စိတ်ထိခိုက်စေတယ်။ (strong feeling)
3.The construction will affect traffic in the area.
ဒီဆောက်လုပ်ရေးလုပ်ငန်းက အဲ့ အနီးနားက ယာဥ်ကြောသွားလာကို သက်ရောက်မှူ ရှိမယ်။ (ယာဥ်ကြော နှောင့်နှေးတာမျိူး ဖြစ်မယ်- ဆိုလို)
🍒 effect= အကျိုး၊ ရလာဒ် (result)
1. The experience had a profound effect on me.
ဒီအတွေ့အကြုံက ငါ့အပေါ် အများကြီး အကျိုးရှိတယ်။
2. I think I'm suffering from the effects of too little sleep.
အိပ်ရေးမဝတဲ့ရလာဒ် (ဒဏ်)ကို ခံစားနေရတယ်လို့ ငါ ထင်တယ်။
3. These tablets for the headache didn't have any effect.
ဒီခေါင်းကိုက်ပျောက်ဆေးတွေကလဲ ဘာမှ အာနိသင် မရှိပါဘူး၊
(ဆေးသောက်လဲ မသက်သာ၊ မထူးဘူး = ဆိုလို)
🍒 နားလည်ပီလို့ ယူဆလို့ အိမ်စာလေးတွေ ပေးလိုက်မယ် 😁😁
affect or effect❓
1. The earthquake --------- thousands of people.
2. The movie did not ------- me as much as I thought it would.
3. What ------- does reading stories to children have on their development?
(Ref 🌏 National Geographic
Reading Explorer 1)😘😘😘😘
🍒 A few rare exceptions = ရှားရှားပါးပါး
ခြွင်းချက် အနေနဲ့ 1. affect က Noun၊ effect က Verb အသုံးလေးလဲ ရှိပါတယ်နော်။
Define Success At Nine Plus
04/12/2022
🍒Homonyms🍒
မနေ့က homophones (သံတူ ကြောင်းကွဲ) ဆိုတာလေး လေ့လာပြီးတော့ ဒီနေ့ homonyms (အသံ၊ ဌာန်တူ အကြောင်းကွဲ)
ဆိုတာကို ထပ် လေ့လာကြည့်မယ်။
စာလုံးတစ်လုံးက အသံထွက်တူမယ်၊ စာလုံးပေါင်းတူမယ် (လားရာ/ လာရာဌာန်)တူမယ်။ ဒါပေမဲ့ အဓိပ္ပါယ် မတူဘူး။
BANK....
🍒1. He sat on the river bank.
bank= ဆိုတာက မြစ်ကမ်းပါး၊ မြစ်ကမ်းနဖူး၊ မြစ်ရိုး။( သူက မြစ်ကမ်းနံဘေး ထိုင်နေခဲ့တယ်)
🍒2.He put all his savings into the bank.
bank- ဆိုတာက (Money) ပိုက်ဆံ၊ သို့မဟုတ် ပိုက်ဆံတွေ စုထားသိမ်းထားတဲ့ ဘဏ်။ (Building)
✅ အသံထွက်ရော၊ စာလုံးပေါင်းရော တူ။
အဓိပ္ပါယ် မတူ။ According to the context or situation) စာသွားစာလာပေါ် ပို မူတည်တယ်။
WATCH...
🍒 1. I like watching TV every night.
watch- ကြည့်တာ။ ( ငါ ညတိုင်း TV ကြည့်ရတာ ကြိုက်တယ်။
🍒 He glanced at his watch.
watch- လက်ပတ်နာရီ။ သူ နာရီကို လျက်တပျက် ကြည့်။
RIGHT.....
🍒 1. I'm sure I'm right.
right- မှန်ကန်သော ( ငါ မှန်တယ်ဆိုတာ သေချာပဲ)
2. Take a right turn at the intersection!
right- ညာဘက် ( လမ်းစုံမှာ ညာဘက် ကွေ့လိုက်)
✅ Learner အများစုက စာလုံးတစ်လုံးကို
တွေ့တွေ့ချင်း ကိုယ်တွေ့ဖူး နားလည်ဖူးသလို
ဘာသာပြန်တတ်ကြတယ်။ context or situation ကို အရင် ကြည့်ပီးမှ L1 နဲ့ နားလည်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။
🍒 Define Success At Nine Plus🍒
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Magway