Knowledge is Power

Knowledge is Power

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge is Power, Health/Beauty, Mandalay, Mandalay.

Photos from DedaaBox's post 13/09/2022
13/09/2022

ကမ်းတက်.........

သေချာတာက
မေခလာမကယ်ဘူး။

ကိုယ့်ဘာသာကူး
မကူးရင်မြုပ်
မမြုပ်ရင်မျော
အမြုပ်အမျောမခံ
မနက်ဖြန်အရုဏ်
ကမ်းပေါ်ဆုံစို့
ယုံကြည်မှုကဒို့အသက်။

ယုံကြည်ချက်မသေပါ
မေခလာမကယ်ပဲကမ်းတက်မယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)
9/9/2022

(ဆရာမောင်စိန်ဝင်း'(ပုတီးကုန်း)Page'မှCopy'ပါရှင်)

02/09/2022

" ကိုကိုရေ သဲတို့ချစ်နေတာကို သိသွားပြီ "😜

" အိမ်က သိသွားတာလား "

" မဟုတ်ဘူး "

" ဒါဖြင့် ဘယ်သူသိသွားတာတုန်း "

" သဲ ယောက်ျားသိသွားတာ "

" ဘာ မင်းက ယောက်ျားရှိတယ်ဟုတ်လား "

စဉ်းစားကြည့်ဗျာ! ဒီမိန်းမ ဘယ်လောက်တောင်လည်း ဆိုတာ ယောက်ျားရှိရက်နဲ့ လူကိုလာတွဲတာ .. ကျုပ်မှာ မျက်လုံးတောင် ပြာသွားတယ် ..

" မဟုတ်ပါဘူး ခုဘ၀ ယောက်ျားမဟုတ်ဘူး အရင်ဘ၀က ယောက်ျား "

" ငင် ဘယ်လို "

" သဲက နဂါးသိုက်ကလေ "

" ငှယ် ဘယ်လို "
ကျုပ်ရည်းစားက သူ့အမေ ဘယ်လိုတွေ
ပုံသွင်းထားမှန်းကိုမသိတာ ..
နတ်တွေဆို သိပ်ယုံတာ ..
ဘယ်နတ်ကွန်းမှ မြင်လို့မရဘူး ..
ပြေးကန်တော့တာ ... ခုလည်းကြည့်!
နဂါးသိုက္ကတဲ့

" ဟုတ်တယ် သဲအရင်ဘ၀က နဂါးသိုက်က
ယောက်ျားက ကိုကိုနဲ့ချစ်တာသိသွားပြီ "

" သိတော့ ဘာဖြစ်တုန်း "

" အာ့သူက စိတ်ဆိုးပြီး သဲတုိ့နှစ်ယောက်ကို ခွဲမယ်တဲ့ "

" ဘယ်လိုခွဲမှာတုန်း "

" သဲကို ပြန်ခေါ်သွားမှာပေါ့ "

" ဘယ်ခေါ်သွားမာတုန်းဟ "

" နဂါးသိုက်ပေါ့ "

" အယ် မိုက်တာပေါ့ .. ဘယ်နားမာတုန်း
ဝေးလား ဖလိုက်နဲ့ ခေါ်မယ်တဲ့လား "

" အာ မဟုတ်ဘူး သေအောင်လုပ်ပြီး ခေါ်မာ "

" တိန် အာ့လိုကြီးလား .....
အာ့ဆို ဘာလို လုပ်ကြမတုန်း "

" သဲ လည်းသိဘူးလေ "

" ဒီလိုလုပ်ပါလား ကိုကို့ကို မိန်းကလေးပါလို့
လိမ်လိုက်လေ ... မိန်းကလေး အချင်းချင်း
တွေ့နေတာပါဆို ယုံသွားမှာပေါ့ "
ကိုယ်တွေက ဥာဏ်ကောင်းပလိုက်တာ

" အာ့လိုလုပ်လို့ရပါ့မလား နတ်နဲ့ နဂါး
မလှည့်စားကောင်းဘူးတဲ့ "
ကျုပ်လည်း ပြဿ နာအေးရင် ပြီးရော လုပ်ပလိုက်တာ

" ပြောလိုက်ပါ နောက်တစ်ခါလာမေးရင် အာ့တိုင်း "

နောက်နေ့ကျ ဖုန်းလာတယ် ညဘက်ကြီး
" ကိုကိုရေ အရင်ဘ၀က မောင်တော်ကလေ
အိမ်မက်ပေးတယ် .သူက မယုံလို့လာ ကြည့်မယ်တဲ့ .. အာ့ကိုကို ဒီည မိန်းမလို ၀တ်အိပ်နော် "

" တိန် မိန်းမလို၀တ်ရမယ် "

" အင်းလေ ဒါမှယုံမှာပေါ့......
သဲကိုချစ်ရင် လုပ်ပေးပါ ကိုကိုရယ် "

" အင်းပါ "
ကျုပ်မှာ ပထမဆုံး အိမ်က ညီမ အ၀တ်တွေ
သွားခိုးရတယ် .. ပြီးတော့ အခန်းတံခါးပိတ်
၀တ်ပြီး မှန်ထဲကြည့်နဲ့ အောင်မလေး....
ကွကိုယ်တောင် လန့်တယ် .. မ်ိန်းမနဲ့ လားလားမှ
မတူဘူးကိုး .. ကျုပ်လည်း မထူးပါဘူး ဆိုပြီး အိမ်က လိမ္မော်သီး ၂ လုံးခိုး ရင်ဘတ်ထဲ ထည့်ကြည့် ..

အလဲ့! အာ့ကျတော့ ကိတ်သွားတယ်ဗျား ... ဒါပေမယ့် ဖင်က ပြားနေသေးသကိုး ရတယ်လေ ... ခေါင်းအုံး အသေးလေး ထည့်ပလိုက်တယ် ... အမယ် ကိတ်ချက်ပဲ ကွကိုယ်တောင် မှန်ထကြည့်ပြီး ပစ်မှားချင်စိတ် ပေါ်တယ် ... ငါ့နှယ်

မထူးပါဘူး အာ့လိုနဲ့ ညအိပ်လိုက်ရော ... မနက်ကျ ဖုန်းလာပါလေရော ...
" ကိုကိုရေ ညက အိမ်မက်ပေးတယ် သိလား "

" အင်း ဘာတဲ့တုန်း "

" ကိုကိုက မိန်းကလေးဆိုတာ ယုံသွားပြီတဲ့ "

" အလဲ့ မိုက်တာပေါ့ ဒါဆိုပြီးပြီပေါ့နော် "

" ဒါပေမယ့်လေ သူက အခုသဲကို
မယားအဖြစ်က စွန့်လိုက်ပြီတဲ့ "

" အာ့ကောင်းတာပေါ့ ကိုကိုနဲ့ပဲ အဟီ "

" မဟုတ်ဘူး သူက သဲကိုပစ်ပြီး ကိုကို့ဆီ လာမို့တဲ့ "

" ဘာ "

" ကိုကို့ကို ညက လာကြည့်တော့ သူ
သဘောကျ သွားလို့တဲ့ ကိုကို့ကိုပဲ ယူတော့မယ်တဲ့ "

အမလေးဗျ နတ်က ကျုပ်ယူတော့မယ်တဲ့ ...
လုပ်ကြပါအုန်းဗျာ ... ညကလာကြည့်ပြီး လိမ်မ္မော်သီးကို အစစ်ကြီး ထင်သွားတာလား မသိ .. ခေါင်းအုံးကြီးကို ကိတ်တယ် ထင်သွားတာလားမသိ .. ငါ့နှယ်

နောက်နေ့ကစပြီး အိပ်တာတောင် ကောင်းကောင်း
မအိပ်ရဲဘူး .. အိပ်နေတုန်း နတ်က ဟိုဒင်းပြုမာ
ကြောက်လို့ ... နတ်က ဟွာပြုပါတယ်လို့ ဘယ်နားမှ
လည်း သွားတိုင်လို့မရနဲ့ ... ကျုပ်ရည်းစားကိုပါ ကြောက်လို့ သွားမတွေ့ရဲတော့ဘူး ... မကျိန်းသင့်တဲ့ နေရာတွေ ကျိန်းကုန်လို့ ...

ခင်ညားတို့လည်း ချစ်သူက ဘယ်သိုက်က
ညာသိုက်က ပြောလို့ကတော့ ပြေးသာပြေး
မဟုတ်ရင် ကျုပ်လို လိမ္မော်သီးတပ်ပြီး
ကိတ်တယ်ထင်လို့ လာဝုန်းခံနေရမယ် ..
အာ့ကြောင့် လူကြီးတွေပြောတာ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့ ....
🤣🤣🤣

Credit to original writer.
#စုံစီနဖာ

22/08/2022
Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay
Mandalay