Butterfly-Gold Forex Trading
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Butterfly-Gold Forex Trading, Mandalay.
17/01/2021
နဲနဲလေးဖြစ်ဖြစ် ဂရုစိုက်ပေးပါ
13/01/2021
12/01/2021
#တန်ဖိုးရှိသော ဘဝဖြစ်ဖို့ဆိုရင်
💝အကယ်၍
တစ်ပါးသူတွေက ပေးတဲ့
စိတ်ဒဏ်ရာတွေကို ရရှိတဲ့အခါ
ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့မမေ့ပါနဲ့။
💝အကယ်၍
လောကဓံရဲ့ခါးသီးခြင်းတွေကို
ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို
အားတင်းထားဖို့မမေ့ပါနဲ့...
ဘ၀ဆိုတာ အချိုရာ အခါးရော
ပေးတတ်တာ သတိရပါ ။
💝အကယ်၍
တစ်ချို့လူတွေက
ကိုယ့်နာမည် ' ကိုယ့်ဂုဏ်သိက္ခာကို
ချိုးဖဲ့တာမျို းကြုံ ခဲ့ရင် ကိုယ့်ကိုယ်ကို
ယုံကြည်မှု့ရှိဖို့မမေ့ပါနဲ့...
လောကမှာ မှန်တာပြောတာထက်
မမှန်တာပြောတဲ့သူတွေက
များတယ်ဆိုတာ သတိရပါ။
💝အကယ်၍ ……
လူတွေက ဒါ မင်းအပြစ်ပါလို့
လက်ညိုးထိုးစွပ်စွဲတာမျိုးကြုံ ခဲ့ရင်
ကိုယ့်ကိုယ်ကို နားလည်တတ်ဖို့မမေ့ပါနဲ့
တစ်လောကလုံးနားမလည်ရင်တောင်
ကိုယ်လုပ်နေတာ ကိုယ်ကိုယ်တိုင်
နားလည်ဖို့ပဲလိုပါတယ်။
💝အကယ်၍ ……
ကိုယ် အကူအညီလိုတဲ့အခါ
ကူညီမယ့်သူ မရှိခဲ့ရင် ??
ကိုယ့်ကိုယ်ကို ပြုံးပြဖို့မမေ့ပါနဲ့...
နောက်တစ်ခါ မည်သူ့ဆီကမှ
အကူအညီမယူမိအောင်ကြိုးစားလိုက်ပါ။
👉လူ့ဘ၀မှာ ……
"' လူတိုင်း နိမ့်ကျ ဖူးတယ် "'
"' လူတိုင်း အမြင့်ကိုရောက်ခဲ့ဖူးတယ် "'
"' လူတိုင်း ချစ်ခဲ့ဖူးတယ် "'
"' လူတိုင်း ငိုကြွေးခဲ့ဖူးတယ် "'
"' လူတိုင်း ပျော်ရွင်ခဲ့ဖူးတယ် "'
🌹အကယ်၍ ……
💝ကိုယ် တစ်ယောက်ထဲမှ
ကြုံတွေ့နေရတယ်လို့ထင်တဲ့အခါ
အပြင်ကို ထွက်
လူတွေကို လိုက်ကြည့်ကြည့်ပါ။
💝လူတိုင်းလူတိုင်းဟာ …
ဘဝကပေးတဲ့ သုခ ' ဒုက္ခတွေ ကိုယ်စီနဲ့ပါ။
ကိုယ့်ကိုယ်ကို လေးစားဖို့ဘယ်တော့မှ မမေ့ပါနဲ့။
💝ဒါကြောင့် သင့်ဘဝအတွက် အကောင်းဆုံး
တန်ဖိုးရှိတဲ့ ဘဝကို တည်ဆောက်ပါ....!
Click here to claim your Sponsored Listing.