Ba Oo Collection

Ba Oo Collection

Share

ဟိုတစ်စ ဒီတစ်စ ရောက်တတ်ရာရာ စိတ်ကူး?

Photos from Ba Oo Collection's post 04/04/2024

ဓာတ်ပုံဆုရ ပန်းအိုး Vintage Chinese Cloisonne Vase .....

ဒီ ပန်းအိုးလေးက ကျနော့်ဘဝမှာ ဆုအဖြစ်ရရှိတဲ့ပန်းအိုးလေးပါ။ အဲဒီဆုရခဲ့တာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ကျနော် အထက်တန်းကျောင်းသားတုန်းကပါ။ တရုတ်နိုင်ငံက ဦးစီးကျင်းပတဲ့ နိုင်ငံတကာလူငယ်ဓာတ်ပုံပြိုင်ပွဲမှာ ဒုတိယဆုနဲ့ အကောင်းဆုံးဓာတ်ပုံဆုကို ရရှိခဲ့တဲ့အတွက် ဆုအဖြစ်ပေးတဲ့ အဲဒီပန်းအိုးကို ရခဲ့တာဖြစ်ပါတယ်။ တရုတ်ပန်းအိုးစစ်စစ်Vintage Chinese Cloisonne Vase ပါ😁။

အဲဒီကာလက ကျနော်တို့မိသားစုအတွက် နေစရာ အတည်တကျမရှိခဲ့တဲ့ အချိန်ကာလဖြစ်ပြီး အိမ်ငှားဘဝနဲ့ အိမ်တွေပြောင်းနေရတာဆိုတော့ အဲဒီပန်းအိုးကို အသိမိတ်ဆွေအိမ်မှာ သွားအပ်ထားတာ ဆယ်စုနှစ်တစ်ခုမကပါဘူး။ တကယ်တော့ ဒီပန်းအိုးကို ပစ်ထားတာ အတော်ကြာပါပြီ။ မေ့နေတယ်လို့ကို ပြောရမှာပါပဲ။

ဒီဘက်လပိုင်းမှာမှ ဂျပန်ပန်းအိုးပိုးထပြီး ကြေးကြွေပန်းအိုး အသံ တော်တော်လေး ကြားလာခဲ့ပြီးမှ အဲဒီပန်းအိုးကို သတိရပြီး ပြန်သွားရှာမိတယ်။ တစ်ပတ် ဆယ်ရက်မက ဘယ်မှာထားမိလဲဆိုပြီး စဉ်းစားတာ စဉ်းစားလို့ကို မရခဲ့ပါဘူး။ ပစ္စည်းပေါင်းစုံကို အသိမိတ်ဆွေ ဆွေမျိုးအိမ်တွေမှာ နည်းနည်းချင်းသွားအပ်ထားတာဆိုတော့ ဘယ်ပစ္စည်းကို ဘယ်အိမ်မှာ အပ်ထားမှန်းမမှတ်မိတာပါ။ အဲဒီထဲမှာ ဘွဲ့လက်မှတ်တောင်ပါသေးတယ်။ ဘွဲ့လက်မှတ်မရှိတော့ ကိုယ့်ကိုကိုယ်တောင် ဘွဲ့ရမဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့အထိပါပဲ။ တစ်ချို့ပစ္စည်းတွေဆိုရင် ဒီအတိုင်း မတုန်မလှုပ် ဆယ်စုနှစ်လောက်ထားတော့ ပျက်စီးကုန်တယ်။ ဒီရက်ပိုင်းမှာ အစ်ကိုတစ်ယောက်နဲ့ စကားစပ်မိရင်း ဆုရထားတဲ့ပန်းအိုးတစ်လုံးရှိတယ်။ ဘယ်မှာထားမိမှန်းမသိဘူးလို့ ပြောလိုက်တော့မှ သူကသတိရပြီး ထားတဲ့နေရာကနေ ရွေ့ထားတာကို သူသတိထားမိလို့ အခုလိုပြန်တွေ့ရတာပါ။ ဂျပန်လိုက်ဖ်ထဲက လုရသလိုပါပဲ။ ပိုင်ရှင်မှန် ဥစ္စာမှန်တော့ ရောက်လာသလို။ ပြန်တွေ့တော့ ပလတ်စတစ်နဲ့ ထုတ်ထားလို့ တော်သေးတယ်။ အပြင်ပလတ်စတစ်က ဖုန်အလိမ်းလိမ်းနဲ့ ကိုင်လိုက်တာနဲ့ ကြွေကျသွားလောက်အောင် ဖြစ်နေပါပြီ။

ဒီပန်းအိုးလေးက ကိုယ့်ဘဝရဲ့အမှတ်တရတွေထဲက တစ်ခုဖြစ်နေတော့ တန်ဖိုးဖြတ်မရဘူး ………………

Want your business to be the top-listed Photography Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay