Masterpiece English Classes
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Masterpiece English Classes, Education Website, 41st*42nd, 88th*89th, Londonwin Quarter, Mandalay.
30/07/2025
💬Article a,an အကြောင်းပြီးတော့ ✅Theကို အသုံးပြုပုံလေး ဒီနေ့ ပြောပြပေးပါမည်။
✅Theကို
(1) Second mention (ရှေ့မှာပြောပြထားပြီးသား အရာတစ်ခုအကြောင်းကို ပြန်ပြောရင်)သုံးပါတယ်။
e.g.I saw a man and a dog.
ငါလူ၁ယောက်နဲ့ ခွေးတစ်ကောင်ကို တွေ့ခဲ့တယ်။
The man was old.
အဲ့လူက အသက်ကြီးတယ်။(သူရှေ့မှာ ပြောထားတဲ့ လူကိုပဲ အခုတစ်ကြိမ်ထပ်ပြောတာမို့ The manလို့ သုံးပါတယ်။
(2)Specific things(တစ်စုံတစ်ရာကို တိတိကျကျရည်ညွှန်းပြောချင်ရင်)
e.g.The children are in the garden.
(3)Only one thing(ကမ္ဘာမှာ တစ်ခုတည်းသော အရာတွေ)
e.g.The moon looks beautiful today.✔️
A moon looks beautiful today.✖️
(4)Common places(အများနဲ့ဆိုင်တဲ့နေရာတွေ)
e.g. We are going to the park.
ဒီမှာ ပန်းခြံက အများနဲ့ သက်ဆိုင်တာမို့ the ကို သုံးပါတယ်။
(5)Superlatives (degree အမြင့်ဆုံးတွေရဲ့ အရှေ့မှာ)
e.g.He is the best student in the class.
အကောင်းဆုံးဆိုတဲ့ bestရဲ့အရှေ့မှာ theအမြဲသုံးပါတယ်။
(6)Musical instruments (ဂီတတူရိယာပစ္စည်းတွေရဲ့အရှေ့)
e.g.My daughter plays the violin.✔️
My daughter plays a violin.✖️
ဒီနေ့တော့ Theကို ဘယ်နေရာမှာ ထားရမလဲ သိလောက်ရောပေါ့။နောက်ရဲ့မှာ Zero articleအကြောင်း ပြောပြပါဦးမယ်။
Tr.Lyra
Masterpiece
English Language Classes
09772886978
🔔Online classes တွေလည်း ရှိပါတယ်။ (အဝေးမှ တက်ရောက်ချင်သူတွေအတွက်)
🔔Young learners (အသက် ၇မှ၁၃နှစ်အထိအတန်းများ)
🔔Teenagers (အသက် ၁၄မှ ၁၆ထိအတန်းများ)
🔔Adults (၁၆နှစ်အထက်အတန်းများ)
🔔တစ်ဦးချင်းသီးသန့် အတန်းများ၊အုပ်စုဖွဲ့ သင်ကြားခြင်း၊အိမ်ခေါ် သီးသန့် အတန်းများလည်း ရှိပါတယ်။
သင်တန်းအချိန်နဲ့ သင်တန်းကြေးကို ဖုန်းဆက်မေးနိုင်ပါသည်။
16/02/2025
ဒီနေ့အတွက် အင်္ဂလိပ်စာGrammarမှာ Articleထဲက an ကို vowel sounds (a,e,i,o,u)အသံနဲ့စတဲ့ စာလုံးတွေ ရှေ့မှာ singular noun(တစ်ခု၊အနည်း)အနေနဲ့သုံးပြီး ဥပမာ-an orange,an egg
✅a ကိုကျ consonant sounds(vowelsounds)မဟုတ်တဲ့ အသံတွေနဲ့စတဲ့ စာလုံးတွေရှေ့မှာ တစ်ခု၊အနည်းအနေနဲ့ပြဖို့ e.g. a book သုံးတာကို အားလုံးသိထားပြီးဖြစ်ပါမယ်။
ဒါပေမယ့် a/an ကို ဘယ်လိုနေရာမှာ သုံးရမယ်၊Theဆို ဘယ်နေရာမှာထည့်ရမယ်၊ပြီးတော့ Zero article (aတို့anတို့Theတို့ တစ်ခုမှ မထည့်ရ)တို့ကိုကျ ဘယ်လိုသုံးရမလဲ❓❓❓💭💭
ကဲ….မသိထားသေးရင် အခုA,The,Zero article တို့ရဲ့ ဘယ်နေရာမှာ သုံးရမယ်ဆိုတာကို လိုက်ကြည့်ရအောင်နော်။
✅a/anကို (1)first mention (တစ်ခုခုကို ပထမဆုံးဖော်ပြခြင်း)၊
(2)Jobs(အလုပ်ကိုင်ကို ဖော်ပြခြင်း)၊
(3)Descriptions (သရုပ်ဖော်ပြချက်/ဘယ်လို ဘယ်ပုံဆိုတာ)အတွက်
ပြောဖို့ သုံးပါတယ်။
အောက်က ဥမာလေးကိုပဲ ပြလိုက်မယ်နော်။
e.g.(1)I saw an old woman and a dog in the park.
ဒီမှာရှိတဲ့ ကျနော်ဆိုတဲ့ ပုဂ္ဂိုလ်က ပန်းခြံထဲမှာ သူမိန်းမတစ်ယောက်နဲ့ခွေးတစ်ကောင်ကို မြင်ခဲ့တာကို ပထမဆုံးဖော်ပြတာမို့ a/anသုံးတယ်။
e.g.(2)Paula is a teacher.
ဒါကတော့ ဆရာတစ်ယောက်ဖြစ်တယ်( အလုပ်ကိုင်)ကို ပြောတာမို့ article aကို သုံးပါတယ်။
e.g.(3)Paris is an interesting city.
ပဲရစ်မြို့က စိတ်ဝင်စားဖို့ကောင်းတယ်(ဘယ်လိုမြို့)ဆိုတာကို ပြောပြတာမို့ article anကို သုံးပါတယ်။
Article a နဲ့ anအသုံးကို ဒီနေ့ ပြောပြပေးပြီး နောက်ရက်ကို Theနဲ့Zero article အသုံးကို ထပ်ပြီး ပြောပြပေးပါမယ်။စာရှည်နေမှာ စိုးလို့ပါ။ဒါလေးပဲ အရင် လေ့လာထားရအောင်နော်။
Tr.Lyra
Masterpiece
English Language Classes
16/02/2025
ဒီနေ့အတွက် အတူတူလေ့လာကြမယ်နော်။
4 skills English Classes
Reading,Writing,Listening,Speaking
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay