All About Car Technology
ကားနည်းပညာနှင့်ပတ်သက်၍ အုပ်တစ်ချပ်
11/11/2021
✍ ဒီဇယ်အင်ဂျင်ပြစ်ချက်များ ✍
-----------------------------------------------
ဖတ်ရှု့ချိန် (၃) မိနစ် 💪
ကားဆရာဖြစ်လာရင် ဓာတ်ဆီ ကားရော၊ ဒီဇယ်ကားပါမောင်းရမှာဘဲ။ ဓာတ်ဆီအင်ဂျင်က လူစီးကားလေး တွေလောက်ဘဲ သုံးပါတယ်။ ဒီဇယ် အင်ဂျင်က ပိုပြီးအသုံးများပါတယ်။ ထရပ်ကားတွေ၊ ဘတ်စ်ကားကြီးတွေ၊ ထရေလာကုန်တင်ကားကြီးတွေ၊ Dumper Truck တွေ၊ စက်ယန္တရား ကြီးတွေအားလုံး ဒီဇယ်အင်ဂျင်ဘဲ သုံးပါတယ်။ ဒီဇယ်အင်ဂျင်ကအား ကောင်းတယ်။ အကြမ်းခံတယ်။ ပြု ပြင်ထိန်းသိမ်းရတာနည်းတယ်။ ဆီ စားသတ်သာပြီး ကုန်ကျစရိတ်သက် သာတယ်။ ဓာတ်ဆီအင်ဂျင်နဲ့စာရင် ပြဿနာနည်းတယ်။ ဒါကြောင့် ဒီဇယ် အင်ဂျင်ကို အသုံးများတယ်။
ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင် ဖွဲ့စည်းပုံမတူသလို အလုပ်လုပ်ပုံ လည်း ခြားနားပါတယ်။ ပထမဆုံး လောင်စာဆီမတူပါဘူး။ ဒီဇယ်ဆီက နည်းနည်းချွဲပျစ်ပါတယ်။ ချွဲပျစ်တဲ့အ တွက် ချောဆီဂုဏ်သတ္တိရှိပါတယ်။ ဒီဇယ် Injection Pump နှင့် နော် ဇယ်အတွင်းမှာ ချောဆီအဖြစ် ဆောင် ရွက်ပေးပါတယ်။ သာမန်အပူချိန်မှာ ဒီဇယ်ဆီက အငွေ့မပျံနိုင်ပါဘူး။ ဓာတ် ဆီကတော့ အငွေ့ပျံနှုန်းမြန်ပါတယ်။
ဒီဇယ်အင်ဂျင်ရဲ့Compression က ဓာတ်ဆီအင်ဂျင်ထက်မြင့်ပါတယ်။ Compression အချိုး (15:1) ကနေ (20:1) အထိရှိပါတယ်။ ဒါကြောင့်မို့ အင်ဂျင်အတွင်းဝင်သွားတဲ့လေကို ပစ္စ တင်ကဖိသိပ်လိုက်ရင် အလွန်ပူလာ ပါတယ်။ အပူချိန် (500°C) လောက် အထိပူမှ ဒီဇယ်ဆီမီလောင်ပေါက်ကွဲ နိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်Compression ကျတဲ့ ဒီဇယ်ကားတွေ၊ စက် နှိုးရထိုင်းပါတယ်။ Compression ကျ တာဟာ ဗားတွေ Ring တွေမလုံ တော့လို့ပါ။
Compression Stroke မှာ ပူ နေတဲ့လေထဲကို ဒီဇယ်နော်ဇယ်ထိပ် ဖျားက ဆီဖြန်းပေးလိုက်တာနဲ့ အလို အလျောက် မီးပေးစနစ်တွေ၊ ပလပ် တွေမလိုပါဘူး။ ဒါပေမဲ့ Heat Plug ခေါ်တဲ့ ွူသတ မီးတော့လိုပါတယ်။ ဒီဇယ်အင်ဂျင်မှာ လောင်စာဆီပို့စနစ် က ဓာတ်ဆီအင်ဂျင်နဲ့ ခြားနားပါ တယ်။ ဒီဇယ် Injection ပန့်နဲ့ နော် ဇယ်ကိုသုံးပါတယ်။ ဒီကနေ့ ခေတ် ပေါ်ဒီဇယ်အင်ဂျင်တွေမှာတော့ Comon Rail Direct Injection စနစ်ကို သုံးပါတယ်။
ဒီဇယ်အင်ဂျင်အကြောင်းတွေ ပြောနေလို့ မပြီးပါဘူး။ အဓိကပြော ပြချင်တာက ကားဆရာတွေ အမြဲ ကြုံတွေ့ရနိုင်တဲ့ ဒီဇယ်အင်ဂျင်ပြဿ နာလေးတွေပါဘဲ။
ဆောင်းရာသီ အလွန်အေးခဲတဲ့ ဒေသတွေမှာ ဒီဇယ်ကားစက်နိုးရတာ ခက်ခဲတတ်ပါတယ်။ ဆောင်းရာသီမှာ သုံးရတဲ့အင်ဂျင်ဝိုင်က ပျစ်နေလို့မရ ပါဘူး။ မာတီဂရိတ်အင်ဂျင်ဝိုင်ကိုသုံး ပါ။ 5TS-20 လောက်ဆို သင့်တော် ပါတယ်။ မာတီဂရိတ်မှာညွန်းတဲ့ “Ts” ဆိုတဲ့ စာလုံးက “TS-inter” ဆောင်း ရာသီကိုဆိုလိုတာပါ။ ရေခဲအမှတ် လောက်အေးခဲနေတဲ့ဒေသမှာ သာမန် အင်ဂျင်ဝိုင် SAE 40 လောက်သုံးထား ရင် အင်ဂျင်ဝိုင်တွေလဲ ပျစ်ခဲနေမှာ သေချာပါတယ်။ မာတီဂရိတ်ဆီက မခဲပါဘူး။ အင်ဂျင်ဝိုင်ရဲ့သဘာဝက အေးရင်ပျစ်ခဲနေမယ်။ ပူလာရင် ဆီ ကျဲသွားမယ်။ ဒါပေမဲ့ မာတီဂရိတ်အင် ဂျင်ဝိုင်မှာ ထပ်ပေါင်းဓာတုပစ္စည်းတွေ ရောစပ်ထားတာကြောင့် အေးတဲ့အ ချိန်မှာ ဆီကျဲနေပြီး ပူလာရင် ဆီပျစ် သွားတတ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် အင်ဂျင်ဝိုင်ကိုသုံးရင် ဒီဇယ် ကားအတွက် သီးသန့်လာတဲ့အင်ဂျင် ဝိုင်ဘဲသုံးပါ။ ဓာတ်ဆီကားမှာသုံးတဲ့ Motor Oil ကိုမသုံးရပါ။ ဓာတ်ဆီနဲ့ ဒီဇယ်မီးလောင်ပေါက်ကွဲတဲ့ဖြစ်စဉ် မတူလို့ပါဘဲ။ ဒီဇယ်ကားမှာ စက်နှိုး ရလွယ်ဖို့ မော်တာနဲ့ ဘက်ထရီပက် ကားကောင်းနေအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ စက်နှိုးမော်တာစနစ်မှာ ဘာအပြစ်မှမရှိအောင် ထိန်းသိမ်းစစ် ဆေးပြုပြင်ထားဖို့လိုပါတယ်။ ဘက်ထ ရီအားကောင်းဖို့လည်း မိုးရေ-အက် ဆစ် Level မှန်ရမယ်။ ဘက်ထရီ ခေါင်းတွေ ဘက်ထရီကေဘယ်ကြို တွေ အဆက်ကောင်းရမယ်။ ဘက် ထရီချာဂျင်စနစ်ကောင်းရမယ်။ ဗဃ။ီဃ ဒိုင်နမို မီးထွက်ကောင်းရမယ်။ ဒီဇယ်ကားမှာသုံးတဲ့ဘက်ထရီက အမ်ပီယာအားကောင်းဖို့အတွက် ပလိပ်ပြားအရေအတွက်များတဲ့ အိုးကြီးကိုသုံးပါ။ ဘက်ထရီလည်း ကောင်းမယ်။ ချာဂျင်အားသွင်းစနစ် လည်းကောင်းမယ်။ မော်တာလည်း ကောင်းမယ်ဆိုရင် ကားသော့လှည့် လိုက်တာနဲ့ မော်တာအားကောင်း ကောင်းနဲ့လည်ပါလိမ့်မယ်။ ဒီဇယ် ကားဆိုတာ ကွန်ပရက်ရှင်နဲ့ စက်နှိုး ရတာကြောင့် စက်နှိုးမော်တာအီနေလို့ မရပါဘူး။ မော်တာအားကောင်း ကောင်းနဲ့လှည့်ပေးနိုင်ဖို့လိုပါတယ်။
မနက်ပိုင်း ကားစက်မနှိုးခင် အင် ဂျင်ဝိုင်တိုင်းပါ။ ရေတိုင်ကီရေဖြည့်ပါ။ Hand Pump ကို တင်းနေအောင်ရိုက် ပါ။ ကားစက်နိုးဖို့အဆင်သင့်ဖြစ်ရင် ဘက်ထရီအားကောင်း၊ မကောင်း ဟွန်းတီးကြည့်ပါ။ မီးကြီးဖွင့်ကြည့်ပါ။ အားလုံး OK ရင် ကားသော့ဖွင့်ပြီး ဂလိုးမီးအပူပေးပါ။ ၂ ကြိမ်လောက် အပူပေးပြီးရင် မော်တာဆွဲပြီးနိုးပါ။ မော်တာလှည့်တာနဲ့ ဒေါက်-ဝူးတစ် ချက်တည်းနဲ့ စက်နိုးရပါတယ်။ မော်တာတစ်ချက်တည်းနဲ့မနိုးနိုင်။ ၂ ခါ၊ ၃ ခါဆွဲပြီးမှ မနိုးချင်နိုးချင်နဲ့ အတော် လေးကို မော်တာဆွဲနေရရင်တော့ အခြေအနေမကောင်းလို့ပါဘဲ။ ဂလိုး မီး Heat Plug တွေမကောင်းတာလား၊ ဂလိုးမီးတိုင်မာ(Timer) မ ကောင်းတာလား၊ Pump ကျနေတာ ပြီလား။ အင်ဂျင် Compression ကျ နေလို့လား။ ချွတ်ယွင်းအားနည်းချက် တစ်ခုခုရှိနေလို့ပါဘဲ။
ဒီဇယ်အင်ဂျင်မှာ မီးပေးစနစ်မပါ တဲ့အတွက် အင်ဂျင်စတင်နိုးချိန်မှာ လုံလောက်တဲ့အပူချိန်ရဖို့ Glow Plug၊ Heat Plug တွေနဲ့ ကြိုတင်အပူ ပေးရပါတယ်။ အင်ဂျင်ဆလင်ဒါတစ် လုံးကို Glow Plug တစ်လုံးစီတပ်ဆင် အပူပေးတယ်။ ၄ လုံးထိုးအင်ဂျင်မှာ Glow Plug ၄ လုံးပါပြီး ၆ လုံးထိုး မှာ Glow Plug ၆ လုံးပါတယ်။ Glow Plug ဆိုတာလည်း သုံးတာကြာလာ ရင် လောင်ကျွမ်းတတ်တယ်။ Plug ၂ လုံးလောက်မကောင်းရင် ဒီဇယ် အင်ဂျင်အနိုးထိုင်းတတ်ပါတယ်။
မနက်ပိုင်းအင်ဂျင်က အေးစက် နေတယ်။ စနိုးတဲ့အချိန်မှာ အပူလိုတယ်။ ဒီလိုအပ်ချက်ကြောင့် ဂလိုး မီးကို တပ်ဆင်ထားတာ။ စက်မနိုးခင် Glow Plug ကို ၅ စက္ကန့်လောက် လျှပ်စစ်စီးစေတာနဲ့ ချက်ချင်းပူတတ် လာပါတယ်။ အင်ဂျင်ကို မော်တာနဲ့ လှည့်လိုက်တဲ့အချိန်မှာ အင်ဂျင်ပေါက် လောင်းခန်းမှာ လေတွေကို ဖိသိပ်မိတယ်။ အင်ဂျင် Compression ဖိ အားရယ် Glow မီးအကူအားတွေ ကြောင့် ပေါက်ကွဲနိုင်တဲ့အဆင့်အထိ အပူချိန်မြင့်တတ်နေတယ်။ ဒီအချိန်မှာ နော်ဇယ်က ဒီဇယ်အမှုန်ကလေးတွေ ဖြန်းလိုက်တာနဲ့ ပေါက်ကွဲပြီး အင်ဂျင် ချက်ချင်းနိုးသွားစေတာဖြစ်တယ်။
ဒီဇယ်ကားတွေမှာ ကားသော့ ဖွင့်လိုက်တာနဲ့ ကွိုင်ပုံသဏ္ဍာန် ှုခသာ လေးနဲ့ Glow မီးနီကလေးလင်းလာ မယ်။ စက္ကန့်ပိုင်းကလေးမှာဘဲ Glow မီးငြိမ်းသွားမယ်။ အဲ့ဒီအချိန်ကျမှ မော် တာကိုလှည်ပါ။ Glow Plug တွေကို Timer က ထိန်းချုပ်ပြီး မီးပေးတယ်။ တခါတလေ Timer မကောင်းရင် ဒါမှ မဟုတ် Relay ကူးမကောင်းရင် Glow Plug ကို မီးမရောက်ဘူး။
ဒီဇယ်ဆီမှာ ရေနဲ့အမှုန်အမွှား အညစ်အကြေးတွေရောပါတတ်တယ်။ ဆီသန့်ဖို့လိုပါတယ်။ ဒီဇယ်စစ်ဘူး ၁ လ သို့မဟုတ် ၂ လတစ်ကြိမ်လောက် အသစ်လဲပေးဖို့လိုပါတယ်။ အရည်အ သွေးညံ့တဲ့ ဒီဇယ်ဆီမှာ ဆာလဖာနဲ့ ဖယောင်းတွေပါဝင်နေပါတယ်။ ဒီအရာတွေက အလွန်အေးတဲ့ရာသီမှာ ဆီ လိုင်းမှာပိတ်နေတတ်ပါတယ်။ အရည် အသွေးကောင်းတဲ့ Ultra Low Sulfur Diesel ဆီကိုသုံးပါ။ ဒီဇယ်ဆီတိုင်ကီ ထဲမှာ ရေတွေနဲ့ မသန့်ရှင်းတဲ့ ဒီဇယ် အနယ်အနှစ်တွေရှိနေရင် အဏုဇီဝ ပိုးမွှားတွေ ရှင်သန်ပေါက်ဖွားနေတတ် ပါတယ်။ ရေနံကိုစားတဲ့ပိုးတွေရှိပါ တယ်။ ဒီပိုးမွှားတွေက ရေနံထွက် ပစ္စည်းတွေထဲမှာ အသက်ရှင်နေထိုင် ပြီး အကျိအချွဲတွေထုတ်လုပ်ပါတယ်။ ဒီအကျိအချွဲတွေကြောင့် ဒီဇယ်ဆီဟာ ပိုပြီးညစ်ပတ်သွားပါတယ်။ မကောင်း တဲ့အနံ့ဆိုးတွေထွက်ပါတယ်။ အဲ့ဒီအ ကျိအချွဲတွေနဲ့ ဒီဇယ်အနယ်အနှစ်တွေ က ဒီဇယ်ဆီပိုက်လိုင်းထဲမှာ ကော် စေးလိုကပ်တွယ်ပြီး ဒုက္ခပေးတတ်ပါ တယ်။ ဆီတိုင်ကီထဲမှာ ပိုးမွှားတွေမ ပေါက်နိုင်အောင် Biocide လို ပိုး သတ်ဆေးသုံးရပါတယ်။ ဒီဇယ်တိုင် ကီကိုလည်း ဖြုတ်ဆေးဖို့လိုပါတယ်။
ဆီလိုင်းထဲမှာ လေခိုနေရင်၊ စက် ထိုးရပ်သွားတတ်ပါတယ်။ Hand Pump ရိုက်ပြီး ဆီလိုင်းထဲကလေတွေ ကို လေချူပေါက်ကနေ ချူထုတ်ပေးရ ပါတယ်။
Air Cleaner ပိတ်ပြီး အင်ဂျင် လေငတ်ရင် အင်ဂျင်ဆွဲအားကျပါ တယ်။ မီးခိုးမဲတွေလည်းထွက်တတ် ပါတယ်။ Injection Pump Timing မမှန်ရင်လည်း ဒီဇယ်မီးခိုးထွက်တတ် ပါတယ်။ နော်ဇယ်တွေမကောင်းရင် လည်း မီးခိုးထွက်တတ်ပါတယ်။ ဒီဇယ်အင်ဂျင်အဆွဲအရုန်းကျမယ်၊ အ ထမကောင်းဘူး၊ မီးခိုးလိုက်တဲ့ပြဿ နာတွေရှိရင် ကျွမ်းကျင်တဲ့ဒီဇယ်ဆား ဗစ်ဆိုင်မှာ ပြသပါ။ Common Rail Diesel ကားတွေမှာတော့ ကွန်ပျူတာ နဲ့ ထိန်းကျောင်းတာကြောင့် အပြစ် ရှာမယ်ဆိုရင် ကွန်ပျူတာG-Scan Tool နဲ့ ရှာရပါတယ်။ ဆီအရည်အ သွေးမကောင်းတဲ့အတွက် Nozzle ထိပ်တွေ Injector ထိပ်တွေမှာ ဒီ ဇယ်ဗားနစ်(Varnish) တွေဖြစ်ပြီး ဆီဖြန်းတဲ့ပုံစံကို ပျက်စီးစေပါတယ်။ ဒီဇယ်ကားမှာ ဆီသန့်ဖို့၊ ချက်ဆီတွေ ရောမပါဖို့ ဆာလဖာပါဝင်နှုန်းနည်းဖို့ လိုပါတယ်။ Diesel Treatment ကို တခါတရံသုံးပေးပါ။
Credit-ဆရာ KMA(သိပ္ပံနှင့်နည်းပညာ) 🖋🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay