Burma Institute for Rural Development

Burma Institute for Rural Development

Share

Burma Institute for Rural Development (BIRD) is a youth-led non profit organization in Central Myanmar.

19/03/2026

'Webinar Announcement for our prospective applicants'

Rural Youth Pathways Bridge Program (RYPB) ကို လျှောက်ထားဖို့ စိတ်ဝင်စားကြတဲ့ လူငယ်များအားလုံး မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ Burma Institute for Rural Development (BIRD) ကနေ 'Rural Youth Pathways Bridge Program (RYPB)' မှာ ပါဝင်နိုင်ဖို့ ပထမဆုံးအဆင့်ဖြစ်တဲ့ 'Referral Form' ကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ Referral Form စတင် မိတ်ဆက်ပြီး ချိန်မှစ၍ စိတ်ဝင်စားသူ လူငယ်များစွာ ထံကနေ စုံစမ်းမေးမြန်းမှုများစွာကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။

RYPB program အပေါ် လူငယ်များရဲ့ စိတ်၀င်စားမှုနဲ့ ပါ၀င်ရန် စိတ်အားထက်သန်မှု‌တွေကို တွေ့မြင်ရတဲ့ အတွက်လည်း ကျွန်တော်တို့အဖွဲ့သားများအားလုံးက အထူးပင် ဝမ်းမြောက်ရပါတယ် ခင်ဗျာ။

RYPB program ကို အောင်မြင်စွာ လျှောက်ထားနိုင်ဖို့၊
ကျွန်တော်တို့ရဲ့ လူငယ်‌လေးတွေ သိချင်နေကြတဲ့ မေးခွန်းတွေကို BIRD အဖွဲ့သားများက‌နေ ရှင်းရှင်းလင်းလင်း ဖြေဆိုပေးမယ့် 'Zoom LIVE Webinar' ကို လာမည့်တနင်္လာနေ့တွင် ပြုလုပ်‌ပေးသွားမှာ ဖြစ်ပါတယ်။

Webinar တွင် ပါဝင်ဖို့အတွက် စာရင်းပေးသွင်းရမှာဖြစ်ပြီး၊ မေးလိုတဲ့ မေးခွန်းများလည်း ချန်ခဲ့ပေးဖို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။

အစီအစဉ်အသေးစိတ် -

ရက်စွဲ - မတ်လ ၂၃ ရက် (တနင်္လာနေ့)

အချိန် - ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီအထိ (မြန်မာစံတော်ချိန်)

အခုပဲ စာရင်းပေးသွင်းပြီး RYPB program မှာ ပါ၀င်နိုင်ဖို့ ခြေလှမ်းစလိုက်ကြပါစို့ခင်ဗျာ။
စာရင်းပေးသွင်းရန်လင့်ခ် - https://forms.gle/Lv83Akf7vRFW75Ce6

English Version

Webinar Announcement: Rural Youth Pathways Bridge Program (RYPB)

Hello to our prospective applicants!

The Burma Institute for Rural Development (BIRD) recently introduced the 'Referral Form' as the first stage of joining the Rural Youth Pathways Bridge Program (RYPB). Since its release, our team has received many inquiries from interested applicants. We are thrilled to see such passion and enthusiasm from so many promising young leaders!

To provide clear and complete guidelines for a successful application, our team is hosting a 'Zoom LIVE Webinar' this coming Monday.

Tap the registration button below to secure your spot!

Event Details:
Date: 23 March (Monday)

Time: 7:00 - 8:30 PM (Myanmar Time)

Registration Link: https://forms.gle/dSwxeYW8Yr9dDUCp6

30/01/2026

BIRDsလေးတွေရဲ့ ခြေလှမ်းအစ🕊️

ဒီဗီဒီယိုမှာတော့ တာဝန် အသီးသီးယူထားရင်း ထိုင်း-လာအို နယ်စပ်မှာ စေတနာ့ဝန်ထမ်းအဖြစ် ရောက်ရှိနေကြတဲ့ အဖွဲ့တော်သားတွေက BIRD ရဲ့ LOGO Stamp လေးတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ထားကြပါတယ်။

ဒီဗီဒီယိုထဲမှာ ပါဝင်တဲ့ Stamp Making activity ကလည်း စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဗီဒီယို‌လေးမှာ လက်လုပ် LOGO Stamp လေးတွေကို ဘယ်လို ဖန်တီးခဲ့ကြလဲဆိုတာကိုလည်း မျှဝေသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။

BIRD အဖွဲ့တော်သားများ

Stay tuned for the upcoming video clip how to create handmade LOGO Stamp❗

Want your organization to be the top-listed Non Profit Organization in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay