IFA

IFA

Share

Build with us . Walk with us . Achieve with us

28/09/2024

ပုံစံအသစ်နဲ့ IFA ရဲ့ ACCA-BT Revision Class ပြန်လာပါပြီ။

IFA အနေဖြင့် BT Revision Class မှာ တက်ရောက်သူများအတွက် တစ်ဦးချင်းစီ အားလပ်ချိန်ပေါ်မူတည်ပြီး ကိုယ်ပိုင်စာကြည့်ချိန် အချိန်ဇယား ရေးဆွဲပေးခြင်း။

နားမလည်သောစာများကို အချိန်မရွေးမေးမြန်းနိုင်ခြင်း။

Chapter တစ်ခုကြည့်ပြီးတိုင်း Kaplan KIT များ ဖြေကြားစေခြင်းတို့ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

IFA အနေနဲ့ BT စာမေးပွဲဖြေနိုင်ရန် အချိန်ပြည့် Guide အနေနဲ့ သင့်ဘေးမှာအမြဲရှိနေပေးမှာပါ။

Photos from IFA's post 17/08/2024

BT - Revision Class (Batch - 4) (ရုံးချိန်လွတ်အတန်း)

IFA ရဲ့ အအောင်မြင်ဆုံးသော BT - Revision Class (Batch - 4) ရုံးချိန်လွတ်အတန်းကို 9 လပိုင်း 7 ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။

IFA ရဲ့ Revision Class ဟာ Quality ကို အဓိကထားပြီး သင်ကြားမှာ ဖြစ်ပါတယ်။

Kaplan Text Book ကိုမှ Chapter တစ်ခုစီ Revision ပြန်ပေးမည့်အပြင် သက်ဆိုင်ရာ အခန်းအလိုက် Exam Kit တွေကို Support ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ့်စာမေးပွဲပုံစံအတိုင်း မေးခွန်း (3) စုံ ကိုလည်း Support ပေးမှာ ဖြစ်ပါတယ်။

IFA ကနေ BT စာမေးပွဲဖြေဆိုနိုင်ဖို့ တာဝန်ယူပေးမှာပါ။

Start on 7.9.2024 (Weekend)
Fees - 100000 MMK

အသေးစိတ်အကြောင်းအရာများကို page Messenger မှလည်းကောင်း 09777537916 မှလည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

IFA - Sharing Channel Link - https://t.me/ifa_sharing

18/07/2024

❗️BT - Kaplan Exam Kit ကို IFA မှာ ဖြေဆိုလို့ရပါပြီ။

Chapter - 1
The business organization
10 - Questions

Chapter - 2
Business organization and structure
24 - Questions

Chapter - 3
Organization culture in business
12 - Questions

ဖြေဆိုလိုပါက Page messenger သို့ ဆက်သွယ်နိုင်ပါတယ်။

IFA - Sharing Channel Link - https://t.me/ifa_sharing

14/07/2024

Mintzberg´s Organization Structure

ဒီနေ့မှာတော့ IFA ကနေ Mintzberg ရဲ့ Organization Structure ကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒီ Structure မှာ အစိတ်အပိုင်း 5 ခုပါရှိပြီး ဒီ 5 ခုလုံးရဲ့ Organization အတွင်း အတူတကွယှဥ်တွဲလည်ပတ်မှုတွေက Organization ကို ပိုပြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။

➡️1. Strategic Apex
Organization ရဲ့ Senior Management Level ဖြစ်ပြီး Decision Maker တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ အနာဂတ်ကို အကောင်အထည်ဖော်သူတွေ လည်း ဖြစ်ကြပါတယ်။

➡️2. Middle Management
Organization ရဲ့ Tactical Manager ဖြစ်ပြီး အထူးသဖြင့် အောက်ခြေ Operation Staff တွေနဲ့ Senior Manager တို့ရဲ့ ကြားခံဖြစ်ပါတယ်။ Operation Manager အဖြစ်လည်း ပါဝင်ပြီး Operation Staff တွေရဲ့ Day-to-Day Activities တွေကို ကြီးကြပ်ကြပါတယ်။

➡️3. Operating Core
Organization ရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကိုယ့် Organization က ထုတ်လုပ်သော Product တွေ သို့မဟုတ် Service တွေကို အကောင်အထည် ဖော်နေရတဲ့သူတွေ ဖြစ်ကြပါတယ်။

➡️4. Technostructure
Technostructure ကတော့ Organization ရဲ့ Core activities ကိုလုပ်ရတာမျိုးမဟုတ်ဘဲ Organization ရဲ့ နေ့စဥ်လည်ပတ်မှု ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဥပမာအနေနဲ့ဆိုရင် Accountant တို့ HR တို့ပါ။ လုပ်ငန်းရဲ့စနစ်ကို ပိုမိုကောင်းမွန်အောင် ထိန်းပေးရတာတွေကတော့ Technostructure ရဲ့ တာဝန်ဖြစ်ပါတယ်။

➡️5. Support staff
Support staff ကတော့ organization တစ်ခုလုံးကို ထောက်ပံ့ပေးရတဲ့သူပါ။ Organization ကို service ပေးရတဲ့သူတွေဖြစ်ပြီး Admin အလုပ်လုပ်ရတဲ့ သူတွေက Support staff တွေ ဖြစ်ကြပါတယ်။

IFA - Sharing Channel Link - https://t.me/ifa_sharing

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay
Mandalay

Opening Hours

Monday 10:00 - 12:00
Tuesday 10:00 - 12:00
Wednesday 10:00 - 12:00
Friday 10:00 - 12:00
Saturday 10:00 - 12:00
Sunday 10:00 - 12:00