Iconic Style -Thrift Shop
Thrift & Vintage Clothing Shop This page is online shopping
10/03/2023
Thrift clothing or vintage clothing အကြောင်း ပြောကြမယ်
💁🤷🙅ဘေထုပ်ဝတ်တာ ရှက်စရာ ဆိုတဲ့ခေတ်က ကုန်ခဲ့ပြီမဟုတ်လား။ ဒီကာလမှာ ပိုက်ဆံအများကြီးမသုံးဘဲ စျေးဝယ်နိုင်မယ် အဝတ်အစားအသစ်လည်းရချင်တယ်ဆို Thrift or vintage clothing ကအကောင်းဆုံးပါဗျာ။ (ကိုယ်မဝတ်ရသေးရင်အသစ်ပေါ့...နော့်)
📷📸နောက် ဓာတ်ပုံရိုက်ပြီးရင် ထပ်မဝတ်ချင်တော့တဲ့ အကျီတစ်ထည်ထဲနဲ့ ဓာတ်ပုံနှစ်ခါ မရိုက်ချင်တဲ့ လူတွေအတွက်လည်း ဝယ်ကိုဝယ်သင့်တာပါဗျာ။
😍😍😍ဒီ ဘေထုပ်တွေထဲကနေလေ Designer brand တွေလည်းရနိုင်တယ်နော် အဟုတ် စိတ်ရှည်ရှည်နဲ့ သေချာလေး ရွေးတတ်ဖို့ပဲလိုတာရယ်။
👕💵💴💶အဝတ်အစားပေါ်မှာ ပိုက်ဆံတွေအရမ်းဖြုန်းတီးနေမိပြီလို့ ခံစားရရင်တော့ Thrift or vintage ဘက်လှည့်ပါလို့ အကြံပေးချင်ပါတယ်။ အများအများကြီး စျေးသက်သာပါတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းကျိုးပေးတယ်ဆိုတော့ ဘာလိုသေးလဲခင်ဗျာ 😍
🏤🏬အွန်လိုင်းကနေ ဝယ်လို့ကောင်းတဲ့ အသစ်နီးပါးရတဲ့ဆိုင်တွေရှိပါတယ်နော်။ အပြင်ထွက်ပြီး နေပူထဲ အထုပ်ကြီးဆွဲပြီး အပင်ပန်းခံ ရွေးစရာမလိုဘဲ အသင့်ဝယ်ရုံပဲဆိုတော့ အဆင်ပြေတယ်။ စျေးလေး ငါးရာ ၁ထောင် မဆိုသလောက်များပေမယ့် ဆိုင်ဘက်က စိုက်ထုတ်ရတဲ့ effort နဲ့ဆ်ို ပေးရတာတန် တယ်ပဲ ပြောရမယ်။
Thrift or vintage နဲ့ ပတ်သက်ရင် အရမ်းကို အရေးကြီးဆုံးကတော့ လက်သွက်ဖို့ပဲလိုတာပါဗျာ 🙆🙆
Crd
ဘေနံ့လေးတွေပျောက်အောင် ဘယ်လိုလျှော်ကြ
မလဲ? ☘
ဘေထုပ်တွေမှာ စွဲနေတတ်တဲ့အနံ့လေး ရှိတယ်။ ဘာရယ်မဟုတ် ပိုးသတ်ဆေးအနံ့လေးပါရှင့်။ နိုင်ငံခြားကလာတဲ့ အထုပ်ဆိုရင် သူတို့က Size သန့်တဲ့အခါ တခါထဲ ပိုးသတ်ဆေးဖြန်းပြီးမှ ပို့တာပါ။ မြန်မာပြည်ရောက်တော့ ဂိုထောင်ထဲထည့်သိမ်း ဘာညာလုပ်ကြတော့ အနံ့လေးက စွဲသလိုဖြစ်နေတာ။တချို့ကျတော့လဲ ဘေထုပ်အနံ့လေးကိုမှ ကြိုက်လွန်းလို့ဆိုတဲ့ သူလေးတွေလဲရှိတယ် ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ဒီအခေါက်တော့ ဘေနံ့မကြိုက်တဲ့ သူလေးတွေအတွက် လျှော်နည်းလေးပြောပြပေးထားပါတယ်
1 ဟင်းချိုမှုန့်☘
ဒါလေးက အဆန်းလေးရယ်..
အိမ်မှာ ဘေထုပ်ဝါသနာအိုး အမေနဲ့အဘွားသာရှိရင်တော့ ဒီနည်းလမ်းလေးကို သိကြမှာပါ။ ဆပ်ပြာမှုန့်ရယ်၊ အချိုမှုန့်သေးသေးလေးရယ် ရောပြီးစိမ်ထားလိုက်ပါ။ ကိုယ်က မွှေးတာလေးကြိုက်တယ်ဆိုရင်တော့ လျှော်ပြီးရင် အမွှေးရည်လေးနဲ့ 5 မိနစ်လောက် စိမ်ပြီးသာ လှန်းလိုက်ပါရှင့် မွှေးနေရော
2 ခေါင်းလျှော်ရည်☘
ကိုယ်လျှော်ချင်တဲ့ အထည်လေးကို ခေါင်းလျှော်ရည်နဲ့စိမ်ထားပြီးလျှော်ပါ။ အနံ့ပြင်းပြီး မွှေးတဲ့ဟာလေးတွေဆို ပိုကောင်းပါတယ်။ သူ့အတိုင်းလဲစိမ်လို့ရတယ် အပေါ်ကဟင်းချိုမှုန့်လေးပါထပ်ထည့်ပြီး စိမ်လို့လဲရတယ်။ ပြီးရင် လေတိုက်တဲ့နေရာမှာ လှန်းထားလိုက် အနံ့ရချင်လို့ကို မရဘူး။
3 နောက်တစ်နည်းက ရေအရင်လောင်း ရွှေဝါဆပ်ပြာ သို့ ကာဘော်လစ်လိုဟာနဲ့တိုက် ☘
ပြီးရင် နာရီဝက်~တနာရီလောက် စိမ်ပြီးမှ ဆပ်ပြာနောက်တကျော့ထပ်တိုက်ပြီး ရေပြောင်အောင်လျှော်ရင် ဘာအနံ့မှ မကျန်ပါဘူး။
4 ရှာလကာရည်☘
ဒီကောင်ကတော့ ဆရာကြီး 😎
အနံ့ပျောက်ဖို့အတွက်ရော စွန်းနေတာလေးတွေရှိရင်ပါ သူ့ကိုသုံးလို့ရတယ်။ ရေနွေးထဲ ရှာလကာရည်နည်းနည်းထည့် နာရီဝက် (or) တစ်နာရီလောက်စိမ်ပြီး ဆပ်ပြာမှုန့်နဲ့လျှော်ပါ။ အနံ့မွှေးတာ လိုချင်ရင် မီးပူတိုက်တဲ့အခါ အမွှေးရည်သာဖြန်းပြီးတိုက်လိုက်ပါ။
5 ကျောက်ချဥ်☘
Vinegarက ဆရာကြီးဆို သူကဆရာဘိုးဘေးကြီးပေါ့။
အသုံးဝင်တဲ့နေရာတွေမှ အများကြီးရယ်.... သူ့ကို ပုံမှန်ဆို ချွေးနံ့ပြင်းတာအတွက်သုံးပါတယ်။ အင်္ကျီမှာ ချွေးနံ့စွဲတာပဲဖြစ်ဖြစ်၊ ဘေနံ့ပျောက်ချင်ရင်ပဲဖြစ်ဖြစ် ကျောက်ချဥ်ကို သုံးလို့ရပါတယ်။ အင်္ကျီကို ပထမဆုံးကျောက်ချဥ်နဲ့ ၁ နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင် ဆပ်ပြာမှုန့်နဲ့လျှော် နောက်ဆုံးအမွှေးဆီအရည်လေးနဲ့ ထပ်ဆေးလိုက်ရင်
Perfect ပဲ
အထည်လေးတွေကို စိမ်ရင်လေ နာရီ၀က်၊ ၁ နာရီလောက်ပဲစိမ်ပေးကြပါ။ ပုံမှန်၀တ်နေကြအထည်တွေတောင် အကြာကြီးစိမ်လိုက်ရင် အရောင်ကျွတ်တတ်ပါတယ်။ ဆပ်ပြာနဲ့ အရမ်းအကြာကြီး စိမ်ရင်လဲ တချို့အထည်လေးတွေက ရိပြီးပြဲတတ်လို့ သေချာလေးဂရုစိုက်ပြီး လျှော်ရင်တော့ မွှေးလဲမွှေး လှလဲလှပေါ့ရှင့်
to pholiytrifty
Iconic Style-Used Clothing Collection Send a message to learn more
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
05021