GreenCycle
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GreenCycle, Mandalay.
31/08/2021
[ရေကြီးမှုနှင့်အဆိပ်ရှိသတ္တဝါအန္တရာယ်]
_____________________________________
မင်္ဂလာပါ 🙋♂️
🐍 မိုးရာသီ ရေကြီးရေလျှံတဲ့အခါ ကြုံတွေ့ရတတ်တဲ့ မြွေအန္တရာယ်များကို ပြောပြပေးပါမယ်။
နှစ်စဥ်နှစ်စဥ် ဇူလိုင်လနှင့်သြဂုတ်လဆန်းပိုင်းတွေမှာ မြန်မာပြည်နေရာအနှံ့အပြား၊မြစ်ဝကျွန်းပေါ်ဒေသများ၊မြစ်ချောင်းအင်းအိုင်တစ်လျောက်ကမြို့ရွာများမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပေါ်ေလ့ရှိပါတယ်။
အဲ့ဒီအခါ တွားသွား သတ္တဝါတွေနဲ့အင်းဆက်ပိုးမွားတွေဟာလည်း ဘေးလွတ်ရာကို ရှောင်တိမ်းတတ်ကြပြီး လူနေအိမ်တွေ၊ အမှိုက်ထူထပ်တဲ့ချုံတွေ၊သစ်ပင်တွေမှာ ခိုအောင်းနေတတ်ကြပါတယ်။အဆိပ်ရှိအင်းဆက်ပိုးကောင်တွေနဲ့မြွေတွေပါလာနိုင်တာမလို့ သတိထားရပါမယ်။
📈📈 ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ မြွေကိုက်ခံရသူပေါင်း နှစ်စဥ် ၁၀,၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။အဲ့ဒီထဲကမှ ၁၀%ဟာ အရေးပေါ်ကုသမှုမရတာရယ်၊ကာကွယ်ဆေးမထိုးနိုင်တာရယ်ကြောင့် သေဆုံးကြရပါတယ်။မှတ်တမ်းများအရ မိုးရာသီမှာ မြွေကိုက်ခံရနှုန်းပိုမိုမြင့်တက်လေ့ရှိပါတယ်။
ဒါဆိုရင် မြန်မာပြည်မှာအများဆုံးတွေ့ရတဲ့ အဆိပ်ပြင်းအင်းစက်တွေအကြောင်းကို သတိထားနိုင်ဖို့ပြောပြပေးပါမယ်။
🐍မြွေပွေး
မြွေပွေးကိုနေရာအတော်များများမှာတွေ့ရတတ်ပြီးတော့ သူ့ရဲ့အဆိပ်ဟာ လူခန္ဓာကိုယ်သွေးခဲတဲ့စနစ်ကို ပျက်စီးစေပါတယ်။ထို့ကြောင့် မြွေပွေးကိုက်ခံရပါက ဦးနှောက်နဲ့အစာလမ်းကြောင်းတွေမှာ သွေးယိုစိမ့်ခြင်း၊ ဆီထဲမှာသွေးပါပြီး ကျောက်ကပ်ပျက်စီးခြင်းတွေအထိဖြစ်နိုင်ပါတယ်။
🐍မြွေဟောက်
မြွေဟောက်ဟာလည်း နေရာတော်တော်များများမှာတွေ့ရတာဖြစ်ပြီး ကိုက်ခံရပါက အဆိပ်ဟာအာရုံကြောစနစ်တစ်ခုလုံးကိုထိခိုက်စေနိုင်တာကြောင့် လူနာကမှိန်းလာပြီး အာရုံခံစားမှုမရှိတော့တာမျိုး၊ အာရုံကြောများပျက်စီးကာ ကြွက်သားတွေထုံကျင်လာတာမျိုးအထိဖြစ်နိုင်ပါတယ်။အသက်ရှူခြင်းနှင့် အဆုတ်ကိုပါ ထိခိုက်နိုင်ပါတယ်။
🦂 ကင်းမြီးကောက်
ကင်းမြီးကောက်တွေဟာ အပူပိုင်းဒေသမှာ အများဆုံးနေထိုင်ကြပေမယ့် အမှန်စင်စစ် နေစူးမှာကြောက်ကြတဲ့သတ္တဝါတွေပါ။စိုစွတ်တဲ့နေရာ၊အပင်ထူထပ်သောနေရာနှင့် ကျောက်ကြိုကျောက်ကြားများမှာ ပုန်းအောင်းတတ်ပါတယ်။ညဘက်မှသာ လန်းဆန်းလာပြီး အစာရှာထွက်တတ်တာဖြစ်ပါတယ်။အကိုက်ခံရရင်တော့ အဆိပ်ပြင်းထန်မှုကိုလိုက်ပြီး မူးဝေအော့အန်တာကနေ သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ကိုက်ခံရတဲ့နေရာတဝိုက် ရောင်ယမ်းနာကျဥ်ခြင်း၊ထုံခြင်း၊ကိုက်ခြင်း၊ကြွက်သားများသေဆုံးခြင်း၊နှလုံးကြွက်သားများအထိ ထိခိုက်ခြင်း၊ဆီးအတွင်းသွေးပါခြင်းတွေပါ ဖြစ်နိုင်ပါတယ်။
🐛 ကင်းခြေများ
ကင်းခြေများတွေဟာ လူကိုတော်ရုံနဲ့အန္တရာယ်မပြုကြပေမယ့် သူတို့ကိုနင်းမိရင်တော့ ပြင်းထန်တဲ့အဆိပ်တွေနဲ့ ထိုးနှိုက်တိုက်ခိုက်တတ်ကြပါတယ်။ခြုံထူထပ်တဲ့နေရာတွေ၊ရွံ့မြေပေါတဲ့နေရာတွေနှင့် ဂိုထောင်များ၊ကျောက်တူံးများအောက်တွေမှာ ရှင်သန်နေထိုင်ကြပြီး ညဖက်မှာ လှုပ်ရှားတတ်ကြပါတယ်။အကိုက်ခံရရင် မူးဝေအော့အန်တာအပြင် Allergic ထခြင်း၊ကြွက်သားများထိခိုက်ခြင်းကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
🙆♂️ ဒါကြောင့် ကိုယ့်ဒေသမှာ ရေကြီးရေလျှံမှုဖြစ်ရင် အဆိပ်ရှိသတ္တဝါအန္တရာယ် သတိထားကြဖို့ Greenersတို့ကို သတိပေးပါရစေနော်
29/08/2021
[ရေကြီးမှုဖြစ်နေစဉ်အတွင်းဆောင်ရန်ရှောင်ရန်အချက်များ]
__________________________________
မင်္ဂလာပါ
ဒီနေ့မှာတော့ ရေကြီးမှုဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက် ဆောင်ရန်ရှောင်ရန်များကို မျှဝေပေးမှာပဲ ဖြစ်ပါတယ်။
🔰 ရေကြီးမှုဖြစ်နေစဉ်အတွင်းမှာ သန့်စင်ပြီးသား ရေသန့်ကိုသာ အသုံးပြုသင့်ပါတယ်။ Municipal ကနေ လွှတ်ပေးလိုက်တဲ့ ရေတွေက အပေါ်ယံအမြင်အရ သန့်ရှင်းနေပေမယ့်လည်း ရေကြီးရေလျှံခြင်း သက်ရောက်မှုတွေနဲ့ ညစ်ညမ်းနေနိုင်ပါတယ်။ ဒါ့ကြောင့် သန့်စင်ပြီးသား အသင့်သောက်သုံးရေ သို့မဟုတ် ကျိုချက်ထားသောရေကိုသာ အသုံးပြုသင့်ပါတယ်။ အလွန်နောက်ကျိနေတဲ့ ရေများကိုတော့ ရေFilterများနဲ့ သန့်စင်ပြီးမှသာ ကျိုချက်တာ သို့မဟုတ် Chlorine ခပ်ပြီး သောက်သုံးသင့်ပါတယ်။
🔰 မိမိတို့စားသုံးမယ့် အသီးအနှံများကိုလည်း ကျိုချက်ပြီးသား ရေနှင့်သာ ဆေးကြောပြီး စားသုံးသင့်ပါတယ်။ ရေကြီးထားသော ရေနှင့်ထိတွေ့ထားတဲ့ အစားအစာများကို စွန့်ပစ်သင့်ပါတယ်။ မိမိအိမ်မှာရှိတဲ့ ရေခဲသေတ္တာကလည်း Flood Waterနဲ့ ထိတွေ့ထားတယ်ဆိုရင် သိမ်းထားတဲ့ အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ရပါမယ်။
🔰 မိမိအိမ်ပတ်ဝန်းကျင်မှာ ရေကြီးမှုတွေကြုံနေရပြီ ဆိုရင်လည်း တတ်နိုင်သမျှ ရေနဲ့ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အကယ်၍ ထိခိုက်ဒဏ်ရာ ရှိထားတယ်ဆိုရင်တော့ ဒဏ်ရာကို ပိုးမဝင်နိုင်အောင် စနစ်တကျ သန့်ရှင်းပြီး ဖုံးအုပ်ထားရပါမယ်။
🔰 ရေကြီးရေလျှံ ဖြစ်နေစဥ်အတွင်း ကလေးငယ်များကို ရေထဲပေးဆော့ခွင့် မပြုသင့်ပါ။ တဖြည်းဖြည်း စီးနေတဲ့ ရေပင်လျှင် ကလေးငယ်များ ခြေထောက်လွတ်သွားနိုင်ပြီး ရေနဲ့အတူမျောပါသွားခြင်းများ ဖြစ်တတ်ပါတယ်။ ရေထဲမှာ ပုလင်းကွဲများ ပစ္စည်းအပိုင်းအစများ မျောပါလာနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာ ရနိုင်တဲ့အပြင် အရေပြားရောဂါများ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မိမိတို့ရဲ့ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းများကို ညစ်ညမ်းနေသောရေ၊ ထိုရေနှင့်ထိတွေ့ထားသော ပစ္စည်းများ၊ လက်များနှင့် ထိတွေ့ခြင်းများကို တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။
🔰 မိမိတို့ရဲ့ လက်များကိုလည်း ဆပ်ပြာ၊ သန့်ရှင်းသောရေဖြင့် အကြိမ်ကြိမ် ဆေးပေးသင့်ပါတယ်။ အထူးသဖြင့် ရေချိုးခန်း၊အိမ်သာ အသုံးပြုပြီးနောက် (သို့) အစာမစားခင် (သို့) flood water နှင့်ထိထားသော ပစ္စည်းများကို ထိတွေ့ပြီးနောက် လက်ကို သန့်စင်အောင် ဆေးကြောပေးရပါမယ်။
🔰 အိမ်ရဲ့ Main မီးခလုတ်များကို ပိတ်ထားသင့်ပါတယ်။ မသုံးခင်မှာ ရေကြီးနေစဉ်အတွင်း ရေနဲ့ထိတွေ့ထားတဲ့ ခလုတ်များကို ခြောက်သွေ့မသွေ့ စစ်ဆေးပြီးမှသာ အသုံးပြုသင့်ပါတယ်။
🔰 လေဝင်လေထွက် ကောင်းဖို့အတွက် ပြတင်းပေါက်များကို ဖွင့်ထားပြီး စိုစွတ်ထားသော အရာများကို ခြောက်သွေ့အောင်ပြုလုပ်ပါ။ စိုစွတ်နေသောပစ္စည်းများကို ရေနွေးနွေးလေးနှင့် ရောစပ်ထားတဲ့ ဆပ်ပြာရေ သို့မဟုတ် ပိုးသတ်ဆေးရည်များကို အသုံးပြုနိုင်ပါတယ်။ ကော်ဇော၊ အိပ်ယာအခင်းများကတော့ ခြောက်သွေ့ဖို့နဲ့ သန့်ရှင်းဖို့ မလွယ်ကူနိုင်တဲ့အတွက် စွန့်ပစ်လိုက်ခြင်းဟာ အကောင်းဆုံးပါ။ သို့ပေမယ့်လည်း ရေစိုတဲ့ပမာဏနည်းရင် Mild detergent လိုဆပ်ပြာမျိုးနဲ့ လျှော်ဖွပ်ပြီး သန့်စင်နိုင်ပါတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရေကြီးမှုအမျိုးအစားများ အကြောင်းကို ဖတ်ချင်ရင်တော့ ဒီLinkကနေတဆင့် ပြန်လည်ဝင်ဖတ်နိုင်ပါတယ်။
https://www.facebook.com/103395561542784/posts/309076400974698/?d=n
နောက်ရက်မှာတော့ ရေကြီးရေလျှံတဲ့အခါ ကြုံတွေ့ရတတ်တဲ့ မြွေအန္တရာယ်အကြောင်းကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Stay Tuned
11/01/2021
မင်္ဂလာပါ
သင်ရော ပလတ်စတစ် အသုံးပြုမှုကို လျော့ချနေသူ တစ်ဦးလား?
မြန်မာနိုင်ငံမှာ သဘာဝအလျောက် မပြိုကွဲနိုင်တဲ့ အမှိုက်တွေဖြစ်တဲ့ Inorganic Waste အမှိိုက်ထွက်ရှိမှုနှုန်းရဲ့ 55% ဟာ ပလတ်စတစ် အမှိုက်တွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ တစ်နေ့တာ အမှိုက်ထွက်မှုပမာဏက 12,000 တန်ချိန်ရှိပြီး ပြန်လည် အသုံးပြုနေတဲ့ ပမာဏကတော့ 2,600 တန်ချိန်ပဲရှိပါတယ်။ ပြန်လည်အသုံးပြုနေတဲ့ ပမာဏက စုစုပေါင်း အမှိုက်ထွက်နေတဲ့ ပမာဏရဲ့ 15% သာရှိပါတယ်။
ပလတ်စတစ်နဲ့ လုံးဝမကင်းကွာနိုင်သေး ပေမယ့်လည်း ပလတ်စတစ်အသုံးပြုမှု လျော့ချနိုင်အောင် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ပြီး ယူဆောင်သွားရမလဲ ဆိုတာကို အောက်က ကာတွန်းပုံလေးတွေနဲ့ ကြည့်ကြရအောင်…..
သင်ဟာ ပလတ်စတစ် လျော့ချရေးမှာပါဝင်နေသူ ဖြစ်နေပြီဆိုတာနဲ့ မလုံလောက်သေးပါဘူး❗သင့်ရဲ့ Community မှာရှိနေတဲ့ သူငယ်ချင်း မိတ်ဆွေများကိုပါ လှုံ့ဆော်ပေးဖို့လည်း တာဝန်ရှိပါတယ်။ ယခု Post ကို Share ပြီး သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေများကိုပါ ပလတ်စတစ်လျော့ချသုံးဖို့ လှုံ့ဆော်လိုက်ပါ👏🏻
Source - Data များနဲ့ Awareness Cartoon ပုံများကို Thant Myanmar မှကူးယူ ဖော်ပြပါသည်။
Mingalarbar
Are you the one who is reducing the use of plastic?
In Myanmar, plastic waste accounts for 55% of the amount of inorganic waste. The daily output is 12,000 tons and the recyclable volume is only 2,600 tons. Recycling accounts for only 15% of total waste.
Although it is not completely different from plastic, let's take a look at the cartoons below to see how to prepare and take it to reduce the use of plastic… ..
It is not enough that you are already involved in plastic reduction ❗ You also have a responsibility to motivate your friends in your community. Share this post and motivate your friends to use less plastic.👏🏻
Data and Awareness Cartoon Source - Thant Myanmar
Click here to claim your Sponsored Listing.
Contact the school
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |