Learn with Emerald

Learn with Emerald

Share

Sharing is caring !! Educational Consultant
Japanese freelance instructor

Photos from Learn with Emerald's post 15/07/2026

Hello !!!
N1 course က zoom အတန်း မရှိဘူးလားဆို
လာလာမေးကြလို့မို့

ရှိပါမယ်။
July Jlpt အပြီး ကျမလည်း Fluနဲ့တိုးပြီး
အလုပ်အကြောင်းကို စိတ်မရောက်အား
ဖြစ်နေလို့မို့ပါ

N1 Zoom class ရဲ့ မူပိုင်အတိုင်း
Sat-Sun အပါ နောက်ထပ်တစ်ရက် ဖြစ်ပါမယ်။

Morning or Evening ဘယ်အချိန်တွေအဆင်ပြေကြမလဲ။

ဘာစာအုပ်တွေနဲ့ သင်လိုကြလဲ

လာတက်ကြမဲ့သူတွေကရော ဘယ်လောက်စိတ်ထက်သန်မှုရှိကြမလဲ

4months အတွင်း တဟုန်ထိုး စာလေ့လာပြီး
December exam ကို ဖြေကြမဲ့သူတွေလား

အခု ကစပြီး အတန်းတက်ထားပြီး
2027 မှ exam ဝင်ဖြေကြမဲ့သူတွေလား ။

သင်ကြားပေးမဲ့သူရဲ့ profile ကို သိလိုကြသူများအတွက်လည်း on line ကနေ Japanese classes တွေကို instructor အဖြစ် လုပ်နေတဲ့ ကျမအကြောင်း တစိတ်တဒေသ တလက်စတည်း
ပြောခွင့်ပြုပါလို့့့့့

ကျမ Emerald ပါ ။
27နှစ်မှာ University မှာဂျပန်ဘာသာသင်တဲ့
Tutor တစ်ယောက်အဖြစ် ဒီသင်ကြားရေး
နယ်ပယ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

လက်ရှိ အသက်အရွယ်အထိ တောက်လျှောက်
လုပ်ခဲ့တဲ့အလုပ်ကလည်း ဂျပန်ဘာသာ သင်ကြားရေးလောကထဲက လူတစ်ယောက်အဖြစ်သာပါပဲ။

နှစ်စဉ်နှစ်တိုင်း ၊ ဂျပန်ဘာသာရဲ့ courses အမျိုးမျိုးကို မိမိကိုယ်တိုင် လေ့လာသင်ယူရင်း
Challenges လုပ်ဖြစ်ခဲ့တာပါပဲ ။
မတူညီတဲ့အတွေ့အကြုံ
မတူညီတဲ့ခံစားချက်
မတူညီတဲ့ရလာဒ်
မတူညီတဲ့ ရင်ခုန်သံတွေကို ပိုက်ပွေ့ရင်း
တစ်နေ့ဆီ ကျော်ဖြတ်ခဲ့တာ အခုဆို ဒီခရီးဟာ
25နှစ်တိုင်ခဲ့ပါပီ။

ကျမအနေနဲ့ သိပ်တော် သိပ်ထက်မြက်တဲ့
ဂျပန်ဘာသာကို သိပ်ကိုကျွမ်းကျင်လှတဲ့သူတစ်ယောက်ရယ်တော့ မဟုတ်ဘူးလို့ပဲ
ကိုယ့်ဘာသာ ခံယူထားပါတယ်။

Non-Native speaker တစ်ယောက်အနေနဲ့ ဆိုရင်
ဂျပန်ဘာသာစကားကို
သင်ယူလေ့လာကြသူတွေအနေနဲ့
လွယ်ကူရှင်းလင်းစွာ နားလည်သဘောပေါက်အောင် နည်းပေးလမ်းညွှန်နိုင်မှုပြုနိုင်တဲ့
Instructor တစ်ယောက်အဖြစ်တော့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိပါတယ်။
Instructor တစ်ယောက်အဖြစ် ရပ်တည်လို့တဲ့
Education Background လည်း ထိုက်သင့်သလောက် ရှိနေပါတယ်။

သင်ယူသူတွေနဲ့အတူတူ ထက်ထက်သန်သန်
ကြိုးစားလိုစိတ်လည်း ရှိသလို၊
ဘာသာစကားကို ရေတို ချဉ်းကပ်ခြင်းမျိုးမဟုတ်ဘဲ self-learning လုပ်နိုင်စေမဲ့ mindset ကို
ပြုစု ပျိုးထောင်ပေးတဲ့သူအဖြစ်လည်း ခံယူထားပါတယ်။

ဒီတခေါက် သင်ဖြစ်မဲ့ course တွေမှာ
ကျမရဲ့ chapters တွေက ဘာတွေဖြစ်လေမလဲ
ဆိုတာကိုလည်း အခေါက်တိုင်းရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။

အတူတူ ကြိုးစားကြဖို့ အခွင့်အခါသင့်ကြတယ်ဆိုရင်ဖြင့် Learn with Emerald ကနေ ကြိုဆိုပါရစေ။

Language Learning ဆိုတာက exam ဖြေတာ၊
Exam ဖြေဖြစ်တာ စတာတွေက ခရီးရှည်ကြီးထဲက
တစိတ်တဒေသမျှသာပါပဲ။ ရေရှည်ပြေးရမဲ့
ဒီ ပြေးပွဲမှာ သက်လုံကောင်းစေဖို့အတွက်
ကျမတို့ အတူတူ ကြိုးစားကြမယ်၊
လေ့ကျင့်ကြမယ်၊
အဖန်ဖန် အားပြန်ထည့်ရင်း ရှေ့ကို နည်းနည်း
ပိုရောက်အောင် နေ့တိုင်း လှမ်းဖြစ်ကြဖို့ပါပဲ။

ကျမရဲ့အလုပ်ကို ကျမ ယုံကြည်ပါတယ်။
စေတနာမှာ ကျွမ်းကျင်မှုနဲ့အတူ တကယ့်
ရည်ရွယ်ချက်ကောင်းတွေပါခဲ့မယ်ဆိုရင်
ကျမတို့ထားရှိကြတဲ့ စေတနာဟာ လေ့လာမှုမှာ
အင်အားရစေမှာ အသေအချာပါပဲ ။

ဘက်ပေါင်းစုံမှာ ကြိုးစားအားထုတ်ရတာကို
ကျမက သဘောကျ ပျော်မွေ့တတ်တဲ့ဗီဇဝါသနာ
ရှိသူဖြစ်ပါတယ်။

ဂျပန်ဘာသာကို လေ့လာသင်ယူသူအဖြစ် လျှောက်ခဲ့တဲ့ ခရီးလမ်း 1998-2016 မှာလည်း
ကျမအနေနဲ့ ဝါသနာပါခြင်းမပါခြင်းထက်ကို
အကောင်းဆုံးကြိုးစားကြည့်မယ်ဆိုတဲ့စိတ်ကို
ရှေ့တန်းတင်ရင်း ကြိုးစားဖြစ်ခဲ့တာပါပဲ။

2002 ခုနှစ်ကစလို့ သင်ကြားရေးအလုပ်လုပ်သူအဖြစ် မှာ
University က lecturer life
Online platform က instructor life
မတူညီတဲ့ ရသတွေကို ပိုက်ပွေ့ရင်းးးး
အတွေ့အကြုံတွေကနေတဆင့် ပိုမိုကောင်းမွန်တဲ့
နည်းစနစ်၊လေ့လာမှုတွေကို ရှာဖွေရင်းနဲ့
ကျမ Emerald ခရီးဆက်နေပါတယ်ရှင်🍀☘️🍀

Thanks
Emerald
Freelance Japanese Instructor
Learn with Emerald

05/07/2026

おはようございます🍀

ရာသီဥတု သာယာကောင်းမွန်တဲ့
နေ့တစ်နေ့ ဖြစ်ပါစေ ။

အစစအရာရာ လွယ်ကူအဆင်ပြေ
ချောမွေ့သော တစ်နေ့တာ ဖြစ်ပါစေရှင် 💕

30/06/2026

Hello ^^ Hello ^^
ကနေ
daily Recorded Video နဲ့ လေ့လာဖြစ်စေဖို့အတွက် ကို လုပ်ပေးပါမယ်ရှင် ။

N3 Level မှာ ခိုင်မာတဲ့ အခြေခံ concept တွေ
သေသေချာချာလေး သိသွားရင်
ရှေ့ဆက်ရမဲ့ level တွေအတွက်
လေ့လာမှုက အများကြီး လွယ်ကူ သွားစေ
ပါလိမ့်မယ် ။

စိတ်ဝင်စားသူတွေအနေနဲ့ ဆိုပြီး page မှာဖြစ်စေ comment မှာဖြစ်စေ
စာရင်းပေးထားလို့ရပါပီ

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Website

Address

86st
Mandalay