Pyaw Bwe PAGE

Pyaw Bwe PAGE

Share

Y

13/07/2022

ပျော်ဘွယ်မြို့
အရှေ့/‌အနောက်/တောင်/မြောက်
မြို့အဝင်အထွက် ဂိတ်များ ယခုရက်ပိုင်း
အစစ်အဆေးကြမ်း.....

28/06/2022

မိန်းခလေး(၃)ဦးမောင်းနှင်စီးလာသောဆိုင်ကယ်အားနောက်မှဝင်တိုက်ပြီးလေးခွနှင့်ပစ်ကာခြိမ်းခြောက်ယူဆောင်ထွက်ပြေး

ဇွန်(၂၈)၂၀၂၂ #သာစည်
#ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်ကုက္ကိုကန်-ထနောင်းကုန်းကျေးရွာအနီးခရိုင်ချင်းလမ်းတွင်မိန်းခလေး(၃)ဦး မောင်းနှင်စီးလာသောဆိုင်ကယ်အားနောက်မှဝင်ရောက်တိုက်ကာလေးခွနှင့်
ပစ်သဖြင့်ဆိုင်ကယ်လဲကျစဥ်ဆိုင်ကယ်အားယူဆောင်ထွက်ပြေးသွားကြောင်း
စုံစမ်းသိရသည်။

ဇွန်(၂၇)ရက်နေ့နံက်(၈:၃၀)အချိန်ခန့် ပျော်ဘွယ်မြို့နယ်တွင်းရွာနေမိန်းခလေး(၂)ဦးမှမိတ္တီလာတက္ကသိုလ်သို့ကျောင်းအပ်ရန်ဆိုင်ကယ်ဖြင့်ခရိုင်ချင်းဆက်လမ်းအတိုင်းစီးနင်းလာပြီး
ကုက္ကိုကန်ကျေးရွာနသူငယ်ချင်းမိန်းခလေးအားဝင်ရောက်ခေါ်ဆောင်၍(၃)ဦးမောင်းနှင်စီးနင်းလာရာမျက်နှာချင်းဆိုင်မှအမည်မသိအမျိုးသား(၄)ဦးမောင်းနှင်စီးလာသောဆိုင်ကယ်နှစ်စီးမှကုက္ကိုကန်-ထနောင်းကုန်းရွာကြား မိုင်တိုင်အမှတ်(၁၀၂/၂)အနီးပြန်ကွေ့
လိုက်လာပြီးဆိုင်ကယ်အားနောက်မှဝင်တိုက်၍လေးခွနှင့်ပစ်ရာဆိုင်ကယ်မောင်းနှင်စီးလာသူမိန်းခလေး(၃)ဦးအနက်တစ်ဦးတွင်ယာမျက်လုံးအောက်ဘက်ထိမှန်ဒဏ်ရာရရှိကာ
လမ်းဘေးသို့ဆိုင်ကယ်လဲကျခဲ့ကြောင်းသိရသည်။

ဆိုင်ကယ်နှင့်မိန်းခလေးများလဲကျနေစဥ်အမျိုးသား(၄)ဦးမှတုတ်ဓားများကိုင်ဆောင်ဆင်းလာပြီးမိန်းခလေးများ
အားမော့မကြည့်နဲ့..မအော်နဲ့ဟုခြိမ်းခြောက်ပြောဆို၍မိန်းခလေး(၃)ဦးစီးလာသောဟွန်ဒါအယ်လ်ဖာအမျိုးအစားအဖြူရောင်ဆိုင်ကယ်အား
ခရိုင်ချင်းဆက်လမ်းအတိုင်းပျော်ဘွယ်ဘက်သို့ယူဆောင်မောင်းနှင်ထွက်ပြေး
သွားကြောင်းသိရသည်။

အခင်းဖြစ်ပွားစဥ်ကပါရှိသူမိန်းခလေး၏အုပ်ထိန်းသူထံဆက်သွယ်မေးမြန်းချက်အရဖြစ်စဥ်မှန်ပါတယ်..ဆိုင်ကယ်ယူဆောင်ထွက်ပြေးတာအမျိုးသား
(၄)ဦးပါ..တောင်ကြီး-ပျော်ဘွယ်လမ်းဘက်အတိုင်းမောင်းပြေးကြတာပါ..
ဖြစ်စဥ်နဲ့ပတ်သက်ပြီးနယ်မြေခံရဲစခန်းမှာတို​င်ကြားရန်ဒီနေ့မနက်မှာပဲမိန်းခလေးတွေနဲ့အတူသွားရောက်နေပါပြီဟုပြောပြသိရသည်။

24/06/2022

24.6.2022
မိတ္ထီလာမြို့ ည (10:20)အချိန် ရုပ်ရှင်ရုံလမ်းထဲရှိ ကွင်းအင်ပါယာအနီး၌ပေါက်ကွဲမှုဖြစ်ပွား...

23/06/2022

ရမည်းသင်းမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်/ကားများအား စစ်ဆေးဆောင်ရွက်မည့်ကိစ္စ

(၂၃/၆/၂၀၂၂)မှ(၂၄/၆/၂၀၂၂)ရက်များကိုပညာပေးကာလ သတ်မှတ်ထားပြီး (၂၅/၆/၂၀၂၂)ရက်နေ့မှစ၍ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပါသောကြောင့် ရပ်ကွက်/ကျေးရွာများမှလာရောက်ကြသောပြည်သူများ ဆိုင်ကယ်စီးဦးထုပ်မဖြစ်မနေဆောင်းပေးကြပါရန်အသိပေးအပ်ပါသည်။
(က) ဆိုင်ကယ်တစ်ဦးထဲစီးပြီး ဦးထုပ်မဆောင်းပါက ဒဏ်ငွေ----၁၀၀၀၀

(ခ) ဆိုင်ကယ်တစ်စီးလူနှစ်ယောက် ဦးထုပ်‌မဆောင်းပါက ဒဏ်ငွေ----၁၀၀၀၀

(ဂ) ဆိုင်ကယ်တစ်စီးနှစ်ဦးထက်ပိုပြီးဦးထုပ်မဆောင်းပါက ဒဏ်ငွေ----၁၅၀၀၀

(ဃ) သုံးဘီး/ဆိုက်တွဲ မောင်းနှင်ပြီး ဦးထုပ်မဆောင်းပါက ဒဏ်ငွေ----၁၅၀၀၀

(င) ဒဏ်ငွေရိုက်ခံရသူနောက်တစ်ကြိမ်ဖောက်ဖျက်ပါက တရားဆွဲခံရမည်။
Pyaw Bwe PAGE

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay