MHK_Sharing

MHK_Sharing

Share

တခုခုရရှိဖို့တခုခုမျှဝေ
တခုလိုချင်

12/02/2022

ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ...

ခင်ပွန်းဖြစ်သူက
သူ့ဇနီးလက်ကို ကိုက်နေတဲ့
မြွေကို မမြင်ဘူး...

ထို့အတူပဲ ဇနီးကလည်း
ကျောက်တုံးကြီး
ခင်ပွန်းအပေါ် ပိနေတာကို မသိပြန်ဘူး...

ဇနီးက ထင်မယ်... “
ငါ့မှာ မြွေကိုက်ခံရလို့ နာကျင်နေရတယ်...
သူ ဘာလို့ အားကုန် အပေါ် ဆွဲမတင်ရတာလဲ...” ၊ ခင်ပွန်းအပေါ်
ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို
သူမ မတွေးမိဘူးလေ...

တဖက်မှာ
ခင်ပွန်းဖြစ်သူကလည်း “
ငါ ဒီလောက် အားတင်းပြီး
ဆွဲပေးနေတာကိုတောင်
သူက ဘာလို့ အပေါ် ရောက်လာဖို့
သိပ်မကြိုးစားရတာလဲ??” လို့ တွေးနေမယ်... ဇနီးဖြစ်သူရဲ့ နာကျင်နေမှုကို
သူ မစဉ်းစားမိဘူး...

ဒီပုံလေးက
တကယ့်ဘဝတွေကို
အများကြီး ကိုယ်စားပြုနေပါတယ်...

လောကကြီးထဲမှာ
ဒီပုံ ထဲကလို
စုံတွဲတွေ အများကြီး ရှိနေပါတယ်...

တစ်ဖက်ရဲ့ ပေးဆပ်မှုကို မမြင်ဘဲ
ကိုယ်ပေးဆပ်နေရတာကိုပဲ
တွေးနေ၊ မြင်နေရင်
အဲဒီ လက်တွဲမှုဟာ
ခိုင်မြဲမှု အားနည်းနေပါလိမ့်မယ်...

ဒါကြောင့်
ကျွန်တော်တို့ ဘဝမှာ
ကိုယ့်ရဲ့ လက်တွဲဖော်ကို တွေ့တဲ့အခါ၊ လျှို့ဝှက်ချက်တွေ၊ မာန်မာနတွေ
ဘေးဖယ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းဖို့၊
အပြန်အလှန် နားလည်မှု ပေးကြဖို့
လိုအပ်ပါတယ်...

ဒါမှသာ ခက်ခဲ ကြမ်းတမ်းတဲ့
လောကဓံ ကြားမှာ
လက်တွဲမြဲမြံစွာနဲ့
တူတူ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်...

Credit :Dr KST

12/02/2022

စိတ်ဓာတ် ယုတ်မာသူ အတွက်
ပညာတတ်ခြင်းဟာ အလကားပဲ…

မျော်လင့်ချက် မရှိသူအတွက်
မနက်ဖြန် ဆိုတာ အလကားပဲ…

သင်္ခန်းစာ မယူတတ်သူအတွက်
အတွေ့ကြုံ ဆိုတာ အလကားပဲ…

ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
ကူညီပေးမှု့ဟာ အလကားပဲ…

အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
ခေါင်းဆောင် ဆိုတာ အလကားပဲ…

ခံစားချက် မရှိသူ အတွက်
နှလုံးသား တစ်စုံဟာ အလကားပဲ…

မကြိုးစားသူ အတွက်
အခွင့်အရေး ဆိုတာ အလကားဘဲ…

နှမြောတွန့်တိုတတ်သူ အတွက်
ချမ်းသာခြင်းဟာ အလကားပဲ…

စိတ်ထားယုတ်သူ အတွက်
ရုပ်လှခြင်းဟာ အလကားပဲ…

မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
ဆရာကောင်းဟာ အလကားပဲ…

ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
ပေါများခြင်းဟာ အလကားပဲ…

ကုသိုလ်မပြုသူ အတွက်
ဘဝဖြစ်တည်ခြင်းက အလကားပဲ…

ပိုင်ဆိုင်ခွင့် ရတိုင်း
ပျော်ရွှင်ရမယ် မထင်နဲ့
လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

ဆုံးရှုံးသွားတိုင်း
ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
မကြည်နိူင်ရင် ရှုံးတာပါပဲ…

အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

စွန့်လွတ်တိုင်းလည်း
ဆုံးရှူံးရတာ မဟုတ်ဘူး
ပိုင်ဆိုင်ရတိုင်းလည်း
ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

နားလည်မှု့မရှိရင် နီးနေလည်း
အလကားပဲ…
တစ်ယောက်နဲ့တစ်ယောက်
စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
ရှိမလာနိူင်ဘူး…

ဘယ်လောက် ဝေးဝေး
စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
အလိုလိုရောက်လာမှာလေ……။

#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

01/02/2022

ရေနွေးကြမ်းနှင့် နှလုံးခုန် ရုတ်တရက် ရပ်တန့်ခြင်း

ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ပက်သက်တဲ့ဆောင်းပါးလေးပါ။ ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တစ်ခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။

ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့ အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့ ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။)

တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ ကနေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေ ကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့ ဦးတည်နိုင်ပါတယ်။

အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထား သင့်ပါတယ်။ နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်း နဲ့ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။

၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့ သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေးကောင်းဖြစ်ပါတယ်။

( နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့ ကျွန်ုပ်တို့ ဟာ အနဲ ဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီ ကို ပို့ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ )

Courtesy - April Maung Maung

30/01/2022

၆။ တတာပနငရဲ
🌸🌸🌸🌸🌸🌸
--- ဤငရဲဘုံတွင် ငရဲသားတို့သည်
မတုန်မလှုပ် မြဲမြံစွာ ရပ်တည်နေကြရပြီး
ပူလောင်မှုကို ခံနေရသည်။ ယင်းငရဲကို
တာပနငရဲဟု ခေါ်သည်။

ယင်းငရဲသည် မဟာရောရု၀ငရဲအောက်
အစောက် ယူဇနာ (၁၅၀၀၀)ကွာ ဝေးသော
မြေလိုဏ်ဥမင်ကြီးအတွင်း၌ ယူဇနာပေါင်း
တစ်သောင်း ကျယ်ပြန့်စွာ တည်ရှိသော
ငရဲဖြစ်သည်။

--- ငရဲသားတို့ ခံစားကြရပုံ ---

--- ဤငရဲကြီးတွင် အလျှံတပြောင်ပြောင်
တောက်နေသော သံမြေပြင် ရှိသည်။

ငရဲသားတို့ကို သံမြေပြင်မှ ပေါက်သော
အလျှံတပြောင်ပြောင် တောက်သော
သံတံကျင်တို့ဖြင့် ထိုးလျှိုထားသည်။

သံမြေပြင်မှပေါက်သော သံတံကျင်တို့သည်
အောက်ဒွါရမှ အထက်ဦးခေါင်းတိုင်အောင်
ပေါက်လေသည်။

ခြေနှစ်ဖက်တို့သည် ရဲရဲညီးသော သံမြေပြင်၌
ရပ်တည်နေရသည်။ ထိုခြေတို့ကို သံမြေပြင်၌
သံပန္နက်တို့ဖြင့် ရိုက်နှက်စွဲကပ်ထားသည်။

လက်ျာလက်ရုံးမှ လက်ဝဲလက်ရုံးထိအောင်
သံတံကျင် ထိုးထားသည်။ ထိုသံတံကျင်တို့သည် မီးအလျှံ တပြောင်ပြောင် တောက်နေသည်။

- သံတံကျင် ထိုးထားသဖြင့် မလှုပ်ရှားနိုင်
သော ငရဲသားတို့ကို ကောက်နယ်တလင်း
ခန့်မျှလောက်ရှိသော ရဲရဲညီးသော သံပူပြားကြီး များဖြင့် ငရဲထိန်းတို့က လာ၍ ကပ်ကြသည်။

ယင်း သံပူပြားကြီးသည် ပန်းဘဲဖို၀မှ ထုတ်၍
ချထားသောသံပြားကြီး မြည်သကဲ့သို့ တရှဲရှဲ
မြည် နေသည်။ လွန်စွာပူပြင်းလှသဖြင့် ရုန်း
ကန်လှုပ်ရှားပါသော်လည်း လှုပ်၍ မရ။
အတင်းကြံ့၍သာ ခံစားနေကြ ရသည်။

--- ဤငရဲတွင် ကံမကုန်သမျှ ခံကြရသည်။
ဤငရဲကြီးသည် သံတံကျင် လျှိုထိုးပြီး ကားစင်
တင်၍ သတ်၊ သံပူကပ်၍ သတ်ရာ မဟာသင်္ချိုင်း
ကြီးဟု ခေါ်ဆိုလေသည်။

--- ငရဲသက်တမ်း ---

- လူတို့၏ အနှစ် (၁၆၀၀)သည် ပရနိမ္မိတ ဝဿ၀တ္ထိနတ်တို့၏ (၁)ရက်ဖြစ်သည်။

- ပရနိမ္မိတဝဿ၀တ္ထိနတ်တို့၏ သက်တမ်း (၁၆၀၀၀)သည် တာပနငရဲ၌ (၁)ရက်ဖြစ်သည်။

- တာပနငရဲ (၁)ရက်မှာ လူတို့နှစ်အရေ
အတွက်အားဖြင့် (၉၂၁)ကုဋေ (၆)သန်းရှိသည်။

- တာပနငရဲ သက်တမ်းသည်
အနှစ် (၁၆၀၀၀)ရှိသည်။

--- ဤငရဲခံစားရသူများ ---

- ဤငရဲတွင် လင်ယောက်ျားကို မရိုမသေ
မလေးမစား မထေမဲ့မြင် ပြုကြသော အိမ်ရှင်
မိန်းမများသည် ကျရောက်ခံစားရလေသည်။

ငရဲပြည်/ငရဲပြည်မှသေရွာပြန်များ
ပြိတ္တာဖြစ်ရပ်ဆန်း/ဥပရိပဏ္ဏာသ/
ပ႑ိတေ၀ဒနိယ/ဇာတက-စ​ေသာ
စာအုပ်များနှင့် ငရဲပြည်အကြောင်း
သိကောင်းစရာ Facebook-
page-မှ ကူးယူဖော်ပြပါသည်။

အရှင်ဣန္ဒောဘာသ(ဓမ္မသုတ)

#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်

Want your business to be the top-listed Photography Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay